cosmos-galaxy-girl-window-Favim.com-595027
တိတ်ဆိတ်တဲ့ ဟောဒီည
လပြည့်ည မဟုတ်တဲ့
အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့…
ပြတင်းပေါက်က ကျလာတဲ့
မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့်
ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်….
အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ
အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ
သူတို့ဘ၀တွေက ကျေနပ်ချင်စရာ
သြော်…
ငါ့ဘ၀နဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘ၀ ပြည့်စုံခဲ့ရင်…..

မနောဖြူလေး

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။