​နေဝန်​းနီ ဓာတ်​​သေဆြာဖြစ်​သွားခြင်​း – ၁

naywoon niMarch 16, 20151min1098

ကဲ ​ရေးပါ​ရေးပါနဲ့ တွန်​းတဲ့သူ ရှိလို့ ​ခေါင်​းစဉ်​​တော့ တပ်​လိုက်​ပြီ။ ဘယ်​က​နေစ ​ပြောရပါ့ ။ တစ်​ကယ်​့ကို မိုးကြိုးပစ်​ရပါ​စေရဲ့ ကင်​မလာတစ်​လုံးနဲ့ ဓာတ်​​သေ ရိုက်​တဲ့ ဓာ​့​သေဆြာ ဖြစ်​သွားတာပါဗျာ ။ ယုံတယ်​မဟုတ်​လား ။ ကင်​မလာနဲ့ ဓာ​သေ အ​ကြောင်​းကလည်​း တစ်​ဖက်​ကမ်​းခတ်​ တတ်​ကျွမ်​းတာဆို​တော့ အ​ရှေ့ကျွန်​းက ​မောင်​ဂီ​တောင်​ လက်​လန်​သွားမယ်​ ။ ဓာ​တ်​သေ ဆြာလုပ်​ဖို့ ကင်​မလာ လက်​ထဲလာထည်​့တဲ့ အချိန်​ထိ ကင်​မလာနဲ့ ဓာတ်​​သေ တစ်​ခါမှမရိုက်​ဖူး​သေးဘူးဗျ ။ မရိုက်​ဖူးဘူးဆိုတာ စက္ကူ ကတ်​ထူဖြူဖြူ​ချော​ချော​လေး​ပေါ်မှာ ပုံထုတ်​ကြည်​့တဲ့ အဆင်​့မ​ရောက်​တာ​ပြောတာပါ။ သူငယ်​ချင်​း ကင်​မလာ​လေးနဲ့​တော့ ဟို​ဆော့ ဒီ​ဆော့ ရိုက်​ကြည်​့ဖူးတာ​ပေါ့ ။ ဖွတ်​ဖုန်​း ​လေးနဲ့​တော့ ရိုက်​ဖူးတာ​ပေါ့ ။ လက်​ထဲ​ရောက်​လာတဲ့ ကင်​မလာ​လေးက ​သေး​သေး​လေးဗျ ။ လက်​ထဲတင်​​ပျောက်​တယ်​ ။ ဒါ​ပေမဲ့ ဘယ်​ရမလဲ ။ ​နေဝန်​းနီပဲ ။ ဂဇွတ်​ ရွာသားပဲ ။ ဟိတ်​ဟန်​အပြည်​့နဲ့ ကင်​မလာ​လေးကို ပွတ်​သပ်​လှည်​့ပတ်​ကြည်​့ရင်​းနဲ့ ထိပ်​က ဖုသီး​သေး​သေး​လေးကို နှိပ်​မိသွားတယ်​ ။ ဒီးးး ဆိုပြီး မီး​လေးပွင်​့ ​ရှေ့က ရှပ်​တာ ​ခေါ်မလား အဲ့ဒါ​လေးကလည်​းပွင်​့ပြီး ​ရှေ့ထွက်​လာတယ်​ ။ ​နေဝန်​းနီ လန်​့​တောင်​သွားတယ်​ ။ အဲ့​နောက်​​တော့ နှိပ်​လို့ရတဲ့ ခုလုပ်​​တွေ အကုန်​စမ်​းနှိပ်​ကြည်​့ ။ ဘယ်​ခလုပ်​က ဘာမှတ်​ ၊ အနီးအ​ဝေးလိုက်​ချိန်​ ၊ ဖြတ်​ကနဲ ရိုက်​ကြည်​့ ​ရှေ့က မီးပွင်​့သွားတယ်​ ။ ​နောက်​ပြန်​ကြည်​့ ။ အဲ ဒလိ ဆိုတဲ့ အမှိုက်​ပုံး​လေးနှိပ်​ကြည်​့ ၊ စမ်​းရိုက်​လိုက်​ ဖျက်​လိုက်​ ၊ လက်​ထဲ​တော်​​တော်​ အရသာ​တွေ့လာတယ်​ ။ ကင်​မလာ ပိုင်​ရှင်​ ဆြာသမားက ” အို​ကေ ပဲလား ” တဲ့ ။ အဟက်​ အို​ကေ ​ပေါ့ဗျာ ။ တစ်​ဘက်​ကမ်​း​တောင်​လွန်​​နေ​သေးတယ်​ ။
ကံကြမ္မာ၏ နိဒါန်​းအစ

