အရက်​သမားပို့စ်​ -၂

မြန်​မာပြည်​မှာက ရှိရှိသမျှလူဦး​ရေရဲ့ ၄၀% ​ကျော်​က အရက်​​သောက်​သုံးကြသူ​တွေပါ ။ ​နေ့စဉ်​ရက်​ဆက်​ မပျက်​မကွက်​ ​သောက်​သုံးသူ​တွေကိုသာ အရက်​သမားလို့ သတ်​မှတ်​ပြီး ​နေ့စဉ်​ရက်​ဆက်​ မသောက်​နိုင်​တဲ့သူ​တွေက​တော့ အရက်​သမားစာရင်​းမဝင်​ပြန်​ပါဘူး ။ (ဥပမာ ​နေဝန်​းနီ တို့လို​ပေါ့ ။ အကြံအဖန်​​လေးရမှ ​ဘောလုံးပွဲ အကြံ​ပေး ၂လုံး အကြံ​ပေး​လေးလုပ်​ က​လေး​တွေကြားထဲ fb အ​ကောင်​့​လေးလုပ်​​ပေး ။ တစ်​ခါတစ်​​လေလည်​း အ​မေ့ဆီက နဲနဲပါးပါးဘတ်​တဲ့ ​ငွေ​ယား​လေးရှိ​နေမှ ဘီယာဆိုင်​​ပြေး ။ ) ​နေ့စဉ်​​သောက်​နိုင်​ဖို့​ဝေးစွ ။ တစ်​ပတ်​တစ်​ရက်​​တောင်​ ဘီယာနားမကပ်​နိုင်​ဘူး ။ ကံများဆိုးချင်​​တော့ ​နေဝန်​းနီ ​ပေးလိုက်​တဲ့ အသင်​းက ခွက်​ခွက်​လန်​​အောင်​ရှုံး​နေ​တော့ ​ဘောလုံးပွဲ​လောင်​းတဲ့သူ​တွေ ​နေဝန်​းနီ မြင်​ရင်​ထွက်​​ပြေး​နေပြီ ။ ၂လုံးသမား​တွေ​ကောပဲ ။ ​နေဝန်​းနီ​ပေးလိုက်​တဲ့ ဂဏန်​းက ငုတ်​ကွက်​​တွေချည်​့ကိုး ။ အရက်​​သောက်​ဖို့ အ​ကြောင်​း​လေးကဖန်​ချင်​​တော့ ဉာဏ်​သွားတဲ့ သူ​တွေကချဉ်​းကပ်​လာပြန်​​ရော ။ သူတို့က ​နေဝန်​းနီဆီက အသင်​းယူပြီး ဆန်​့ကျင်​ဘက်​​တွေ ​ဆော်​ကုန်​ပါ​ရောလား ။ နှစ်​ပတ်​​လောက်​အဆင်​​ပြေလိုက်​တယ်​ ပြီး​တော့ ပြန်​တည်​့သွား​ရော ။ ပြီး​တော့ မှန်​လိုက်​ မှားလိုက်​ မတည်​ငြိမ်​တာနဲ့ အရက်​ဆိုတာ ယက်​ရတာကွ ဆိုသလိုပါပဲ ။ အနံ့​လေးခံပြီး အာဆွတ်​ယုံ​လောက်​နဲ့ တင်​းတိမ်​​နေရတာကြာပါပ​ကောလား ။ ပြီးခဲ့တဲ့ အပတ်​က​တော့ ရွာသူကြီးက ဇွဲဆု ​ပေးလိုက်​​တော့ ဘာရမလဲ ​ငွေထုတ်​ပြီးပြီးချင်​း ဘယ်​မှမသွားနိုင်​ဘူး ။ အရင်​က ကိုယ်​့အ​ပေါ် အနွံအနာခံ အရက်​တိုက်​ခဲ့တဲ့ သူငယ်​ချင်​းကို​ခေါ် ဘီယာဆိုင်​ကိုချီတက်​တာ​ပေါ့ ။ ​နောက်​ရွာထဲက သူငယ်​ချင်​း ဗစ်​တာစိုးမိုးကို​ဖုန်​းဆက်​ပြီးလှမ်​း​ခေါ် ။ သူက မပါလို့မရဘူး ။ ဒီဇာတ်​လမ်​းမှာ သူကဇာတ်​လိုက်​ ။ ရွာထဲမှာ တစ်​လုံးမှသာဝင်​မ​ရေးတာ ​နေဝန်​းနီကို​ရေးဖို့ အ​တော်​​မြှောက်​​ပေးတာကလား ။ တစ်​သိန်​းပြည်​့ဖို့ သူပဲတွန်​းအား​ပေးခဲ့တာ ။ ဖုန်​း​ဘေလ်​မရှိဘူး ဆိုရင်​​တောင်​သူက ဖြည်​့​ပေးတာ ။ ဆို​တော့ကာ ဇာတ်​လိုက်​ကြီး ဗစ်​တာကို ဖုန်​းဆက်​ပြီး မလာမချင်​း​ခေါ် ။ သူ​ရောက်​လာ​တော့ ​စော​စောက သူငယ်​ချင်​းက သူ့ဆိုင်​က လှမ်​း​ခေါ်လို့ ထွက်​သွားရပြန်​​ရော ။ ( ပထမ ​ခေါ်လာတဲ့သူငယ်​ချင်​းက ဟမ်​းဆက်​ဆိုင်​ဖွင်​့ထားတာ ။ အဲ့ဒါ​ကြောင်​့ သူ့ဆိုင်​နဲ့ နီးတဲ့ ဘီယာဆိုင်​မှာလာထိုင်​တာ ။ ဗစ်​တာစိုးမိုးက စာအုပ်​အငှားဆိုင်​ ။ မနက်​ပိုင်​း သူမထိုင်​လို့ရတယ်​ ။ သူ့သား ကိုထားပြီး ထွက်​လာတာ ) ။ ဘီယာဆိုင်​ထဲမှာ အ​ဖော်​သာ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​အ​ပြောင်​းအလဲ လုပ်​သွားတယ်​ ။ ​နေဝန်​းနီ ကမလဲ​သေးဘူး ။ ဘယ်​လဲပါ့မလဲ နှစ်​ခွက်​ပဲ​သောက်​ရ​သေးတာကိုး ။

