ကျန်းမာရေးသည် လူ့ဘဝမှာအရေးကြီးကြောင်း

wunnakokoAugust 23, 20101min1024

Forward Mail ကရတာလေးကို ရှယ်လိုက်ပါတယ်။

သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ရပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဉာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။

စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

?ui=2&view=att&th=1273b61df6f460a5&attid=0.1&disp=attd&realattid=ii_1273b61df6f460a5&zw
Crataegus (山楂 (shanzha))

ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ “စားဝပြီ” ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်

“မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား” ဆိုသည့်အတိုင်း “မနက်စာ ဝဝရင်ရပြီ” ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစာ္ဆန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

စပျစ်ဝိုင်၏ အသုံးဝင်ပုံ

(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။

4 comments

  • bigcat

    August 23, 2010 at 5:12 am

    ကျေးဇူးပါ ကိုဝဏ္ဏရယ်။ ကိုကိုလို ့မခေါ်နိုင်တာခွင့်လွှတ်ပါ၊ အမေဆူမှာဆိုးလို့် (း
    ကျွန်တော် လျှပ်စစ်ရေနွေးခရားထဲကရေကို သောက်ရင်အဆင်သင့်ပူနေအောင်လို့ အမြဲဖြည့်၊ ခလုတ်ကို ခဏခဏဖွင့်ထားပြီး သောက်နေတာ ကျွန်တော့်ရဲ့ ကျောက်ကပ်ကြီး သတ္ထုတုံးကြီး ဖြစ်နေပြီထင်ပါရဲ့ဗျာ။

  • zawana

    August 23, 2010 at 6:38 am

    ကျန်းမာရေးအတွက် အလွန် အကျိုးရှိတဲ့ ဆောင်းပါးလေးပါပဲ။
    ကျနော်တို့ နေ့စဉ်လူမှုဘဝမှာပဲ အလွယ်တကူ လိုက်နာကျင့်သုံးနိုင်တဲ့ အချက်လေးတွေမို့ လိုက်နာသင့်ပါတယ်။
    ကျနော်ကိုယ်တိုင်ကလည်း ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ပတ်သက်ရင် အပျင်းဆန့်တာ တစ်မျိုးပဲ လုပ်တတ်တာမို့ အိုကေပါပဲ။

  • myozarninaing

    August 23, 2010 at 5:14 pm

    သည်ဆောင်းပါးလေးက ဖတ်တဲ့သူတိုင်းအတွက်အကျိုးရှိမှာပါ။ တင်ပေးတဲ့ ကိုကို ဝဏ္ဏကို ကျေဇူးပါ။ ဟဲဟဲ

  • Gong Zhu

    September 15, 2010 at 1:43 am

    ရေနွေးကြမ်းက လည်ပင်းကင်ဆာဖြစ်တတ်တယ်ဆို ဟုတ်ဘူူးလား

Leave a Reply