ဒီဇာတ်​လမ်​းကို စတာက ​နေဝန်​းနီ ရဲ့ သူငယ်​ချင်​း ဝူး​ကျော်​ထူး လို့​ခေါ်တဲ့ လူဝကြီးက စတာပါ ။ ဟုတ်​ပါတယ်​ ။ လူကလည်​း ဝသလို လုပ်​တဲ့ အလုပ်​ကလည်​း လဝက ကပါပဲ ။ တစ်​​လော​လေးက သူတို့ ရုံးမှာ အထူးစီမံချက်​ကျလာပါတယ်​ ။ တစ်​မြို့နယ်​လုံး ၁၈ နှစ်​ပြည်​့ပြီးလူ အားလုံး မှတ်​ပုတင်​ လက်​ဝယ်​ရှိ​ရေး​ပေါ့ ။ အဲ့ အလုပ်​ရှုပ်​​နေတာနဲ့ သူငယ်​ချင်​းကြီး ခမြာ ထိုင်​​နေကြ လက်​ဖက်​ရည်​ဆိုင်​​တောင်​မလာနိုင်​ရှာပါဘူး ။ ​နေဝန်​းနီလား ​အေး​ဆေး​ပေါ့ ။ အလုပ်​မှမရှိတာ​နော့ ။ သူတာဝန်​ကျတဲ့ရွာ လိုက်​မလား ။ လိုက်​မယ်​​ပေါ့ ။ သူ့အလုပ်​ကူတာက နည်​းနည်​း ရွာသူ​လေး​တွေငမ်​းရင်​း ရွာမှာထမင်​းစားရတာလည်​း ဟင်​း​ကောင်​းတာကိုး ။ ရွာ​တွေရဲ့ ထုံးစံက သူတို့ချည်​့သာ ဟင်​း​ကောင်​းချက်​မစားတာ မြို့က ဧည်​့သည်​ရင်​ အနဲဆုံး အိမ်​​အောက်​က ကြက်​​တော့ ရိုက်​ချက်​လိုက်​တာပဲ ။ အဲ့​တော့ တစ်​ရက်​ကျ​တော့ သူက ရုံး​ခေါ်သွားတယ်​ ။ ပုံစံ​တွေထုတ်​ ။ လိုအပ်​တဲ့ ​ဘော့ပင်​တို့ ကလစ်​တို့ စုစည်​း ။ အဲ ပြီး​တော့ ​မောင်​မင်​းဂျီးသားက သူ့ချစ်​ချစ်​ရှိတဲ့ ပျဉ်​းမနားကိုပြန်​ပါ​လေ​ရော ။ နယ်​ကွင်​းဆင်​းဖို့ အားယူတာနဲ့တူရဲ့ ။ သူ့မှတ်​စု စာအုပ်​ဖွင်​့ကြည်​့မိ​တော့ ဆိုရှယ်​လစ်​​ခေတ်​မှာသာဆို ဝန်​ထမ်​း​ကောင်​း တံဆိပ်​​တွေဘာ​တွေများရမလား မသိဘူး ။ ရွာအစဉ်​လိုက်​နဲ့ ဆင်​းမဲ့ ရက်​​တွေက အင်္ဂါ မှ​သောကြာ ။ စ​နေ တနင်​းဂ​နွေ လုံးဝ မပါ ။ တနင်​းလာ​နေ့က ရုံးဖွင်​့ရက်​​ပေမဲ့ လိုအပ်​တဲ့ ပုံစံ​တွေ ဘာ​တွေ ယူဖို့ ။ ရွာက လုပ်​လာတဲ့ ပုံစံ​တွေ အပ်​ဖို့ ။ ထားပါ ဆပ်​ဒ​ဒေး ဆန်​း​ဒေး နားနယ်​​ပေါ့ ။ အဲ့မှာ ဦးစီး ဆိုသူက မ​ကျွေးပဲ ​ညှော်​နံ့​ပေးသဗျ ။ (အဲ့လိုဘာ​ကြောင်​့​ပြောရလဲ ​နောက်​မှရှင်​းပြပါ့မယ်​) ဘယ်​လို​ညှော်​နံ့လဲဆို​တော့
