ပဲခူးမြို့​ရွှေမော်ဓော ဘုရားသို့ ဂျပန်ဧည့်သည်များနှင့်အတူ​​ရောက်ရှိချိန် မွန်းပိုအမ် တစ်ယောက်၏ရင်ထဲတွင် လှူချင်တန်းချင်​
စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။လက်တွေ့ အကောင်အထည်​ဖော်သည့် အနေဖြင့်တစ်ထောင်တန်တစ်ရွက်တိတိကို သွားလှူ
လိုက်သည်။ဘုရားဂေါပကဦးလေးကြီးမှလည်း ယခုလို လှူရခြင်း
အကျိုးကြောင့်ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကတစ်လှည်း
ဝင်ပါစေဗျားဟု လော်စပီကာမှ ကြေညာလေသည်။
စူးစမ်းတတ်သော ဧည့်သည်တစ်ယောက်က ဂေါပကမှ
ဘာကြေညာသွားသလဲဟု လာမေးလေသည်။လျှာလည်းရှည်သလို စိတ်လည်းရှည်သော(ကြော်ငြာဝင်သည်) မွန်းပိုအမ်ကလည်း အနည်းငယ်မျှသာလှူသည်​ဖြစ်သော်ငြား သဒ္ဓါစိတ်အပြည့်နဲ့
လှူရသောအကျိုးကြောင့် ပိုက်ဆံကို လှည်းတစ်စီးစာဝင်ပါစေလို့ ဆုတောင်းပေးတာဖြစ်ကြောင်း တိတိကျကျ ပြောပြလိုက်သည်။
ဧည့်သည်က ​ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်သော်လည်း အဆုံးသတ်​ကောက်ချက်ချသွားသည်က ပိုက်ဆံက ဝင်လာမှာပေမယ့် လှည်းကြီးနဲ့ဆိုတော့ ကြာနေမှာပေါ့နော်တဲ့။သူ့အတွေးနဲ့သူကတော့
ဟုတ်နေပေ၏။
မွန်းပိုအမ်လည်း ဪငါနောင်တစ်ချိန် ဘုရားဂေါပကဖြစ်သော
အခါမှ လာလှူတဲ့သူတွေကို ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ ညာဘက်က ဒုံးပျံတစ်စီးစာဝင်ပါစေဟု ဆုတောင်းပြင်ပေးမည်ဟု အကြံရချေ
သည်တော့ တကား။

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)