* ကျွန်မချစ်သူက သူပြောသမျှခေါင်းငြိမ့်ပြီးထိုင်ဆိုထိုင်ထဆိုထ စေလိုရာစေလို့ရတဲ့ပုံစံဖြစ်စေချင်တယ်
* ကျွန်မချစ်သူကသူ့အပြစ်ကိုထောက်ပြရင်မကြိုက်တတ်ကြဘူးသူတို့သာအပြစ်ထောက်ပြသူဖြစ်ချင်တယ်
* ကျွန်မချစ်သူကသူ့အပေါ်အပေါ်ပြုမူဆက်ဆံမူမျိုး ပြန်ဆက်ဆံခံရရင် မကြိုက်ဘူး
ဥပမာ –    သူစက်ပိတ်ထားရင်ထားမယ် တဖက်လူစက်ပိတ်ထားတယ်ဆိုစိတ်ဆိုးတယ်
ကျွန်မခေါ်တဲ့ဖုန်းက သူ့ဘက်မှာ Miss Call တွေထပ်ခါထပ်ခါဖြစ်နေတာထက်
သူတစ်ခေါက်ခေါ်လိုက်လို့ Miss Call တစ်ခါလောက်ဖြစ်သွားရင် စိတ်ဆိုးတယ်
* သူတို့ကိုကြုံဆုံလို့ ဥပမာပေးပြီးဘယ်လိုခံစားရလည်းမေးရင်လည်းမကြိုက်ကြဘူး ခြေရာတိုင်းတယ်ထင်ကြတယ်
* ကျွန်မချစ်သူက သူဖြစ်စေချင်သလိုသူလိုချင်သလိုလုပ်မပေးနိုင်ရင်မချစ်ဘူးလို့ထင်တယ် အကျိုးအကြောင်းဘယ်လောက်ပြည့်စုံပြီး ဘယ်လောက်ခိုင်မာနေပါစေ သူကနားလည်မပေးဘူး
* ကျွန်မချစ်သူကတဖက်လူဖြစ်စေချင်သလိုတော့လုပ်မပေးချင်ဘူးသူလိုချင်တာကိုပဲရအောင်လုပ်တယ်
* ကျွန်မချစ်သူကကျွန်မကြောင့် သူ့မှာကောင်းတဲ့ပြောင်းလဲမှုမျိုးရှိရင် ကျွန်မကြောင့်လို့ဝန်မခံတတ်ဘူး။ မကောင်းတာတစ်ခုခုဖြစ်ရင်တော့ မင်းကြောင့်ဆိုပြီးအပြစ်ဖို့တတ်တယ်
* ကျွန်မချစ်သူကသူ့ကို ချိုချိုသာသာချွဲချွဲနွဲ့နွဲ့ပြောတတ်တဲ့မိန်းကလေးတွေနဲ့ဆိုသာယာတတ်တယ်
* ကျွန်မချစ်သူက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုး
ဒီအချက်တွေက ကျွန်မချစ်သူမှာမှမဟုတ်ပါဘူးလူတိုင်းမှာရှိပါတယ် ဒါပေမယ့် ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်အတွက် ဒီလိုအချက်တွေကို တတ်နိုင်သမျှမလျှော့ချနိုင်ရတာလဲ
ယောကျာ်းလေးရောမိန်းကလေးရောအလုပ်ကရင်ဘောင်တန်းပြီးလုပ်နေရတဲ့ခေတ်မှာ ဘာလို့နားလည်မူမပေးနိုင်ရတာလဲ သူတို့လည်းလူကိုယ်လည်းလူပဲ
ကျွန်မကလည်း လူဟာလူပဲမို့ အပြစ်မကင်းပါသို့ပေမယ့်
သူများဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့လူတစ်ယောက်မှာကိုယ်ပိုင်အချိန်ဆိုတာနဲနဲပဲရပါတယ်
ရတဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ့်အတွက် လုပ်စရာလိုအပ်တာတွေ လိုက်လုပ်ရတယ်
လုပ်ငန်းခွင်မှာ ရာထူးတိုးတာတွေရှိခဲ့ရင်ကိုယ်မကျန်ခဲ့ရလေအောင် သင်တန်းတွေတက်ရတယ် လက်မှတ်တွေရအောင်ယူဖို့လုပ်ရတယ်
ဆွေမျိုး မိတ်ဆွေတွေရဲ့သာရေးနာရေးကိစ္စတွေရှိတယ်
stress တွေကို ဖြေဖျောက်ဖို့ relax တစ်ခုခုလုပ်ရတယ်
အိမ်မူကိစ္စတွေလုပ်ရတယ်
တိုက်ခန်းစာချုပ်ပြည့်လို့ပြောင်းရတော့မယ်ဆိုရင် ကျောချစရာနေရာတစ်ခုရဖို့ ခြေတိုအောင်လိုက်ရှာရတယ်
ရရင်လည်းပြောင်းဖို့ရွှေ့ဖို့သိမ်းဆည်းရ သန့်ရှင်းရေးလုပ်ရ
ဒါတွေကိုဘာလို့နားလည်မပေးနိုင်ရတာလဲ ??????
ကျွန်မသူ့ကိုသွားမတွေ့နိုင်ရင် သူလာခဲ့မယ်
ကျွန်မပင်ပန်းတဲ့အခါခိုနားရာတစ်ခုဖြစ်ဖို့
ကျွန်မလူတွေနဲ့ဝေးရာထွက်ချင်တဲ့အခါ သူ့ရင်ခွင်ကပုန်းခိုစရာရင်ခွင်ဖြစ်ဖို့ လုပ်ပေးဖို့ဘာလို့မစဉ်းစားနိုင်ရတာလဲ ဘာလို့လိုချင်တာတွေကိုပဲတောင်းတနေရတာလဲ
ကျွန်မ နားမလည်နိုင်ဘူး
ဒီတော့ကျွန်မမှာအဖြေတစ်ခုပဲရှိတော့တယ်
ကျွန်မကလည်းလူထဲကလူပဲမို့ သူလည်းလူထဲကလူပဲမို့ လူဟာလူပဲမို့

About Foolish Girl

C K has written 54 post in this Website..