တုံးအအ ယောင်္ကျား

အပြုံးများအောက်မှာ

မလှုပ်သာပဲ

မက်ဆဲစိတ်ကူး ရူးနေဘဝမှာ

ကျေနပ်စွာ ၊

ပြုံးစစမိန်းမ

ထိန်းပြတဲ့ မာယာကြား

များစွာ ပုရိသ

သက်ဆင်းကျလာ ကျော့ကွင်းမှာ ၊

ထိုသို့သောအခါ

မာယာများရှင် လွန်ပျော်ရွှင်သွား

တွေ့လား ကိုးဖြာ သဲမာယာတဲ့

အိုဘယ့် ပုရိသ ခံလိုက်ရ ၊

သို့လေသော်လည်း ထိုငနဲတွင်

ချေခြင်လက်စား စိတ်ကားအပြည့်ရှိ

ရမည့်ခွင့်ရေး  တွေးကာချောင်းမြောင်း

နေမစောင်းမီ  တုံးသည်ထင်ထား

ထိုယောင်္ကျား၏ ဒါးသွားများကို

မြင်စေလို ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..