ပထမ ခြေလှမ်း သို့၆ ရက် အလို – Best of Luck, Burma…!!!
ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။
ဟိ.။
ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။
တောက်ခါမှ တောက်ရော။
ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။
ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး
မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။
အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။
အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။
ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။
ထိုက်သင့်သလောက် ပညာ အရည်အချင်းနဲ့ ဘဝပေး အခြေအနေရှိရင် အမှားအမှန်ကို ခွဲခြားနိုင်တယ်လို့ ယူဆလို့ ဘယ်သူ့ကိုမှ ဘာမှ ပြောဖို့ မကြိုးစားတော့ဘူး
ဟိုတစ်နေ့က အမေစု ရဲ့ နိုင်လည်း ဘယ်လို ရင်ဆိုင်ရမယ်၊ အခန့်မသင့်လို့ ရှုံးရင်လည်း ဘယ်လို တည်ငြိမ်ပါ ဆိုတာလေး ဖတ်မိတော့ စိတ်အတော်အတန်အေးသွားတယ်။
.
.
.
မဲရေတွက်တာကို စိတ်ဝင်စားရင် စောင့်ကြည့်လို့ရပါတယ်၊ကိုယ့်မဲရုံမှာ ဘယ်သူနိုင်လဲဆိုတာ နားစွင့်ထားပါ၊
တစ်ညလုံးစောင့်ပြီးနားစွင့်ရမယ်ဆိုရင် ပျော်စရာကောင်းပါတယ်…
ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နားထောင်ကြပါ
ကိုယ့်ဘက်ကနိုင်ရင်လည်း သိပ်ပြီးအုတ်အော်သောင်းနင်းဖြစ်အောင်မလုပ်ပါနဲ့၊
ကံမကောင်းအကြောင်းမလှလို့ရှုံးခဲ့ရင်လည်း ဣနြေ္ဒရရနေပေးကြပါ။
.
.
.
သူ ဖြတ်သန်းရမဲ့ ခရီးကြမ်းကို သူ့လောက် ဘယ်သူမှ မသိနိုင်ဘူးလေ။
သူ နိုင်မှ ဒီမို ခရီးကြမ်း ရဲ့ ခြေလှမ်းအစပါ။
ပထမ ခြေလှမ်း အတွက် လှမ်းဖို့ အတွက်ကိုကို ကျနော်တို့ အတော် စိတ်မောရင်မောနေရတယ်။
ဝဋ်ကြွေးကြီးပါတယ် မြန်မာပြည်ရယ်။
ရလာဒ်ဟာ ဘာပဲထွက်ထွက် မြန်မာ နိုင်ငံရေးမှာ အမေစု ရှိနေသရွေ့ သူ့ဘက်က အမြဲရှိမဲ့ သူ အဖြစ်ကိုယ့်ကိုယ်ပဲစိတ်ချတယ်။
သူ့ထက်တော်သူပေါ်လာနိုင်ဦးတောင်…
သူ့လောက်စေတနာရှိသူ နိုင်ငံအတွက် တွေ့လာမယ်ကို မထင်သေးတာ။
ခါတလေတော့လည်း သူ့ကို အတိုက်အခံ/ ပြိုင်ဘက်ကောင်း ရစေချင်တယ်။
NLD ပါတီ အနိုင်ရရင်တောင် အတိုက်အခံပါတီကိုလေ……
စကားကို ပညာသားပါပါ မပြောတတ်တဲ့၊
ပါစင်နယ် အောက်လုံးထိုးတတ်တဲ့
ပညာမဲ့တဲ့
အပျင်းကြီးတဲ့၊
ရက်စက်တတ်တဲ့ သက်ကြားအို တွေ ပါတဲ့ ပါတီကို မဖြစ်စေချင်တာလည်း ကိုယ့်လောဘတစ်မျိုးပဲ။
(ကြောင်ကြောင့် ကို ပြန်ခေါ်ပြီး အတိုက်အခံပါတီ ထောင်ခိုင်းရမလားတော့မသိ)
Anyway,
၆ ရက်ပဲ ကျန်တော့တယ်…
မြန်မာနိုင်ငံ ဟာ….
ကမ္ဘာ့ စာရင်းဝင် ငြိမ်းချမ်းရေး icon အမျိးသမီး ဦးဆောင်တဲ့ အရပ်သား အစိုးရနဲ့ တန်တဲ့ နိုင်ငံလားးးး???
