” မတူညီသော တူသောအချိန် “

 

ရုတ်ရုတ် ရုတ်ရုတ်

သုတ်သုတ် သုတ်သုတ်နဲ့

ပြေးကာ လွှားတချက်

သွားလာကြတဲ့

လူသူတွေများ

ဘာဖြစ်ကြလဲ

စပ်စုကာကြည့်

ခြေဆုံရပ်မိ

မြင်ရဘိတယ်

မြို့လယ်ရန်ကုန်ဝယ်

ရုံးဆင်းအလုပ်ဆင်း

ပြန်ချိန်သာတည်း။

 

ထိုထိုချိန်နဲ့

မတိမ်းမယိမ်း

ရောက်မိတောရွာ

မြင်ကွင်းမှာက

အိမ်ရှေ့ကပြင်

မြေသလင်းတွင်

ဝိုင်းကာစုဝေး

လက်ဆုံကြသေး

ရေနွေးလေးသောက်

ဆေးလိပ်ကယ်ဖွာ

လက်ဖက်ကိုစား

နေသူများစွာ

အေးဆေးလှတယ်ကွာ။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..