အထူးစီမံ ချက်​မို့ ​နောက်​က အကူ သုံး​ယောက်​​ခေါ်ခွင်​့​ပေးမယ်​​ပေါ့ တစ်​​ယောက်​​ခေါ်သုံးရင်​ တစ်​ရက်​ သုံး​ထောင်​​ပေးမယ်​​ပေါ့ ။ အံမယ်​ ဘာဆိုးလို့လဲ​ပေါ့ ။ ဟိုလူကြီးကသာ တစ်​ရက်​ နှစ်​​ထောင်​ ဆိုရင်​လုံ​လောက်​တယ်​လို့ ​ပြောသွားတာ ဒီလူဂျီးက သုံး​ထောင်​ ဆို​တော့ ဘယ်​ဆိုးလို့လဲ​ပေါ့ ။ ကိုယ်​့ ဓာတ်​ပုံ ကိုယ်​တာဝန်​ယူပါတဲ့ ။ဓာတ်​ပုံဆရာ ​ခေါ်သွား​ပေါ့ ။ ဒါ​ပေမဲ့ သူတို့ရှိ​နေတဲ့ ကင်​မလာနဲ့ တစ်​​ယောက်​​ယောက်​ကို ရိုက်​ခိုင်​းပြီး ပုံထုတ်​လိုက်​ကြတာပါပဲ ။ သူတို့ရုံးမှာ ဝန်​ထမ်​းတိုင်​း ကင်​မလာရှိတာ မဆန်​း​တော့ဘူး ။ ဒါလည်​း ​နေဝန်​းနီတို့က မသိ​သေးဘူး ။ သူငယ်​ချင်​းက​တော့ သူနဲ့ အရင်​ရိုက်​​နေကြသူကို သူ့ကင်​မလာ​ပေးပြီး ရိုက်​ခိုင်​းမယ်​​ပေါ့
ဓာတ်​ပုံဘိုးက ငါးရာပဲ​တောင်​းခိုင်​းမယ်​​ပေါ့ ။ အဲ့ သည်​လိုနဲ့ သူတို့ တစ်​​ယောက်​တစ်​​ပေါက်​ သူ့ကင်​မလာက ဘာအမျိုးအစား ငါ့ ကင်​မလာက ဘာနဲ့ ကင်​မလာအ​ကြောင်​း ပွား​နေကြတာ ညည်​းစီစီ ဖြစ်​တာနဲ့ အပြင်​ထွက်​လာခဲ့တယ်​ ။ ကျွတ်​ ​နေဝန်​းနီ တို့ တုံးပုံက ချက်​ချင်​း သ​ဘောမ​ပေါက်​ဘူး ။ အ​တော်​​လေး ကြာမှ​တွေးမိတယ်​ ။ ဓာတ်​ပုံဘိုး ။ တစ်​ချို့ဆိုင်​​တွေက လိုင်​စင်​ဓာတ်​ပုံရိုက်​ရင်​ တစ်​​ထောင်​ဘိုးမှရိုက်​​ပေးတယ်​ ။ ဆိုင်​ကိုလိုက်​လို့ ​ခြောက်​ပုံ ရိုက်​တဲ့ ဆိုင်​ရှိသလို ရှစ်​ပုံ ထုတ်​​ပေးတဲ့ ဆိုင်​လဲရှိတယ်​ ။ လိုတာက သုံးပုံ ။ ပြီး​တော့ ကျန်​တဲ့ လိုင်​စင်​ ဆိုက်​လဲ မဟုတ်​ဘူး ။ .8″ ပတ်​လည်​ အဖြူအမည်​း ။ ဒီထိလည်​း ​အော်​ ရွာက လူ​တွေ သက်​သာတာ​ပေါ့ ။ မြို့​ပေါ်လာရိုက်​ရင်​ တစ်​​ထောင်​ကုန်​မှာ သူတို့ က ငါးရာ ဆို​တော့ သက်​သာတာ​ပေါ့ ။ အဲ့လိုပဲ​တွေးမိတာ ။ အဲ့ အ​တွေးမှားတယ်​ဆိုတာ ​နောက်​ရက်​ စ​နေ​နေ့နဲ့ မှာသိလိုက်​ရတာပဲ ။