ကမ္ဘာ့ အာဏာရှင် စာရင်းဝင် အစိုးရနဲ့ ပဲ တန်တဲ့နိုင်ငံလားး ???
အဖြေကို သိရတော့မယ်….!!!
အဲဒီ ၂ မျိုးးမှာ ဘာ ကို ရွေးချယ်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက် ပိုင်ရှင်များ အပေါ်မူတည်ပြီးး
ကျနော် တို့ နိုင်ငံရဲ့ အကုသိုလ် ကံ နဲ့ ဒုက္ခ ဆင်းရဲ ကြွေးး ဘယ်လောက်ကျန်သလဲ သိရတော့ မှာပဲ…
Best of Luck, Burma..!!!
ပြောင်းလဲဖို့ အချိန်တန်ပြီလေ…
ဒါနဲ့… အရှုံးအနိုင် ဘယ်ကာလလောက်ဆို သိရနိုင်မလဲ သိချင်တာ…..။
Was this answer helpful?
LikeDislikeညတွင်းချင်း မဲရေရမှာတော့သိတယ်။
ဒါပေမဲ့ မြန်မာ့နည်း မြန်မာ့ဟန်လူကြီးမင်းများက တစ်ပတ်ကြာမှ ထုတ်ပြန်မယ်ဆိုတော့
ဘာ အကြံအဖန်လုပ်အူးမလဲ မသိ။
Was this answer helpful?
LikeDislikeဘာလဲဟ။ မဲ စာရင်း အဖြေ ဆိုတာ ဖြစ်နိုင်ရင် Live တောင် ဖွင့်ချ ပြောနေရတာ။
ညစ်လုံးတွေ က တစ်မျိုးပြီးတစ်မျိုး။
ဒီလောက် စဉ်းစားအသိဉာဏ် နဲ တဲ့ ဟာ တွေ ရဲ့ ပြည်သူ ဖြစ်ရတာ ရှက်ပြီး ရင်း ရှက်၊ စိတ်ပျက်ပြီး ရင်း ပျက်ဘဲ။
အခုဘဲ FB ထဲ မှာ ဇွန်ကြီး ရဲ့ မဲဆွယ် ဖျော်ဖြေနေတဲ့ ပုံ တွေ တက်နေတယ်။
တမင်ဘဲ ဂျောက်တွန်း တဲ့ အကြံလား။ ရိုးရိုးသားသား အဟုတ်လား မသိ။
ပြည်သူ တွေ ကို သူတို့ လို ဖွတ် ဦးဏှောက် လို ထင် နေတယ် ထင်ရဲ့။
ဒီအချိန် ဒီ လို ပုံ နဲ့ “မ ဘ သ မူ” တွေ နဲ့ ဟပ် လို့ ပါဘဲ။
ကိုယ်ထင်သလို ရမ်းတီး နေတဲ့ အသိဉာဏ်အားနည်း မှု တွေ ကတော့ ဖုံးမရ၊ ဖိမရ။
ဒါကိုမှ အားပေးနေကြtသေးရင်လဲ ဒီ လို လူ တွေ ရဲ့ အသိ နဲ့ သာ တူ နေလို့ ဘဲ။
Was this answer helpful?
LikeDislikeအဲဒီလို ကြားနေတာ ပဲ အရီးရေ။
ဘာတွေမှန်းကို မသိဘူးး
ဘယ်ချက်က ညစ်မလဲလို့ စောင့်စရာကို မလိုအောင် အဖက်ဖက်က ညစ်နေတာ။
Was this answer helpful?
