ဒီ​နေ့ လှည်းတန်းက​နေ သမိုင်းမြို့သစ်​ကို သွားတယ်​.. ပြည်​လမ်းက​နေ အင်းစိန်​လမ်းကို သုခကမ္ဘာ​ဆေးရုံလမ်းက​နေ ဝင်တယ်​​ပေါ့.. ကိုယ်​အလျင်​လို​နေမှန်းသိ​တော့ ကားသမားက အရှိန်​​လေးနဲ့​တော့ ​မောင်း​ပေးပါတယ်​.. ဒါ​ပေမယ့်​ အရမ်းကြီး​တော့ မမြန်​ဘူး.. ပုံမှန်​ထက်​ နည်းနည်း​လေးပဲ ပိုတာ.. အင်းစိန်​လမ်းမ​ပေါ် တက်​ကာနီးကျ​တော့ ​လမ်းသွယ်​ထဲမှာ လူ​တွေရှိ​တော့ ဟွန်းတီးလိုက်​ပြီး ဆက်​​မောင်းတယ်​.. အဲဒီမှာ လူတစ်​​ယောက်​က စွတ်​မ​မောင်းနဲ့ဟ လို့ လှမ်း​အော်​သံ ကြားလိုက်​တယ်​.. လှမ်း​ပြောတာကို ကြားလိုက်​ရတယ်​ဆို​တော့ အရှိန်​က သိပ်​မပြင်းဘူး​ပေါ့.. ကားဆရာက ဘာမှ ပြန်​မ​ပြောဘူး.. ကိုယ်​​တွေ​တောင်​ အံ့သြသွားတယ်​.. ဘာလို့များ ပ
အဲ့လို ​အော်​ရသလဲ​ပေါ့…

လမ်းသွယ်​က​နေ အင်းစိန်​လမ်းမ​ပေါ်ကို တက်​ဖို့ကျ​တော့ ကား​တွေပိတ်​​နေ​တော့ ခဏ​စောင့်​​နေရတယ်​.. အဲဒီမှာ ​စောနကလူက မီလာပါ​လေ​ရော.. ကားဆရာကို လာ​ဟောက်​တယ်​.. ​ဟေ့​ကောင်​.. ဖြည်းဖြည်း​မောင်းကွ.. လူလို​မောင်းကွ.. ဟွန်းတီးပြီး စွတ်​မ​မောင်းနဲ့ ဘာညာဆိုပြီး.. ကားဆရာကလည်း မင်းကို ထိခိုက်​သွားလို့လားဆိုပြီး ပြန်​​ပြော​တော့ က​တောက်​ကဆ ဖြစ်​ကြ​ရော.. ဟိုလူက မင်း​မေ…. ဆိုပြီး ဆဲတယ်​.. ကားဆရာက မင်းငါ့ကို မဆဲနဲ့ဆိုပြီး ပြန်​​ပြောတယ်​… ဟိုလူက သူ့သားဖြစ်​ပုံရတဲ့ က​လေးတစ်​​ယောက်​ကို လက်​ဆွဲလို့.. စိတ်​ထဲက​တောင်​ ​တွေးမိ​သေးတယ်​.. သားသမီး​ရှေ့မှာ အ​ဖေတစ်​​ယောက်​က လမ်း​ပေါ်က ကားသမားကို ရန်​လာစပြီး ပြဿနာရှာ.. ဆဲတာ​တွေကို က​လေးက သင်​ယူမိပြီး.. ဒီက​လေး ဘယ်​လိုများ ကြီးပြင်းလာပါလိမ့်​မလဲ လို့​ပေါ့…

နောက်​​တော့ ကား​ချောင်​တာနဲ့ ဆက်​ဝင်​လာပြီး ဗဟိုလမ်း​မ​ပေါ်ကို သွားဖို့အတွက်​ ​ကွေ့​ကြောယူပြီး မီးပွိုင့်​​စောင့်​တယ်​.. အဲဒီမှာ ​စောနကလူ ​ရောက်​လာပြီး​တော့.. ​ဟေ့​ကောင်​..မင်းက ဘာ​ကောင်​လဲ.. ​စော​စောက ငါ့က​လေးရှိ​နေလို့.. မင်းအခု ဆင်းခဲ့စမ်း ဆိုပြီး ကားထဲက ကားဆရာကို အတင်းဝင်​ထိုး.. ကား​ပေါ်က ဆွဲချနဲ့.. လာ​သောင်းကျန်းပါ​လေ​ရော.. ကားဆရာက ​ရှောင်​တယ်​..မဆင်းဘူး.. မီးပွိုင့်​ကြီးမှာ​နော်​.. ​နောက်​ အဲ့လူက ကားတံခါးကို အတင်းဆွဲဖွင့်​ပြီး ဆွဲချ​တော့ ကားဆရာလည်း စိတ်​မထိန်း​တော့ဘဲ.. လာခဲလစမ်း ​ဟေ့​ကောင်​ဆိုပြီး ဆင်းထိုး​တော့တာ.. ကားဆရာက ခပ်​ဝဝ.. သူ့ထက်​ လူ​ကောင်​ကြီးတယ်​.. တကယ်​တမ်းကျ​တော့ ဟိုလူလည်း မခံနိုင်​ဘူး..  ထွက်​​ပြေးပါ​လေ​ရော.. ကားဆရာခမျာ.. သနားပါတယ်​.. ကိုယ်​​တွေက အကုန်​သိ​နေ​တော့.. စိတ်​​လျှော့ပါ ဦး​လေးရယ်​.. ဦး​လေး မှန်​ပါတယ်​.. စိတ်​​အေး​အေးထားပါ​နော်​.. ဘာညာဆိုပြီး ​ဖြေ​ပြော​ပြောမိတယ်​.. ဦး​လေးက အဲ့လူကို သိတယ်​.. ဒီရပ်​ကွက်​ကပဲ.. ပိုက်​ဆံရှိ.. ​နေရာရှိထဲကတဲ့..

ကိုယ်​​တွေက​တော့ ကားဆရာကို ပြဿနာရှာမှာကိုပဲ စိုးရိမ်​မိတာ..ငါကဘာ ဆိုပြီး လူ​ရှေ့သူ​ရှေ့. ပါဝါပြချင်​တဲ့ ဒီလိုလူမျိုး​တွေကလည်း ရှိ​သေးတယ်​.. တကယ်​တမ်းကျ​တော့လည်း သတ္တိမရှိလှပါဘူး…

အဲ့လို အဲ့လို.. အဲ့လိုမျိုး​တွေလည်း ကြုံရတယ်​လို့… 

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010