ငိငိငိ။
ဘာမှ မဟုတ်ဘူးး

ရွာထိန်း လူနည်းတုန်း ကိုယ် ကြွားချင်တာလေး လာထားတာ။

ဟိ။

:mrgreenn:

.
ဂဂ စီစဉ်တဲ့ Food Magazine မှာလေ

ဝါသနာရှင် ချက်ပြုတ်နည်းမှာ သများ ပါတယ်။

:mrgreenn:

:mrgreenn:

:mrgreenn:

 

 

 

 

အာ့ဒါ သများလို့ လာပြောတာ။
ငိငိ။

:aa:

ရန်သူက နည်းတယ်ဆိုတော့ ချောင်းရိုက်မှာ မကြောက် ဘာမကြောက် လာကြွားတာ အဟေးဟေးဟေးးး

:kwi:

:mrgreen:

~~~~~~~~~~~~~~~~~~~~~

 

ဘီယာဘဲ

 

 

IMG_1105

 

ပါဝင်ပစ္စည်း

.
၁) ဘဲ – တစ်ကောင်

၂) ရှောက်ကောမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၃) ပါကောမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၎) ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်

၅) ပဲငံပြာရည် အကြည် – လက်ဖက် ရည်ဇွန်း ၃ ဇွန်း

၆) ပဲငံပြာရည် အနောက် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၇) ဆား – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၈) တရုတ်မဆာလာမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

၉) ဘီယာ – ၂ ဗူး

၁၀) ဂျင်း – လက် တစ်ဆစ် ၃ တက်

၁၁) ကြက်သွန်ဖြူ – တစ်လုံး (သို့) ၁၀ မွှာ

၁၂) ကြက်သွန်နီ – ၃ လုံး

၁၃) နာနတ်ပွင့် – ၅ ပွင့်

.

.

.

ပြုလုပ်နည်းး

.
၁) ဘဲနဲ့ ဘီယာကလွဲပြီးကျန်တဲ့ အမှုန့်တွေ ပဲငံပြာရည် တွေကိုပန်းကန်လုံးတစ်ခုထဲ နှံ့အောင် ရောထားပါ။

၂) ဂျင်း ၂ တက် နဲ့ ကြက်သွန်ဖြူတွေကိုထောင်းပြီးအဲဒီပန်းကန်လုံးထဲကိုအရည်ညှစ်ထည့် ပါ။

၃) ဘဲကိုခေါင်းနဲ့ ခြေထောက်ဖြုတ်ပြီး ရောမွှေထားတဲ့ ပါဝင် အမှုန့်များနဲ့ တစ်ကောင်လုံးကို နှံ့အောင်နယ်ပြီး နှပ်ထားပါ။

ထောင်းညှစ်ပြီးသားဂျင်းနဲ့ ကြက်သွန်ဖြူကိုဘဲကိုယ်ထဲကိုထည့်ထားပါ။

၎) ရိုက်(စ) ကွတ်ကာ (သို့) ပေါင်းအိုးထဲကိုဘဲကိုထည့်ပါ။

၅) ရေအစားဘီယာထည့်ပါ။

၆) ဂျင်းလက်တစ်ဆစ်ကိုပါးပါးလှီးထည့်ပါ။ နာနတ်ပွင့်ကိုထည့်ပါ။ ကြက်သွန်နီကိုအခွံသင်ပြီးစဉ်ထည့်ပါ။

၇) ပြီးလျှင် ပေါင်းအိုးခလုတ်ကို နှိပ်ပြီးတည်ထားပါ။

၈) ခလုတ်တက်လျှင် အိုးထဲကထုတ်ခါ သုံးဆောင်နိုင်ပါပြီ။

၉) ကိုက်လန် အညွန့် တို့ အာလူးတို့ထည့်ခြင်းဖြင့် အပေါ့အငံထိမ်းချုပ်နိုင်ပါသည်။

၁၀) အချိုးကိုသင့်တော်သလို ပြင်ဆင်နိုင်သည်။

 

IMG_1108

IMG_1127

~~~~~~~~~~~~~~~

လွဲတာလေးတွေလည်း ပြောအူးမယ်။

ဟိဟိ။

:mrgreenn:

:mrgreenn:
ဂဂ တောင်းကတည်းက ဘာချက်ရမှန်းမသိဘူးလေ။

ကိုယ်ချက်တတ်တာ လည်း များများစားစား သိပ်မရှိ။

:mrgreenn:

 

တစ်နှစ်လောက် စဉ်းစားအပြီးး…….

အမယ် စဉ်းစားတာက ဘာချက်ရမတုန်းမဟုတ်ဘူးး
ဘာဝတ်ရမတုန်း စဉ်းစားတာ။  8)  8)

.

.

ခုပြီး ခဲ့တဲ့ စက်တင်ဘာ မွေးနေ့မှာ ရုံးက လူတွေကို ထမင်းကျွေးတော့ ဘဲ ကောင်လုံးလေး ချက်မှပါလို့ တွေးပြီး

(တရုတ်တွေက ဘဲ ကြိုက်တာနဲ့ ကေဇီ က ဘဲ ပဲ ကျွမ်းးးတာနဲ့ အဟွတ်)  :oops:  :oops:

.

.
ခါတိုင်းက ခုတ်ပြီးသား ဝယ်ချက်တာလေ။

ဒီ တစ်ခါတော့ ကောင်လုံး ချက်မှရမယ်။ လူများတယ်လေ။
ကောင်လုံး ချက်မဲ့ တူတူ မထူးဘူးး
မဂ္ဂဇင်း အတွက် ဓာတ်ပုံပါ ရိုက်မယ်စဉ်းစားမိတာ။
ဟိဟိ။

:mrgreenn:
အာ့နဲ့ အဲဒီမနက် ဘဲ တည်ထားတုန်း ရေချိုး အလှပြင် ..

ဟိဟိ

:chit:
ဘာလေး နဲ့ ဝတ်ဝတ် လိုက်အောင် အေပရွန်ကို ရောင်စုံအဆင် ၊ နားဆွဲကို ဆင်တူတွေ ဝယ်ထားခါမှ ဝတ်ချင်တဲ့ အရောင် ရွေးမရပဲ ကြာနေတာ..

ဘဲက ကပ်သွားပါရောလားး

:byee:
အာ့နဲ့ ကပ်သွားလို့ အရေခွံကွာတဲ့ နေရာတွေ ကိုက်လန်ညွန့်နဲ့ ဖုံးထားရတယ်။

:bb:

ခုတ်တုန်းကလည်း ခေါင်း ရော လည်ချောင်းရော ခုတ်ခိုင်းတာ၊ ဆိုင်က တရုတ်ရယ် ခေါင်းလေးပဲ ခုတ်ပေးလိုက်တယ်လေ။

:chee:

 

သများ လှ ပြီးရော မဟုတ်လားး
ဟိ။
ဘဲ ချောချောမရတာတော့ ကံ ပေါ့။

:boss:

:kwi:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 346 post in this Website..

CJ # 129120