LikeDislike၂ ပတ် ကြာ မှ တစ်နိုင်ငံလုံး ရဲ့ အရှုံး အနိုင်ကို ကြောငြာနိုင်မယ်လို့ ပြောနေတယ် ခမျ ကိုယ့်မဲရုံ ဘယ်သူနိုင်တယ်ဆိုတာ မှတ်ပြီး ရင်ခုန်စွာ ထီထိုးကြပါဦးလို့
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ခု မြင်နေတာတွေကလေ
မဲစာရင်း မှားတယ်။
လူပိုတွေ ပါနေတယ်။
လူစာရင်းတွေ ပျောက်နေတယ်။
ကြိုတင်မဲ တွေ ပယ်မဲ တွေ ကို သူတို့ မဲ ဖြစ်အောင် လုပ်မယ် ဆိုပြီး တွေ့တွေ့နေတယ်။
မဲ သွားပေးကြပါ မဲသွားပေးကြပါ နှိုးဆော်နေတာတွေလဲ တွေ့တယ်။
ဘာ ကို မတွေ့ဘူး လဲ ဆိုတော့
ပါတီ တွေရဲ့
ကျနော် ကျမ တို့ကတော့ မဲ ရလာဒ် ကို မဲခိုးမရအောင် ဘယ်လို ပြင်ဆင်ထားပါတယ်။
စောင့်ကြည့်တဲ့ အဖွဲ့ ကို ဘယ်လို သင်ပေးထားပါတယ်။
ဘာတွေ ဘာတွေ လုပ်နေပါတယ် ဆိုတာကို မတွေ့ဘူးကော (ကိုယ့် friend list ထဲမှာ အမတ်လောင်းတွေ ရှားပါး လို့ လဲ နေမယ်)
ကိုနဗန ကြီး တစ်ယောက် ပဲ မဲပုံးတွေကို ချိတ်ပိတ် ဖို့ ပြောနေတာ တွေ့သေးတယ်။
ဆိုတော့ကာ…
မဲစာရင်း ဘယ်လောက် မှားမှား
မဲလာပေးတဲ့ လူနဲ့ မဲအရည်အတွက် စာရင်း ကိုက် ရင် ရတယ် မဟုတ်ဘူးလားဟင်။
ဥပမာ ဒီ ရပ်ကွက် မှာ လူ ၁၀၀၀၀ ရှိတာမှာ
မဲစာရင်းထဲ သေပြီးသား လူက ၃၀၀၀
တကယ် ပေးလို့ရတဲ့ လူက ၄၀၀၀
မဲစာရင်းထဲ မပါတဲ့ လူက ၃၀၀၀ ပဲ ထားဦး။
လူ ၄၀၀၀ လာပေးလို့ မဲ ၄၀၀၀ မှာ ဘယ်လောက် က ဘယ်ပါတီ ကို ပေးတယ်
ဘယ်နှမဲ က ပယ်မဲ ဖြစ်တယ်
ဘယ်လောက်က ကြိုတင်မဲ ဆိုပြီး ယူလို့ မရဘူးလား ဟင်။
Was this answer helpful?
LikeDislikeပြောရရင်တော့ စိတ်ဒုန်းဒုန်းမချနိုင်သေးတာ အဲဒါ။
မဲ မလိမ်လို့ကတော့ နိုင်မယ် သိနေတယ်။
မဲ မလိမ်အောင် ဘယ်ချက်ကနေ တားရမယ် မသိဖြစ်နေတယ်။
စကတည်းက ဖောက်လာလိုက်တဲ့ အပေါက်တွေ ဘယ် အပေါက် စ ဖာရမှန်းကို မသိတာ။
ကိုယ်ပိုင် မီဒီယာ မရှိ၊
ဘဏ္ဋာမရှိ
ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ မရှိတဲ့ ပါ တီမို့ အရမ်း ဖိအားမပေးရက်ဘူးဖြစ်နေတယ်။
Was this answer helpful?
