1de9c14667ee410234942df42a428f91

ပန်းပုဆရာဘ၀ လက်ကြမ်းပါလည်း
ရုပ်မှာ ချောစေချင်မိသည်…

ပန်းပဲဆရာဘ၀ အိုမင်းနေပါလည်း
ဓားမှာ ထက်စေချင်မိသည်…

အုတ်ဖုတ်သမားဘ၀ မီးပျော့နေငြားလည်း
ကိုယ်ဖုတ်သော အုတ် ခံ့ညားခိုင်ခံ့စေချင်သည်…

ကျောက်သွေးသမားဘ၀ အနေစုတ်သော်လည်း
စိန်ကောင်း ကျောက်ကောင်း တစ်ပွင့် ထွက်စေချင်မိသည်…

လက်ဦးဆရာမည်ထိုက်စွာဖြင့် မိဘမှာလည်း
ရင်မှာ ဖွားမည့် သမီးလေးအား
ကြီးမားမေတ္တာ ဂရုဏာဖြင့်
လိုရာပုံသွင်း ပျော့ဖယောင်းသို့
ထွန်းလင်းတောက်ပြောင် မြင်ချင်မိသည့်
ရင်တွင်း မိခင်စကားပါတည်း….

6f403e63b550b19330f36f940b9987d8

manawphyulay

About manawphyulay

manawphyu lay has written 935 post in this Website..

I like Design. I am writing blog.
http://www.manawphyulay.blogspot.com
အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။