လာမယ့် နက်ဖြန် သဘက်ခါ

မကြာတော့တဲ့ ချိန်အခါ

သင်္ကြန်ဆိုတာ လာတော့မယ် ၊

ကညာနော့ပျိုရွယ်များ

တင်ထားတဲ့မောင်းတွေ

လောင်းလိုက်တဲ့ရေတွေကြားမှာ

ယမကာကတစ်ဖက် အိုက်စ်တစ်ဖက်နဲ့

ပျက်ခဲ့ရဘဝတွေ တွက်ရေလို့မဆုံး

ဘယ်သူရှုံးသလဲ ? ဘယ်သူပုန်းမလဲ ?

ဝုန်းကနဲတစ်ခဏမှာ ဗုန်းဗုန်းလဲကျခဲ့တဲ့အပျိုစင်ဘဝ

ငိုချင်ရုံနဲ့လည်းပြန်မရ

စံရခဏ ခံကြတစ်သက်

အပျော်က အပျက်ဖြစ်

နှစ်ကအသစ်ကိုကူး မင်းကတော့အရူး

မထူးဇာတ်မှာနစ်သူတွေလည်းရှိ

ပြန်ကြည့်တော့ ကောင်းကွက်မရှိ

အကြောင်းဆက်ကြည့်တော့ သင်္ကြန်ဆိုတာ

ပျိုကညာတွေ အိုစရာနွေဖြစ်လာ

ချစ်စရာကလေးရေ

ညစ်ထေးလေတဲ့ဘဝဟာ

ဘာနဲ့မှ အစားထိုးမရသမို့

သတိထားလို့ဖြင့် ပျော်စေချင် ။

8

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..