LikeDislikeမောင်ဂျက် ရေ
တကယ်တော့ မရှုပ်သင့်ဘဲ ရှင်းရှင်းလေးပါ။ အလယ်တန်း ကလေး တွေ တောင် လုပ်နိုင်တဲ့ အလုပ်တစ်ခုပါ။
အဝင်စာရင်း နဲ့ အထွက်စာရင်း ကိုက်ဖို့ နဲ့ မဲပုံး တွေ မလဲ ဖို့ အရေးကြီး ပါတယ်။
ဒါပေမဲ့ သိက္ခာ ကို တန်ဖိုးမထားဘဲ လိုတာရဖို့ ဘဲ ဖန် နေသူ တွေ လက်ထဲ ပါဝါ ရနေတာ စိတ်ကုန်စရာပါ။
ပိုက်ဆံရရင် လုပ်ပြိုင်မဲ့ တနပ်စား သမား တွေ ဘယ်လောက် ရှိနေမယ်လဲ မသိ တော့ အဲဒါ က မယုံချင်စရာဘဲ။
BTW
အဲဒီ မဲ စာရင်း ကို ပြုစု ထုတ်ပြန် ဖို့ ရေးခဲ့ တဲ့ မြန်မာပြည် ထဲ က Software Co. တစ်ခု ကို အနံ့ ရလိုက် တယ်။
ခပ်သေးသေးပါ။ အဘ တို့ ရဲ့ လက်ကိုင်တုတ် နေမှာပေါ့။
တကယ်လဲ ခပ်ညံ့ညံ့ ဖြစ်နေရင် နေမှာ။
အဲဒီ ပညာရှင် အသေးစား က ဘာပြောတယ်မှတ်လဲ။
အခုလို ဖြစ်တာ အစိုးရကို အပြစ်မတင်ကြပါနဲ့ပေါ့။
Software ရေးသူ တွေမှာလဲ အပြစ်မရှိပါဘူး တဲ့။
Program ဆိုတာ ဒီ လို ဘဲ တဲ့။ အမှားပါတတ် ပါ သတဲ့ တဲ့။
သူတို့ လို့ အများ ကတော့ တရားဝင် မသိတော့ ကြားဝင်ပြီး ဖာ သလို ပြောတာ မှ နောက်ပိုင်း ရိပ်မိ ကုန်တာ။
ဒါတင်မက ဆရာလေး က ဟိုတစ်လောက သူကြီးမင်း တင်တဲ့ ကွန်မြူနစ် ဂုရုကြီး စတာလင် ရဲ့ အပြောကို ပါ ကူးတင်ထားပါတယ်။
“မဲ အဖြေ က မဲပေးသူလက်ထဲ မှာ မရှိ။ မဲ ရေ သူ လက်ထဲ မှာဘဲ ရှိ။” ဆိုတာ။
(သူကြီး မင်း က အရင်လား။ သူက အရင်လားတော့ မသိ၊)
အဲဒီ ကွန်မြူနစ် စကား က နောက်ပိုင်း သမ္မတ ကြီး ပါးစပ်ထဲ ရောက်သွားတော့ အဆက်အစပ် တွေ ရှိနေသလိုဘဲ။
Was this answer helpful?
LikeDislikeမောင်လေးက မြို့နယ်အောင်နိုင်ရေးထဲပါတော့ မေးကြည့်ထားတယ်… မဲရုံစောင့်ကြည့်ရေးတွေ သေချာသင်တန်းပေးထားတယ်တဲ့.. မဲပုံးတွေပို့ရင်လည်း သူတို့ကိုယ်တိုင် လိုက်ကြည့်မှာတဲ့.. ခု ချိတ်ပိတ်ဖို့ ချိတ်တုံးရှာဖွေရေးလုပ်နေတယ်.. အခု ၁၈၀ လောက်လိုတယ်ဆိုလို့…
နောက် အွန်လိုင်းမှာလည်း မဲရုံစောင့်ကြည့်ရေး ဗော်လံတီယာခေါ်တော့ ကိုယ်တောင် သွားလျှောက်သေးတယ်… ကိုယ်က နယ်ပြန်ပေးမှာဆိုတော့ ဧရာဝတီတိုင်းအတွက်လျှောက်တာ.. လူပြည့်သွားပြီတဲ့.. ကိုယ်မလုပ်လိုက်ရပေမယ့် ဝမ်းသာစရာပါပဲ… အဲဒီလိုအဖွဲ့တွေလည်း ရှိနေတယ်…
ဒါလေးတွေသိထားတော့ စိတ်တစ်ဝက်လောက်တော့ အေးသေးတယ်… ကိုယ်တိုင်လည်း အဲ့နေ့သေချာစောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတယ်.. တစ်ခုပဲ.. ဟိုးဝေးလံခေါင်ဖျားတွေသတင်းတော့ ဘာမှမကြားမိတော့ စိတ်ပူတယ်..
ဖြေတွေးကြည့်ရင်တော့ အဲ့ဘက်တွေလည်း ရှိနိုင်မှာပါ.. တရားဝင်မကြေညာတာက အဲဒီဗော်လံတီယာတွေကိုပါ ညစ်ပလိုက်မှစိုးလို့ ထင်တာပဲ..
Was this answer helpful?
