အမေ….
လောကရဲ့ ဓမ္မတာအရ
သေမင်းကို အံတုပြီး
ရဲရင့်မှု အပြည့်နဲ့
သားသ္မီး တို့ကိုမွေးဖွား
သွေးသားကို နို့ချိုပြောင်း
အားသစ်တွေလောင်းပေးတဲ့အမေ…..
များတကာမတုနိုင်တဲ့
မေတ္တာတွေနဲ့ လွှမ်းခြုံ
ရင်တွင်းမှာ လုံခြုံစေပြီး
လောကရဲ့ အလယ်
မျက်နှာမငယ်စေတဲ့ အမေ…..
အချိန်တန်
ရင်ကိုစုံကန်ထွက်လည်း
မျက်နှာတစ်ချက်မပျက်
ရင်ထဲပွက်ဆူတာ လူမသိစေ
မချိ ပေမဲ့
အပြုံး မပျက်စေတဲ့ အမေ……
ဆန်ရေကို မမျှော်
စုန်ရေကို ပျော်နေတဲ့ အမေ….
အမေ့သွေးသားတွေနဲ့
ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ
ပျော်နေ ၊ ပြုံးနေရင်
အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင်
အနန္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့
အနန္တပေါင်းအနန္တဆိုတာ
အမေ့ မေတ္တာနဲ့ စာခဲ့ရင်
အသေးအမွှားပါလား အမေရယ်…….

မနောဖြူလေး

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။