သူမနားမှာလေ
အာဏာရူး နေတဲ့ လူ တစ်ချို့
ဥစ္စာရူး  နေတဲ့ လူ တစ်ချို့
အာဏာရူး၊ ဥစ္စာရူး တွေ အတွက် အသိဉာဏ်မဲ့ ကာကွယ် ပေးနေတဲ့ လူ တစ်ချို့
အာဏာရူး၊ ဥစ္စာရူး တွေ စွန့်တဲ့ အရိုးစ အသားစ ကိုက်ဖို့ မျက်နှာလုပ် အမြီးနှံ့ နေကြ တဲ့ လူတစ်ချို့
အာဏာ ၊ ဥစ္စာ မြဲဖို့ သူ့ကို ဗန်းပြစား ဖို့ ကြိုးစားနေတဲ့ ဒီလို တွေ က တံတိုင်းတစ်ချပ်

သူမနားမှာလေ
အပေါ်က တံတိုင်း ကို ဖြို ဖို့တဲ့ အော်နေကြ တဲ့ လူ တစ်ချို့
ရရိရ မရရင်ချ တဲ့ တကယ်ဖြစ်တော့ အမြီးတောင် ရှာမရမဲ့ လူတစ်ချို့
ပြောသလို မလုပ်လို့ စိတ်ကောက်ကြ တဲ့ သူတစ်ချို့
ထင်သလို အကွက် မရ လို့ မျက်နှာထားပြောင်း ကြ တဲ့ လူ တစ်ချို့
လေကြီးမိုးကြီး စကား တွေ နဲ့ နွားခြေရာခွက် ထဲ ကတောင် မထွက်တဲ့ အစွန်းစွဲ လူတစ်ချို့
ကမ္ဘာမှာ ပြောင်းလာတဲ့ အတွေး အမြင် တွေ မသိနိုင်တဲ့ အမြင်ကျဉ်းကျဉ်း လူတစ်ချို့
သူတို့ကို လူသိဖို့၊ အခွင့်အရေး တွေ ရလာဖို့ ဖြတ်လမ်း နဲ့ သူ့ ကို ဗန်းပြစား ခဲ့ကြ တဲ့ ဒီလို တွေ က တံတိုင်းတစ်ချပ်

တကယ်တော့
အဲဒီ တံတိုင်း နှစ်ချပ် လုံး က သူ့ ကို အသုံးချ ဖို့ ကြိုးစား နေကြတယ်။
အဲဒီ တံတိုင်း နှစ်ချပ် လုံး က သူချစ်တဲ့ ပြည်သူ တွေ အတွက်မဟုတ်ဘူး။

တကဲ့ ပြည်သူ တွေ အများစု ထဲ
ဘာမှ ရေရေရာရာ မသိ ဘဲ ဟို တစ်တို့ ဒီ တစ်တို့ နဲ့ လေ တိုက်ပွဲ ဝင်တတ်တဲ့ ကိုယ့်လို လူ တွေ ပါတယ်။
ငါတို့ နားမလည် ပါဘူး လို့ ရှောင် နေတဲ့ သူတွေ ပါတယ်။
ဘယ်သူ ဖြစ်ဖြစ် သေနတ်သံ မကြား ရပြီး ရော ဆိုသူတွေ ပါတယ်။
မချမ်းသာရင်နေပါ ထမင်းလေး မှန်ရင် တော်ပါပြီ လို့ ဆုတောင်းသူ တွေပါတယ်။
ကိုယ်ဆင်းရဲ နေတာ ကံ အကြောင်းဘဲ လေ လို့ စိတ်ဖြေတတ်သူ တွေ ပါတယ်။
ဘယ်လို အစိုးရ ဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စား ရတာ မို့ ဝီရိယ အားကိုး သမား တွေ ပါတယ်။
ဟိုဘက် ဒီဘက် မဟုတ် စကားဝဲ နေသူ တွေပါတယ်။

တကယ်တော့
သူက
တကဲ့ ပြည်သူတွေ အတွက် ကျောခင်းပေးချင်နေတာ
တကဲ့ ပြည်သူတွေ ရဲ့ အသုံးချမှု ကိုခံချင် နေတာ
တကဲ့ ပြည်သူတွေ ရဲ့  စကားသံ ကို ကြားပြီး လိုက်နာ နေချင်တာ

ကမ္ဘာမှာ ပွဲလည်တင့်တဲ့
ကိုယ့်မြေ ကို ရောင်းမစား တဲ့
ကိုယ့်ဘဏ္ဍာ က မခိုး မဲ့
ကိုယ့် လူနေမှု ဘဝ နဲ့ စိတ်ဓာတ်ကို မြှင့်ပေးမဲ့
ဒီ သူ ကို
ကိုယ့်အကျိုး အတွက် ယုံကြည်ကြ နိုင်မလား။
ကိုယ့် အနာဂါတ် အတွက် ချသုံးကြ နိုင်မလား။

ကိုယ့် ကိုယ်ပိုင် သဘောပါဘဲ။

helping-handsImage From – http://www.gopixpic.com

About မြစပဲရိုး

Khin Latt has written 240 post in this Website..