LikeDislikeအဲ့လို လေးတွေ ရှိစေချင်တာ။
မဟုတ်ရင် နလပိန်းတုံး မြန်မာ ဖဘ သုံးသူ တစ်ယောက် အနေနဲ့ဆိုရင် မြင်နေရတာတွေက
မဲကတ်ပြားတွေ ဘယ်လို ဖြစ်နေပြန်ပြီ။
အရောင်တွေက ပြောင်းကုန်ပြန်ပြီ။
တံဆိပ်တုံး မှင်ပြန့်ရင် မရဘူး။
တံဆိပ်တုံး စောင်းသွားရင် မရဘူး။
မှင်ပေါက်ရင်လဲ မရဘူး၊ စွန်းရင်လဲ မရဘူး။
ဘယ်မြို့နယ်က တော့ မဲတွေ ကို ဘယ်လို လုပ်ထားတယ်။
ပယ်မဲ၊ ကြိုတင်မဲ၊ ပျက်ကွက်မဲ တွေ ကို သူတို့ မဲ လုပ်ပစ်မှာ။
အဲ့လိုတွေ ပဲ မြင်နေရတော့ကာ
“မင်းတို့တော့ NLD ကို မဲထည့်ကြဟေ့။
မဲခိုးခံရ မဲလိမ်ခံရရင် ကံ ပဲ။
ငါတို့ မသိဘူး။”
အဲလိုဖြစ်နေသလားလို့ရယ်။
ကိုနဗန ဝေါလ် မှာတော့ သူ တင်ထားပါပြီ။
“ဒီကနေ့.. မြို့ နယ် ရွေးကော်နဲ့.. တွေ့တယ်..။
ကြိုတင်မဲပုံးများရဲ့  အားနည်းချက်တွေကို အဓိကထား ဆွေးနွေးဖြစ်ကြတယ်..။
လက်တွေ့သရုပ်ပြမှုများလည်း ပါသပေါ့..။
နောက်ဆုံးတော့.. ဆိုင်ရာ လူကြီးမင်းများကပါ.. လိုလိုလားလားနဲ့..ကြိုတင်မဲပုံးများ ချိတ်ပိတ်မယ့်အစီအစဉ်ကို ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ်.. အကြောင်းအကျိုး.. အကောင်းအဆိုး.. ကို သဘောတူမျှ လက်ခံပေးတဲ့အတွက်.. သက်ဆိုင်ရာလူကြီးမင်းများကိုလည်း ကျေးဇူးအထူးတင်ပါတယ်..။
ဒီအပြောင်းအလဲဟာ.. NLD ရဲ့ အပြောင်းအလဲ သီးသန့်မဟုတ်ပါဘူး..။
လူကြီးမင်းတို့ရဲ့  အပြောင်းအလဲလို့လည်း ပြောနိုင်ပါတယ်..။
( တာဝန်ခွဲဝေမှုအရ.. ရွေးကော်နဲ့တွေ့ဆုံ ညှိနှိုင်းနိုင်ခဲ့တဲ့.. NLD ညီအကို.. ကို Than Swe တိုင်းဒေသကြီးအမှတ်(၂) ကိုယ်စားလှယ်ကို ကျေးဇူးအထူးတင်ပါတယ်)”
Was this answer helpful?
LikeDislikeယူအက်စ်မှာဆိုရင်တော့.. ကိုယ်ထည့်မယ့်ပါတီနဲ့ကိုယ်စားလှယ်အမည်ကို.. အိမ်ရှေ့မှာ.. မှတ်တိုင်လေးတွေစိုက်ခွင့်ပြုတယ်….ကန်င်ပိန်းအဖြစ်အသိအမှတ်ပြုတယ်..။
အိမ်တွေက.. ဘယ်ပါတီဝင်လဲ.. ဘယ်ကိုဗုတ်မှလည်းသိသာတာပေါ့..။
ဗုတ်ရင်လည်း.. ဆာဗေးမှာ.. ကြိုလည်းပေးခွင့်ရှိတယ်..။ ကြေလည်းကြိုကြေငြာလို့ရတယ်..။
မဲရေတွက်တာကို.. ရပ်ကွက်တွေက.. စိတ်ဝင်စားသူတွေစုပြီး.. စားကြသောက်ကြရင်း..ထိုင်စောင့်ကြတာပေါ့..။
ကန်င်ပိန်းစင်တာနဲ့နီးသူတွေကတော့.. အဲဒီကိုချီတက်ပေါ့..။
အဲဒါကြောင့်.. ကယ်လီဖိုးနီးယားဆို.. သမ္မတလောင်းတွေ.. အပင်ပန်းခံပြီးတောင်.. မဲဆွယ်မလာဘူး..
