You never ever lose your childhood dream.
There is never late to achieve your childhood dream.

ကြားဖူးနားဝရှိတာလေးပါ…….

တော်တဲ့သူတွေကို ကျနော်လေးစားပါတယ်၊ ကျနော်ဆိုသူတို့လိုတော်ဖို့ အိမ်မက်ထဲတောင် ယောင်လို့မတော်ဖူးဘူး…
တစ်ခါသား စစ်နိုင်တဲ့ ဗိုလ်ချုပ်တစ်ယောက်ကို အင်တာဗျူးတော့၊ အောင်နိုင်ရေးလျို့ဝှက်ချက်ကို ပြောပြပါဆိုတော့
1st Planning
2nd Planning
3rd Planning ပါတဲ့…

ခုတလော Project Management လဲရုံးမှာ သင်တန်းပေးနေတော့ ပလန်ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာပါတယ်…
တော်တဲ့သူတွေကိုလေးစား အားကျပေမဲ့ ကျနော်သိပ်မတော်ချင်ဘူးဗျ… တော်ရတာပင်ပန်းသလို တော်ချင်ယောင်ဆောင်ရတာ ပိုပင်ပန်းတယ်… သူများရိုးလ်မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ….

ကျနော့်ငယ်ဘ၀အိမ်မက်ကဘာလဲလို့ပြန်စဉ်းစားကြည့်တော့…. တစ်စွန်းတစ်စ Flashback လေးတွေက…

ကျနော်က ကျားသစ်ကွက်အင်္ကျီလေးဝတ်ထားတယ်၊ အဲဒီအင်္ကျီလေးကိုအရမ်းကြိုက်တော့ ရှာမတွေ့လို့တစ်ခါ ငိုဖူးတာမှတ်မိတယ်၊ အဖေရယ်၊ အမေရယ်၊ ကျနော်ရယ် ဈေးသွားမလို့ အမေက ကျနော့်ကိုစချင်တော့ နံရံကွယ်ပြီးပုန်းနေတယ်… ပြီးတော့ သွားဖြစ်လား မသွားဖြစ်လား ဘာဆက်ဖြစ်လဲကျနော် မသိတော့ဘူး…

နောက်တစ်ခါ ကျနော်မှတ်မိတာကတော့ အဖေနဲ့ကျနော်ပဲ ကျန်ခဲ့တာပဲ…

အမေက ကျနော်တို့သားအဖကို ကျနော် (၂)နှစ်သမီးမှာ ထားခဲ့တယ်ဆိုတော့ ကျားသစ်ကွက်အင်းင်္ကျီကိစ္စက ကျနော် (၂)နှစ်မတိုင်ခင် မှာဖြစ်တာထင်တယ်… (၂)နှစ်အရွယ်ခလေးတစ်ယောက် ဦးနှောက်က ဒီလောက်ပဲ မှတ်မိမယ်ထင်တယ်….

ထားပါလေ… ဇတ်နာအောင်ပြောပြတာမဟုတ်ပါဘူး၊ ဒီလိုပါပဲ လူတိုင်းမှာ အတိတ်တစ်ခုစီတော့ရှိတတ်ကြတာပဲ။

ကျနော် သရဲကြောက်တယ်၊ လင်းနို့ကြောက်တယ်၊ မီးလုံးမှိန်မှိန်ထဲမှာ တစ်ယောက်ထဲ နေရတာကြောက်တယ် … အဲဒီတုံးက ကျနော်တို့အိမ်နားမှာ လင်းနို့တွေအများကြီးနေတဲ့ သစ်ပင်ကြီးရှိတယ် မိုးချုပ်ပီဆို ကျနော်တို့အိမ် ထဲလင်းနို့တွေ ၀င်ဝင်လာတတ်တယ်….

လူတွေရဲ့ ဆိုက်ကိုအရ မိခင်နဲ့သမီးကြား၊ ဖခင်နဲ့သားကြားမှာတောင် အပြိုင်အဆိုင်စိတ်၊ မနာလိုစိတ်ဆိုတာ ရှိတတ်တယ်။

ကျနော် အမေ့ကို မချစ်ဘူးဗျ၊ အမေလဲ ကျနော့်ကို မချစ်ပါဘူး၊ ဒါက ခံစားချက်တစ်ခုနဲ့ ပြောတာမဟုတ်ဘူး၊ လက်တွေ့ဖြစ်ရပ်တွေအများကြီးအပေါ်မူတည်ပြီး ကျနော်အပါအ၀င်၊ အဖိုး၊ အဖွား၊ အဒေါ်၊ ဦးလေးတွေ အကုန် ကောက်ချက်ချထားတာ….

လူတွေဆက်ဆံရေးမှာ Cross the line ဆိုတာရှိတယ်ဗျ၊ စည်းတစ်ခုကျော်သွားရင် ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရတော့ဘူး…. တရုပ်ကားတွေထဲကလို ကျနော်မပြောခဲ့ဘူးလို့မှတ်လိုက်ပါ တို့ ကျနော် မလုပ်ခဲ့ဘူးလို့ မှတ်လိုက်ပါလို့ မရတော့ဘူး….

ကျနော့်ဘ၀မှာ ကျနော့် ငယ်အိမ်မက်ကဘာလဲဆိုတာ တော်တော်ကြာကြာမသိဘူးဗျ….

ကျနော်က အူတူတူပါဆို….

ဒါပေမဲ့ ဘာတစ်ခုကို လိုချင်နေမှန်းမသိ… အကြိမ်ကြိမ်ကျရှုံးပြီးမှာ… ဒီတစ်ခါတော့ ဘယ်လိုနည်းမျိုးနဲ့မှ အဆုံးရှုံးမခံနိုင်တော့ဘူးရယ်လို့ By hook or by crook ရယူတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့….

စောင့်ကြည့်ကြတာပေါ့ဗျာ… Anyway ရည်ရွယ်ချက်ရှိတဲ့ ခရီးတစ်ခုက ပျော်ဖို့ကောင်းပါတယ်…

About Wow

has written 62 post in this Website..