မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။

မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်…

၁)Woodlands Restaurant

၂) ဒီဇင်ဘာခြံ

အဲဒီ ၂ ခုကို ညွှန်းပါမယ်။

၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊

ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး

Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ ညစာ စားဖို့ အိုကေပါတယ်။
ဈေးတော့ နည်းနည်းကြီးတယ်။

 

၂) ဒီဇင်ဘာခြံကတော့ နာမည်ပိုကြီးပါတယ်။ ရုပ်ရှင်တွေလည်း အဲဒီမှာ လာရိုက်ကြတယ် ပြောတယ်။

မေမြို့ လားရှိုးလမ်းပေါ်မှာ ရှိတယ်လို့ပြောရမယ်။ မေမြို့ အထွက် တိုးဂိတ်ကို ဖြတ်ပြီးမှ တော်တော်မောင်းရသေးတာမို့။ ဟိ။

ပတ်ဝန်းကျန် အနေအထားကတော့ အောက်တွင်ရှူ့။

အစားအသောက်ကို မရိုက်ခဲ့နိုင်လို့ ပြောပဲပြမယ်။ Light Food လိုမျိုးသာ ရတာမို့……

– နွားနို့

– ဒိန်ချဉ်

– မလိုင်

– ပူတင်း

– ကော်ဖီ

– စတော်ဘယ်ရီ

– ပေါင်မုန့် စတာတွေက ခြံထွက် အစစ်ကနေ လုပ်ထားတာဖြစ်လို့ အတော်လတ်ဆတ်ပြီး စားကောင်းပါကြောင်းး။ ထိုင်ရတာလည်း အေးစိမ့်စိမ့်နဲ့ လတ်ဆတ်သော လေ ရှူပြီး ထိုင် စားသောက်လို့ရတာမို့ စိတ်ချမ်းသာစရာကောင်းကြောင်းး။

ဝိုင် တော့ ရတယ်။ Woodlands လိုတော့ ပုလင်းထောင်လို့ မရ။

:mrgreen:

 

ထိုင်စာရာက ဒါမိုးလေးတွေ အများကြီးး

ထိုင်စာရာက ဒါမိုးလေးတွေ အများကြီးး

 

စတော်ဘယ်ရီ ခင်း

စတော်ဘယ်ရီ ခင်း

 

စတော်ဘယ်ရီ ပင်အောက် နောက်တစ်ခေါက်  ခိခိ

စတော်ဘယ်ရီ ပင်အောက် နောက်တစ်ခေါက် ခိခိ

 

ခြံ က အကျယ်ကြီးရယ်။

ခြံ က အကျယ်ကြီးရယ်။

 

အမိုးပေါ်မှာ ဂလိုလေးမို့ ချစ်စာလေးးး (ဥကြောင်လာရင် ပြောတော့မယ်)

အမိုးပေါ်မှာ ဂလိုလေးမို့ ချစ်စာလေးးး
(ဥကြောင်လာရင် ပြောတော့မယ်)

 

မေမြို့ အပိုင်းအစ များ ဓာတ်ပုံတွေကတော့ အိုဗာ အီဖက်မို့ သည်းခံ ကြည့်သွားကြပါရန် တောင်းပန်။

:k:

 

မေမြို့က ပန်း ;)

မေမြို့က ပန်း
;)

 

ကန်တော်ကြီး

ကန်တော်ကြီး

 

ကန်တော်ကြီး မျှော်စင် က မြင်ရတဲ့ မြို့လေး

ကန်တော်ကြီး မျှော်စင် က မြင်ရတဲ့ မြို့လေး

 

ရေခဲတောင်တွေမှာ တွေ့ရတဲ့ သားမင်း ကောင်တဲ့။ ကန်တော်ကြီးထဲမှာ မွေးထားတာ ၅ ကောင်လောက်ရှိတယ်။

ရေခဲတောင်တွေမှာ တွေ့ရတဲ့ သားမင်း ကောင်တဲ့။
ကန်တော်ကြီးထဲမှာ မွေးထားတာ ၅ ကောင်လောက်ရှိတယ်။

 

ညင်းညင်းးး ဂိုဏ်းချုပ် သိုင်းကျင့်တဲ့ ဝါးရုံတော

ညင်းညင်းးး
ဂိုဏ်းချုပ် သိုင်းကျင့်တဲ့ ဝါးရုံတော

 

သမင်တွေ ဒီ တိုင်းလွှတ်ထားတာဗျာ။ ကန်တော်ကြီး က တောအုပ်ငယ်လေးထဲမှာ။

သမင်တွေ ဒီ တိုင်းလွှတ်ထားတာဗျာ။
ကန်တော်ကြီး က တောအုပ်ငယ်လေးထဲမှာ။

 

အလှစိုက်တဲ့ မုန်လာပန်းတဲ့ဗျာ

အလှစိုက်တဲ့ မုန်လာပန်းတဲ့ဗျာ

 

အလှစိုက်တဲ့ မုန်လာပန်းတဲ့ဗျာ

အလှစိုက်တဲ့ မုန်လာပန်းတဲ့ဗျာ

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 353 post in this Website..

CJ # 129120