20150415_150551

 

20150415_150350

 

20150415_150704

 

20150415_142123

 

20150415_142123

 

20150415_142722

 

20150415_145056

 

20150415_142233

 

20150415_142730

 

 

 

သူ့ နာမည်က ဦးသောင်းတင်လို့ ခေါ်ပါတယ်။  အသက်ကတော့ ၅ဝကျော်ပါပြီ။ လူပျိုကြီးပါ။

ညီမဖြစ်သူနဲက အတူနေပါတယ်။  မွေးလာကတည်းက နားမကြားပါဘူး။

ဒါ့ကြောင့် စကားလည်း မပြောတတ်ဘူး။ ငယ်ငယ်တုန်းက  နေ့ခင်းဘက် မျက်စိ မြင်ပါတယ်။

ည ဘက်ဆိုရင်တော့ မမြင်ရဘူး။ အခု အသက်ရလာတော့ နေ့ဘက်တောင် ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ မတ်တပ်ရပ်နေရင်  မြေပြင်ကို မမြင်ရ ထိုင်နေရင် မတ်တပ်ရပ်နေသူကို မမြင်ရပါဘူး။

ဒါပေမဲ့ သူ့ဘဝကို အရှုံးမပေးထားဘူး။  သူ တတ်တဲ့ လက်မှုပညာဖြစ်တဲ့ တံမြက်စည်းရက်ခြင်း အလုပ်ကို  သူ လုပ်ကိုင်ပါတယ်။  ကျွန်မ  ဘေးကနေ သေသေချာချာကြည့်မိတော့  သူ  တံမြက်စည်းကို  သဲသဲကွဲကွဲ မြင်ပုံမရ။

လက်နဲ့  စမ်းပြီး ထိုးနေတာပါ။ ဒါပေမဲ့  အကွက်မကျော်ဘူး။ သိပ်လည်း မြန်ပါတယ်။ တရက်ကို တံပျက်စီး ၅ချောင်းတောင် ပြီးပါသတဲ့ ။ ဆိုင်ကို သွင်းတော့ တချောင်း တထောင်ရပါတယ်။

ဒါဆို  သူ တရက်ကို ၅ထောင် ရှာနိုင်တဲ့ သဘောပါ။ ကျွန်မလည်း စိတ်ဝင်စားလို့ ထိုင်ကြည့်နေတော့  သူ သိပ်သဘောကျနေရှာပြီး  ကျွန်မကိုတောင်  အကွက် ဘယ်လို ဖော်ရကြောင်း လက်ဟန်နဲ့  သင်ပေးပါတယ်။

အရင်း ဘယ်လောက်လည်း စပ်စုတော့  တုတ်ချောင်းက  တရာကျပ်၊  အုန်းဆံကတော့  သူ့ဘာသာ လိုက်ရှာပါတယ်တဲ့  အရင်းကို တွက်မယ်ဆို  ၂၀ဝလောက် ရှိမယ်။  တပျက်စည်း တချောင်းအတွက် အုန်းဆံ အချောင်း ၅၀ဝ သုံးရတယ်ဆိုတာလည်း ဗဟုသုတရခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့  ကျွန်မတော့  သူ့ စိတ်ဓါတ်ကို  ဂုဏ်ပြုချင်တာပါ။  ငါ အသက်ကြီးပြီ  မျက်စိလည်း မမြင်ဘူး ဆိုပြီး အရှုးမပေးတဲ့ စိတ်ကလေးကို သဘောကျတာပါ။ မသန်ပေမဲ့ စွမ်းသူတယောက်ကို  ဒီပို့စ်နဲ့  ဂုဏ်ပြုလိုက်ရပါတယ်။

About hmee

has written 87 post in this Website..

စာဖတ်တာ ၀ါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ။