ကြက်တူရွေးလို နုတ်တိုက်ပညာရေး

အုပ်လိုက်ဒါတွေပေးပြီး

အလွတ်ရအောင်ကျက်

အတွန့်မတက်နဲ့

ဘုန်းကြီးလိုစာဝါချ

အကုန်ရရင်အောင်ပြီဗျ

ဒါကိုပင်အဟုတ်ထင်

ငါ့သမီးစာကျက်လို့

ဂုဏ်ယူလျှက်အစဉ်

ဆယ်တန်းကိုအမှတ်များမှ

ဆရာဝန်အင်ဂျင်နီယာဖြစ်မယ်ဟ

ဒါမှလဲလူဘဝတင့်တယ်စွာနေလို့လှ

ကမ္ဘာတိုင်းပြည်ပညာရေး

လှမ်းကာသာလေ့လာပေးရင်း

စာမေးပွဲခန်းတွင် စာအုပ်ကယ်လှန်ဖြေ

အိုးပန်းဘုတ်(Open book)ခေတ်စားနေ

အလွတ်ကျက်ကိုသူတို့မလိုချင်

စဉ်းစားတွေးခေါ် တီထွင်ဥာဏ်အင်

ငယ်ငယ်ထဲက လေ့ကျင့်ပြုပြင်

ဒါကြောင့်လဲ တိုးတက်လာတယ်ထင်

ကဲ ဒီနိုင်ငံ ဒီစနစ် ဒီခေတ်တွေနဲ့

အလွတ်ကျက်ပညာရေး အမွေဆက်ပေးရင်

သင့်ကလေး နောင်ရေးစိတ်အေးမယ်မထင်။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..