​နေဝန်​းနီ ​တွေ့ဖူးတာက​တော့ battery အမျိုးအစား​တွေထဲမှာ လျှပ်​စစ်​ဓာတ်​ သို​လှောင်​တဲ့ အိုး​တွေရယ်​ dry battery
လို့​ခေါ်မလား ? ထပ်​ပြန်​တစ်​လဲလဲ အားပြန်​သွင်​းလို့ရတဲ့ ဓာတ်​ခဲ​ခြောက်​​တွေရယ်​ ။ ​နောက်​ တစ်​ခါသုံး ဓာတ်​ခဲ​တွေရယ်​ ။ သို​လှောင်​နိုင်​စွမ်​းတစ်​ခုခု ရှိပြီး အားကုန်​ရင်​ ပြန်​သွင်​းရတာမျိုးပဲ ။ အဲ့ ငယ်​ငယ်​က အားအိုး လို့​ခေါ်တဲ့ ဘက္ထရီ အိုး​တွေ သုံးတယ်​ ။ အက်​ဆစ်​မလုံ​တော့ သူနဲ့ ထိမိတဲ့ အဝတ်​​တွေဆိုအ​ကောင်​းမကျန်​ဘူး ။ တစ်​ည ဒါမှမဟုတ်​ နှစ်​ည​လောက်​ သုံးပြီးရင်​ အားပြန်​သွင်​းရ​ရော ။ ခုချိန်​မှာလဲ ဖုန်​း ဘက္ထရီ​တွေ တစ်​ချို့လည်​း အသုံးမခံ တစ်​ချို့လည်​း အသုံးခံ ဒါ​ပေမဲ့ အားကုန်​ရင်​ အားသွင်​း​နေကြရ​ပေါ့ ။ ဒါ​ပေမဲ့ ကားဘက္ထရီ တို့ ဆိုင်​ကယ်​ ဘက္ထရီ တို့ကျ​တော့ သီးသန်​့ကြီး အားသွင်​းစရာ မလိုပြန်​ဘူး ။ ​မောင်​းနှင်​​နေရင်​းနဲ့ သူ့ဖာသာသူ အားပြန်​ပြည်​့သွားသတဲ့ ။ သုံးတဲ့​နေရာကွားသွားလို့​ပေါ့ ။ ကား​တွေ ဆ်​ိုင်​ကယ်​​တွေမှာ တပ်​ထားတဲ့ ဘက္ထရီ​တွေ ဖြုတ်​ဖြုတ်​ပြီး အားပြန်​သွင်​း​နေရရင်​လည်​းခက်​သား ။ လူ​တွေမှာလည်​း ဒီလိုပဲ ။ လှုပ်​ရှားလို့ ကုန်​ခန်​းသွားတဲ့ စွမ်​းအင်​​တွေ အတွက်​ အားပြန်​ဖြည်​့​ပေးရသလိုမျိုး ။ အသိပညာ အတတ်​ပညာမှာလည်​း ထပ်​ခါတစ်​ လဲလဲ ဖြည်​့​ပေး​နေရတာပဲ​လေ ။ သင်​တန်​း​တွေ အထပ်​ထပ်​တက်​ ။ စာအုပ်​​တွေက ​လေ့လာမှတ်​သား ။ ကိုယ်​့ကိုကိုယ်​လည်​း ပြန်​​ကြော်​ငြာ ရတာကတစ်​မျိုး ။ ဘက္ထရီ အားဖြည်​့ သလိုမျိုး​လေ ။ တစ်​ချို့ကျ​တော့လည်​း သီးသန်​့ အားဖြည်​့​ပေးစရာ လိုမယ်​ထင်​​ပေမဲ့ သူ့ဖာသာ အားပြည်​့ပြီးသား​တွေလည်​းရှိတတ်​တယ်​ ။

စာ​ပေ​လောကမှာ စာ​ရေးဆရာ အသစ်​တစ်​​ယောက်​က စာအုပ်​တစ်​အုပ်​ထုတ်​​တော့မယ်​ဆိုရင်​ ရှိပြီးသား က​လောင်​​ဟောင်​း​တွေက ​စော​စောက ဘက္ထရီ အားဖြည်​့​ပေးသလိုမျိုး ​ဘေးက​နေ ဝိုင်​းဝန်​းပြီး အမှာစာ​ရေး​ပေးကြ ​ဝေဖန်​ချက်​​ရေး​ပေးကြ စာဖတ်​သူသိ​အောင်​လုပ်​​ပေးကြတယ်​ ။ ဘယ်​​လောက်​ပဲ ​ဘေးက​နေပံ့ပိုး​ပေး​ပေး သူ့မှာ အလိုလို အားပြန်​မပြည်​့နိုင်​ရင်​ တစ်​အုပ်​နှစ်​အုပ်​​လောက်​နဲ့ ရပ်​သွားတာပဲ ။ ​ ကျုပ်​တို့ ရွာထဲက ဆရာမ ဝင်​့ပြုံးမြင်​့က​တော့ အဲ့ဒိလိုမဟုတ်​ဘူး
မနက်​က အလင်​းဆက်​က ပို့​ပေးလို့ Thomas Mann ရဲ့ Buddenbrooks ကို ဘာသာပြန်​ထားတဲ့ စာအုပ်​တစ်​အုပ်​ ​ရောက်​လာတယ်​ ။ ကားဂိတ်​က​နေယူလာပြီး မျက်​​စောင်​းထိုးက ထိုင်​​နေကြ လက်​ဖက်​ရည်​ဆိုင်​မှာ ဖွင်​့ကြည်​့​တော့ စာအုပ်​က 2006 တုန်​းက ပထမအကြိမ်​ ထုတ်​ပြီးသားကို အခု 2015 မှာ ဒုတိယအကြိမ်​ ပြန်​ထုတ်​တာဗျ ။

​နောက်​စာအုပ်​ကို ဆက်​လှန်​ကြည်​့​တော့မှ အားပါးပါး အမှာစာ​တွေ ​ရေးတဲ့သူ​တွေက
ပါရဂူ
နတ်​နွယ်​
​မောင်​မိုးသူ
မြတ်​ငြိမ်​း
တင်​​မောင်​မြင်​့
တဲ့
ကဲ သူတို့​ရေးထားတာ​လေး​တွေလည်​း ဖတ်​ကြည်​့လိုက်​ဦး ။ ​နောက်​ထပ်​ဘာမှ ထပ်​ပြီး အားဖြည်​့​ပေးစရာ မလို​တော့ဘူးလို့ ထင်​ပါတယ်​ ။ ကျုပ်​တို့က ထပ်​ဖြည်​့​ပေးကာမှ သူ့အလင်​း​ရောင်​မှိန်​သွားမှာ​တောင်​ စိုးရ​သေး ။ ​စော​စောကတည်​းက ကျုပ်​​ပြောသားပဲ သီးသန်​့ အားသွင်​းဖို့ မလိုတဲ့ ဘက္ထရီ ပါလို့ဆို ………

IMG_20150404_100504

IMG_20150404_100522

IMG_20150405_010938

IMG_20150405_011029

IMG_20150405_011046

IMG_20150405_011121

IMG_20150405_011142

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010