တလောကပေါ့…

မက်ခရို အကြောင်း ပြောကြ ဆိုကြ ရင်း..။

DIY တခု ဖောက်သည်ချရင်း ဆိုပါတော့…

 

တခြားမဟုတ်ပါဘူး … lighting technique နဲ့ ပါတ်သတ်ပြီးတော့ပါ…. ဘာမဟုတ်တဲ့ အိမ်သုံးလက်နှိပ်ဓာတ်မီးပဲဖြစ်ဖြစ်

ဖုန်းမှာပါတဲ့ မီးပဲ ဖြစ်ဖြစ်ပေါ့.. ။ (တခြား photography တွေထက်) macro photography မှာ ဘယ်လိုသုံးလို့ရတယ် ဆိုတာနဲ့ ပတ်သတ်ပြီးတော့ပါ..။

ကျနော်လည်း macro ကို lighting အမျိုးမျိုး နဲ့ စမ်းခဲ့ ..စမ်းနေ စမြဲပါ…။

ခုလည်း နည်းနည်း ထပ် စမ်းထားပါတယ်။

 

 

ဒီတခါကတော့ ပန်းထိမ်ငိုတွေပါ…။ (တချို့ အရပ်မှာလည်း ပန်းထိမ်မနိုင် လို့ ခေါ်တတ်သေးတယ်တဲ့ဗျ)

ထားပါတော့ လေ ပြောလိုရင်းက နာမည်မဟုတ်ပါဘူး …။ ဓာတ်ပုံအကြောင်းပါ။

နှင်းဆီ လို စံပယ်လို ခပ်ဝိုင်းဝိုင်း သဏ္ဍာန်ရှိတဲ့ ပန်းတွေလိုမဟုတ်ဘဲ အခိုင်လိုက် တွဲကျနေတဲ့ ပန်းမို့

နည်းနည်းတော့ ချဉ်းကပ်ရပုံ ကွာသဗျ…

ဒါဆို portrait ပုံစံ ဒေါင်လိုက်ပဲ ရိုက်ရမလား…

အခိုင်တခုလုံးကို ပြမှာလား…

ဘာလေးပဲ ကွက်ပြမှာလဲ … နည်းနည်းတော့ အုံးစားသဗျ..

 

 

 

၁။

ဒီပုံက ညာဘက်အောက် ခပ်ယွန်းယွန်းကနေ အလင်းရောင်ပေးထားတဲ့ ပုံဗျ.

ပန်းပွင့်တွေပေါ်က အရိပ်နဲ့ ဘယ်ဘက်ခြမ်း မှောင်နေတာကို ကြည့်ရင် သိသာပါတယ်ဗျာ။

နောက်ခံကတော့ အထွေအထူး မဟုတ်ပါဘူး .. ပန်းတွေရဲ့ နောက်ဘက် ၃ပေလောက် အကွာမှာ ရှိတဲ့ စားပွဲတလုံးရဲ့ စားပွဲခင်းပါပဲ။

 

IMG_8558

1

 

၂။

ဒါကတော့ ဘယ်ဘက် အပေါ်ခြမ်းကနေ အလင်းပေးထားတာဗျ။

ဘေးတိုက်တည့်တည့်မဟုတ်ဘဲ (နောက်ကနေ ရှေ့ကို) ဒီဂရီ စောင်းထားတာမို့

နောက်ခံ BG ဆီကို အလင်းမရောက်တာ မြင်ရမှာပါ

ရိုက်တာကတော့ သိပ်ထူးထူးဆန်းဆန်း မဟုတ်လှပါ။

IMG_8559

2

 

၃။

သည်ပုံက ဘယ်ဘက် အောက်ထောင့်ကနေ အလင်းပေးထားတာဗျ…။

ပန်းပွင့်တွေ နောက်ကနေ ရှေ့ကို ခပ်ငိုက်ငိုက် ငေါထွက်ေ်နတာနဲ့ ဆန့်ကျင်ဘက်အပြိုင်

မီးကို အောက်ကနေအပေါ် ခပ်စောင်းစောင်း ပေးထားပါတယ်။

ပန်းခိုင်တခုလုံး မဟုတ်ဘဲ ထိပ်ဆုံးက တပွင့်တည်းကို အနီးကပ် ဖြတ်ရိုက်ကြည့်ထားတာပါ။

 

IMG_8561

3

 

၎။

ဘယ်ရော ညာမှာပါ အလင်းပေးထားတယ်ဗျ။

ဘယ်ဘက်က ဖြည့်စွက်ထားတာဖြစ်ပြီး ညာဘက်ကတော့ မီးချောင်းက အလင်းရောင်ဗျ

brightness တော့နည်းနည်းတင်ထားသေးတယ်…

နောက်ခံ ဖွေးသွားတာကတော့ ပန်းအိုးကို မီးနဲ့ angle စောင်းထားတာမို့

မီးကို နောက်ခံထားသလို ဖြစ်လို့ပါ။

IMG_8569

4

 