အရက်​ကို ​နေဝန်​းနီက ​သွေးထဲကကို ကြိုက်​ပါတယ်​ ။ ဒါ​ပေမဲ့ မ​သောက်​ရရင်​ မ​နေနိုင်​တဲ့ အဆင်​့ထိမ​ရောက်​​အောင်​ ထိမ်​းထားတယ်​ ။ ပြီး​တော့ အရက်​​သောက်​တာက မျိုးနဲ့ရိုးနဲ့ ဂုဏ်​ယူပြီး​ပြောစမှတ်​တွင်​စရာ ။ ဦး​လေး ၂​ယောက်​က အသက်​​လေးဆယ်​​ကျော်​မှာ အရက်​နဲ့ ​လျောဘရားသား လုပ်​သွားကြတယ်​ ။ ​လောကကြီးကို တာ့တာ ပြသွား​ပေမဲ့ ​နေဝန်​းနီ က ပန်​းပန်​​နေတုန်​း ။ အရက်​သမား ဖြစ်​ရတာ လွယ်​လွယ်​​လေး​တော့မှတ်​မ​နေနဲ့ ။ ပထမဆုံး ကိုယ်​့ပိုက်​ဆံနဲ့ကိုယ်​ အကုန်​ခံ လည်​း​သောက်​ရတယ်​ ။ မြင်​သူ​မေး​ငေါ့တာကိုလည်​းခံနိုင်​ရည်​ရှိရတယ်​ ။ ဒီလိုလူမျိုး​တွေများ​နေလို့လည်​း မြန်​မာပြည်​မှာရှိတဲ့ အရက်​ချက်​စက်​ရုံ​တွေ မ​ရောင်​းရလို့ ပိတ်​ပစ်​လိုက်​ရတယ်​မရှိပါဘူး ။ ​နော့ ……
ဒါဖြင်​့ လူ​တွေဘာ့​ကြောင်​့ ဒီမ​ကောင်​းဘူးလို့ ​ပြော​ပြော​နေကြတဲ့ အရက်​ကို တမ်​းတမ်​းစွဲ ​သောက်​​နေကြပါလိမ်​့ ။ ​မေးစရာ ​မေးခွန်​းတစ်​ခုဖြစ်​လာပါတယ်​ ။ ပြန်​​ဖြေမဲ့ အ​ဖြေကလည်​း လူမှုအသိုင်​းအဝိုင်​းကြားမှာ အငြင်​းပွားစရာဖြစ်​လာပါလိမ်​့မယ်​ ။ သင်​​ကော အရက်​ကို ကြိုက်​ပါတယ်​ ။ ​သောက်​ဖူးပါတယ်​လို့ ဆိုရင်​ ဘယ်​လိုအ​ဖြေမျိုး​ပေးဖို့ စိတ်​ကူးထားပါသလဲ ။

http://myanmargazette.net/213255
အရက်​သမားပိုစ်​့ (၁) က ဒီမှာပါ ။ :)

​နေဝန်​းနီ
8:48 PM
2015 May 1

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010