ဒီမိုကရက်နိုင်မှာသေချာနေလို့…။
အဲဒီအတိုင်းပဲ.. တက်ခ်ဆပ်ဆိုလည်း.. သမ္မတလောင်းတွေ.. အပင်ပန်းခံပြီးတောင်.. မဲဆွယ်မလာဘူး..
ရီပါ့ဗလစ်ကန်င်နိုင်မှာသေချာနေလို့…။
ဆွင်းစတိတ်.. အိုဟိုင်းယိုးမှာဆိုရင်တော့ ပြုံတိုးပဲ..။
ဟိုဖက်ဒီဖက်သမ္မတလောင်းတွေများ.. တခါတလေ.. ဟိုဖက်အသံဒီဖက်ကကြားရလောက်တယ်ဆိုပါတယ်..။
တီဗီဆိုလည်း.. အချိန်ပြည့်… အသားကုန်အပြန်အလှန်ဆော်တာ…။
ငွေပိုသုံးနိုင်သူအနိုင်…။
ဆိုတော့…
မြန်မာပြည်လည်း.. ဈေးသက်သာအောင်.. အိမ်ရှေ့…ဖဲကြိုးနီလေးတွေစည်းထားနိုင်ရင်ကောင်းမယ်ထင်တာပဲ…
ယူအက်စ်မှာ.. အီရတ်၊အာဖဂန်စစ်တိုက်ထွက်တုန်းက.. ဖဲကြိုးဝါလေးတွေအိမ်ခြံစည်းရိုးမှာ… စည်းကြသလို…
ထောက်ခံသည်ပေါ့…။
Was this answer helpful?
LikeDislikeတစ်ချို့ ဝန်ထမ်း တွေ က ကြောက်နေဆဲ တဲ့။ တစ်ချို့ ကျ အိမ်မှာဘဲ နှစ်ပါတီ၊ သုံးပါတီကွဲ။
ဘာဘဲ ဖြစ်ဖြစ် သူကြီး အကြံ ကောင်းတယ်။ ကွဲ နေကြရင်လဲ ဘာဖြစ်လဲ။
ဖဲကြိုး အနီ၊ အစိမ်း၊ အဝါ ရောင်စုံ ပေါ့။
၁၉၉၀ တုန်း က အိမ်မှာ အဖေ က ဦးအောင်ကြီး ကို မဲ ပေးတယ်။
အကြောင်း က ဒီချုပ် ကြီး ဘဲ ပြုံ နိုင်သွားရင် အတိုက်အခံ မရှိ မှာစိုးလို့ တဲ့။
(အခုချိန်တော့ ဒီချုပ် ကို ဘဲ အောဖို့တိုက်တွန်းနေလေရဲ့၊ ဒီတစ်ခါက ပါတီ ပြိုင်ပွဲ မဟုတ်လို့ တဲ့)
Was this answer helpful?
LikeDislikeတပ်ရယ်… ၀န်ထမ်းတွေရယ်က… အဲဒီအရောင်အခြေအနေတွေကြည့်ပြီးမှ.. “၀ုန်း”လိမ့်မယ်..။
ခုလိုအချိန်မှာ..ဒေါ်စု. အပြောသင့်ဆုံးက.. ရင်ကြားစေ့ရေးနဲ့.. သင်ပုန်းချေရေးပဲ..။
အလုပ်သင့်ဆုံးက.. တပ်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ပဲ…။
ထပ်ခါပြောနေရမယ်ဖြစ်ပြီး.. ပြောတာဟာ..အကောင်းဆုံးမဲဆွယ်နည်းဖြစ်မယ်လို့.. အာမခံ..။
Was this answer helpful?
LikeDislikeပြောပါ့မယ် ခညာ..
ညန်မာ့ သားးဂေါင်းး ဇာနီ စစ်တားးဂျီးး ဂို အနော် မျှော်မှန်းးဒီ

???
Was this answer helpful?