၅။

သည်ပုံက အလင်းပေးပုံနဲ့ ပါတ်သတ်ပြီး ထူးထူးခြားခြား ပြောဖို့ မရှိပါဘူး။

landscape ပုံစံ ဒေါင်လိုက်ရိုက်ကြည့်မယ် စိတ်ကူးပြီး ပန်းခိုင်ရဲ့ ထိပ်ကို တခြား ပန်းခိုင်တွေ နောက်ခံထထားပြီး ရိုက်လိုက်တာပါ

တခုလေးပဲ သတိထားပြီး နေရာချမိတာက အဆိုပါ ပန်းခိုင်တွေရဲ့ ထိပ်တွေ တတန်းတည်းနီးပါးဖြစ်ဖို့ပါပဲ။

IMG_8577

5

 

၆။

သည်ပုံလည်း ထိုနည်းလည်းကောင်းပါ

ဒေါင်လိုက် ပြန်စမ်းကြည့်မယ်ပေါ့..။

ပုံ၁ နဲ့ ကွာသွားတာက ပုံ၁။မှာက isolation လုပ်ထားတာ

သည်ပုံမှာက အလယ်က ပန်းခိုင်ကို ရှေ့ နဲ့ နောက် ပန်းခိုင်တွေ ညှပ်ပြီး ရိုက်တာ..

ဒါပါပဲ။

IMG_8578

6

 

၇။

တကယ်ဆို မည်းနေတဲ့ BG က ကြမ်းပြင်ဗျ။

natural light ကို ပြတင်းပေါက်ပိတ်ပြီး ကာလိုက်တယ်။

ဘယ်ဘက်အပေါ်ကနေ ပန်းခိုင်ပေါ်ကို မီးပေးတယ်။ မီးနဲ့ ပန်း ၂ပေလောက်ကွာတယ်။

ပန်းခိုင်က ကြမ်းပြင်နဲ့ ၃ပေလောက် ကွာတယ်။

ကိုယ်ပေးတဲ့မီးက ကြမ်းပေါ်မရောက်တော့ဘူး..

ပန်းပွင့်တွေပဲ လင်းပြီး BG က မှောင်မည်းနေတယ်ပေါ့…။

(Studio Lighting ထဲက တက္ကနစ် တခုအနေနဲ့ စာသံပေသံ ရှင်းမပြတတ်တာ ခွင့်လွှတ်ပါဗျာ)

IMG_8579

7

 

၈။

ရိုးတံအ၀ါ အဖူးတွေနဲ့ ပန်းခိုင်တွေချည်း ရိုက်နေရင်း အပွင့် ပွင့်နေတဲ့ အခိုင်တခုကို တွေ့လို့ ရိုက်ထားတာပါ

ဘာမှတော့ အထူးအဆန်းမဟုတ်။

 

IMG_8583

8

 

သည်အောက်က ၉ နဲ့ ၁၀ ကတော့ နောက် ရက်မှာ ဆက်ရိုက်ထားတဲ့အထဲက ရွေးထည့်ထားတာပါ။

 

၉။

တခြား BG တွေအစား ပင်ကိုယ် ပန်းခိုင်ရဲ့ အရွက်ကို နောက်ခံထားရင် ဘယ်လိုနေမလဲ ဆိုတာကို စမ်းကြည့်ထားတာပါ။

နဂိုလည်း သည်ပန်းရဲ့ အရွက်တွေက အစိမ်းနုရောင်ရှိတာ တကြောင်း ။

အလင်းရောင် တခြမ်းပဲ ပေးပြီး highlight ကို ကစားကြည့်ချင်တာတကြောင်း နဲ့

ပုံ-၉ ရရှိလာခဲ့ကြောင်း။။။

IMG_8570

9

 

 

၁၀။

ဒါကတော့ အလင်းနဲ့ နောက်ခံ ကို ဖွေးထွက်သွားအောင် လုပ်တာမျိုးမဟုတ်ဘဲ

သပ်သပ် နောက်ခံ အဖြူရောင်ခံထားပြီး ရိုက်ကြည့်ထားတာပါ။

အဆင်ပြေမယ်ထင်ပါတယ်။

 

IMG_8613

10

 

တခြား ရိုက်ချင်သေးတဲ့ ပုံစံကွဲတွေ ရှိနေသေးပေမယ့်

လက်တလော ဘုရားကပ်ထားတာမို့… ဘုရားစင်နဲ့ စားပွဲပေါ်လောက် ခုံပေါ်လောက်ကလွဲရင် ချမရိုက်ရဲတာမို့…

သည်လောက်ပါပဲဗျာ။

 

(Reflector eff တွေ စမ်းချင်သေးသဗျ)

 

နောက်များမှ …ပန်းသပ်သပ်ဝယ်ပြီး စိမ်ပြေနပြေ ထိုင်ရိုက်ရင်း မှတ်တမ်းလုပ်ပါဦးမယ်။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011