လူမှား​ပေါင်​းမိပြီ

​နောက်​စ​နေ​နေ့ကျ​တော့ ​နေဝန်​းနီ သူငယ်​ချင်​းက သူ့ချစ်​ချစ်​ရှိရာ ဆိုင်​ကယ်​နဲ့ သွားပါတယ်​ ။ သူ့တို့ ရုံးမှာ ရွာကွင်​းဆင်​းဖို့ အဖွဲ့ သုံးဖွဲ့ ရှိတယ်​လို့ ဆိုပါတယ်​ ။ လက်​​ထောက်​ဦးစီး က ​ပြောင်​းလာကာစ နယ်​​မြေ မကျွမ်​းကျင်​​သေး ။ သူနဲ့ တွဲဖက်​ကျတဲ့ ဝန်​ထမ်​းကလည်​း လုပ်​သက်​နုပါတယ်​ ။ သူတို့က ဓာတ်​​သေဆ်​ိုင်​ နဲ့ မချိတ်​ရ​သေးဘူး ။ ဓာတ်​​သေက ဒီတိုင်​းရိုက်​ရုံနဲ့ မှမပြီးတာ ။ ပုံထုတ်​ရဦးမှာမို့လား ။ ​နောက်​တစ်​ဖွဲ့က​တော့ လူဇိုး ။ သူ့ကင်​မလာနဲ့ သူရိုက်​ပြီး သင်​တန်​းဆင်​း​ကောင်​​လေး​တွေပြင်​ခိုင်​း ရ​အောင်​ထုတ်​မယ်​ ​ကြွေး​ကြော်​​နေ​လေရဲ့ ။ ​နေဝန်​းနီ သူငယ်​ချင်​းက​တော့ လုပ်​သက်​ ၂၅ နှစ်​​လောက်​ရှိပြီ ။ သူရဲ့ တွဲဖက်​ကလည်​း သူ့​လောက်​မရှိ​ပေမဲ့ ဆယ်​နှစ်​​လောက်​​တော့ ရှိမယ်​ထင်​တာပဲ ။ ဓာတ်​​သေရုပ်​မှာက ​နေဝန်​းနီ သူငယ်​ချင်​းနဲ့ အမြဲလိုက်​​နေကျ ။ ကင်​မလာက​တော့ ​နေဝန်​းနီ သူငယ်​ချင်​း ကင်​မလာပါပဲ ။ သူက ကွန်​ပြူတာဆိုင်​မှာ လုပ်​တာ ဆို​တော့ ဓာတ်​ ​သေ ပုံထုတ်​ဖို့ ကိစ္စ ကပူစရာမလို​တော့ဘူး ။ ဆိုင်​ရာစာရွက်​ စာတမ်​း​ပေါ်မှာပါ ပုံကပ်​​ပေးမှာ ။ လုပ်​​နေကျ။ ​အေး​ဆေး ။ မ​အေး​ဆေးတာက လက်​​ထောက်​ဦးစီးနဲ့ အဖွဲ့ ။ ​ခေါင်​း​ဆောင်​က ​ရောက်​ခါစ ဆို​တော့ ​နောက်​က လိုက်​မဲ့ ဝန်​ထမ်​းနဲ့ပဲ လွဲထားပုံရရဲ့ ။ သူအိ်​မ်​ငှား​နေတဲ့ အိမ်​ရှင်​က ဓာတ်​​သေ ဆိုင်​တစ်​ဆိုင်​နဲ့ ချိတ်​​ပေးတယ်​ ။ အဆင်​မ​ပြေဘူး ။ ကွန်​ပြူတာ စာစီစာရိုက်​နဲ့ပါတွဲထားတယ်​ ။ ဗွီဒိုလဲ ရိုက်​တယ်​ ဆို​တော့ လူအားမရှိဘူး ။ အဲ့​တော့ ကင်​မလာ​ပေးလိုက်​မယ်​ ။ ကွ ကိုယ်​ရိုက်​ခဲ့ ။ ပုံထုတ်​​ပေးမယ်​ ။ ဆို​တော့ကာ ဓာတ်​​သေရိုက်​မဲ့ သူမရှိပြန်​ဘူး ။ အဲ့ဒါ သူတို့ သူတို့ပါဗျာ ။ ​နေဝန်​းနီ ဘာမှ မသိလိုက်​ရပါဘူး ။ အပျိုဆင်​ ချစ်​ချစ်​ဆီ ပြန်​နှပ်​​နေတဲ့ ​နေဝန်​းနီ သူငယ်​ချင်​းဆီ လှမ်​းဖုန်​းဆက်​ကြတယ်​ ။ အဲ့​တော့ ဟိုကလည်​း ပြီးစလွယ်​ပါပဲ။ ဓာတ်​ ​သေ ရိုက်​ဖို့ ​နေဝန်​းနီ ကို ​ခေါ်သွား​ပေါ့ ။ အဲ့ဒိမှပဲ သူရို့မျက်​နှာ မချိုမချဉ်​ ဖြစ်​သွားပြီး ​နေဝန်​းနီ လက်​ထဲကို ဖုန်​းထိုး​ပေးတယ်​ ။
သူငယ်​ချင်​းက သူတို့ အဖွဲ့နဲ့ လိုက်​ပြီး လိုက်​စင်​ ဓာတ်​ ​သေ ရိုက်​​ပေးဖို့ ​ပြောပြီး ဖုန်​းချသွား​လေရဲ့ ။
အဲ့ ဒိက စလို့ ​နေဝန်​းနီ လူမှား​ပေါင်​းမိပြီး ဓာတ်​​သေဆရာ ဖြစ်​သွားပါ​တော့တယ်​ ။

