ဘဝ ဘဝ လိုတိုင်း မရ

ဆိုခိုင်းကြတဲ့ ကံဇာတ်ဆရာစေသမျှ

နေရ သေကြ

အနေလှသူရှိ အသေလှသူရှိ

အနေမလှသူ ဝေဒနာ အသေမလှသူ ဘဝလမ်းမှာ

စမ်းရေအေးနဲ့ဖြင့် ဝေးခဲ့တာက အသေအချာ

အဖြေရှာ မရပဲရှား ဝေဝါးဝါးကမ်းပါးမှာ

ရေတွေ့ပေမယ့် ရေမရသူ

အသေမတွေ့ပေမယ့် အခြေမလှသူ

လူချင်းလည်းတူပါရဲ့

အားထုတ်မှုလည်း မကွာပါပဲ

ချာချာလည်ငမွဲသာဖြစ်  အပြစ်ဘယ်သူ့တင်ရမည် ၊

1

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..