​နေဝန်​းနီ

8 comments

  • ဓာတ်သေရိုက်ရတာကို ဝါသနာအပါကြီးတော့မဟုတ်ဘူး။
    ကျောင်းသားဘဝတုန်းကတော့ ကင်မရာသိပ်လိုချင် သူငယ်ချင်းတွေနဲ့ခနခန ခရီးတိုထွက်တာကိုး ဖလင်ကင်မရာ ရွှေရောင်လေး ဂျပန်မိတ် ခုထိရှိတုန်း။
    ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်စကတော့ ငမ်းငမ်းတက်ပဲ ရှိလာပြန်တော့လည်း သိပ်လက်မကမြင်းမိ
    ခုနောက်တော့ ဖုန်းကင်မရာမြင့်ရင် စိတ်ဝင်စား လိုချင်ပြန်။
    တွေ့ကရာလျှောက်ရိုက်တာတော့လည်းမဟုတ်

  • ခင်ဇော်

    March 17, 2015 at 6:23 am

    ဖတ်လို့ ကောင်းးချက် ဥနီ
    ဆက်ရေးးပါ
    ရွာမှာ အလှူ ရှိရင် ခေါ်ရိုက်ပါ့မယ်.
    :k:

  • Ma Ma

    March 17, 2015 at 8:13 am

    ရွာထဲက ဓာတ်သေဆြာတစ်ပါးပါလား။
    မှတ်ထားအုံးမှ။ :k:

  • Alinsett@Maung Thura

    March 17, 2015 at 8:59 am

    လူပေါင်း မှန်သွားတာဖြစ်မှာပါ
    ဓါတ်သေပညာဆိုတာကလည်း နက်နဲတဲ့ပညာရပ်တစ်ခုမဟုတ်လား
    လိုက်စားမိစေဖို့ လူပေါင်းမှန်သွားတာပေါ့

    • naywoon ni

      March 19, 2015 at 12:53 pm

      ​မောင်​သူရ​လေး​ရေ ဇာတ်​လမ်​းဆုံး​အောင်​​စောင်​့ဦး​လေကွယ်​ ။ @ မိုက်​​ရေ အပိုင်​းငါးမှာ တင်​ထားပါတယ်​ ။ ​ခြောက်​မှာလဲ တင်​နိုင်​​အောင်​ကျိုးစားပါ့မယ်​ ။ ဖုန်​းနဲ့ တင်​​နေတာဆို​တော့ မလွယ်​လို့ပါ ။

  • Mike

    March 17, 2015 at 10:41 am

    .ခီများစမိးရိုက်ထားတဲ့ဓါတ်သေ လေးတွေတွဲတင်လေဗျာ..စာနဲ့လိုက်ဖက်အောင် :k:

  • ဦးကြောင်ကြီး

    March 17, 2015 at 10:58 am

    နေဝန်းနီ
    ရွှေဖျဉ်းညီ
    လေပြင်းချီ
    ထွေခင်းသီ..
    မေနှင်းရယ်(ရီ)
    ဖေလင်းတည်
    ဆွေဝင်းကြည်
    မြွေဟင်းဆီ။။။

Leave a Reply