LikeDislike❧❧ ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်း၏
——————————————————————————-
၃၁-၁၀-၂၀၁၅ ရက်နေ့၊ ကညွတ်ကွင်းမြို့၊ အောင်တော်မူခန်းမ၌
————————————————————————-
ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ ❧❧
—————————————–
❝ ချစ်ခင်လေးစားတဲ့ ဇာတိဖွား မိတ်ဆွေများခင်ဗျာ ..
✔ ဒီအချိန်ဟာ ကျွန်တော်တို့ ဇာတိရဲ့ဂုဏ်နဲ့ နိုင်ငံ့အတွက် သမိုင်းကြောင်း ကောင်းအောင် ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။
✔ ဒီနေ့ ကျွန်တော်တို့နိုင်ငံ ကျင့်သုံးနေတဲ့စနစ်ဟာ စီးပွားရေးအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ နိုင်ငံရေးအမြင်နဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတာဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ အာဏာရှင်စနစ်နဲ့ လုံးဝမတူပါဘူး။ ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မယ်ဆိုရင် အာဏာနဲ့ ပြုလုပ်လို့မရပါဘူး။ ဒီအတိုင်းပဲ ပါးစပ်နဲ့ အပြောသက်သက်နဲ့လည်း လုပ်လို့မရဘူး။
✔ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူအုပ်ချုပ်တဲ့စနစ်ပဲ ဖြစ်ပါတယ်။ ပြည်သူအုပ်ချုပ်တဲ့စနစ်ဆိုရင် ပြည်သူများရဲ့ အခွင့်အာဏာကို ပြည်သူများရဲ့ လက်ထဲကို အမှန်တကယ်ရောက်အောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တစ်ဘက်ကလည်း ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိဘဲ ဒီမိုကရေစီစနစ် မရှင်သန်နိုင် ပါဘူးခင်ဗျာ။ ဒီမိုကရေစီစနစ်မှာ အများစုရဲ့ဆန္ဒ၊ အများစုရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာဆောင်ရွက်ကြတဲ့ စနစ်ပဲဖြစ်ပါတယ်။ ထို့အတူပဲ အနည်းစုရဲ့ ဆန္ဒကိုလည်း အများစုက လေးစားအသိအမှတ် ပြုကြရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချတုန်းက ကျွန်တော်က သဘောမတူဘူး။ ထောက်ခံတဲ့နေရာမှာ မပါဘူး။ ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ကို မိမိ မလိုက်နာဘူးလို့ ချန်ထားလို့၊ နေထားလို့ မရဘူး။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ သံယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါ တယ်။ သို့သော် ပြည်သူအများစုက ဆင်းဆင်းရဲရဲ ဒီနေ့ နေထိုင် နေကြရပါတယ်။ ဒါကို ပြန်လည်သုံးသပ်ပြီး အဘက်ဘက်က ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်သူများ စားဝတ် နေရေး အဆင်ပြေစေရေး ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှ ဒီနေ့ ကျွန်တော်တို့ပြောနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အောင်မြင်မှာ ဖြစ်ပါတယ်။
✔ တစ်ချိန်တုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ခဲ့ဖူးပါတယ်။ ၁၉၄၈၊ ၁၉၅၀ ကျော် တစ်ဝိုက်အထိ ကျင့်သုံးတဲ့နေရာမှာ အောင်မြင် သင့်သလောက် အောင်မြင်ပါတယ်။ အရှေ့တောင်အာရှမှာလည်း ဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ မှတ်မိကြမှာပါ၊ ဒါပေမယ့် သိပ်မကြာခင်မှာ ပါတီအချင်းချင်း ရန်သူလိုသဘောထားတယ်။ ရန်ဘက်လို သဘောထားတယ်။ အပြုတ်တိုက်မယ်။ အပြတ်ရှင်းမယ်ဆိုပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ နောက်ဆုံးတော့ ပါတီများက မိမိတို့ရရှိထားတဲ့ အာဏာ စွန့်လွှတ်ရပြီးနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းသွားတဲ့ အနေအထား ရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ကောင်းစွာ သင်ခန်းစာယူဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့ ပါတီအသီးသီးကိုပြန်ပြီး သုံးသပ်မယ်ဆိုရင် ပါတီတိုင်း ပါတီတိုင်းဟာ သူ့ပါတီနဲ့သူ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ထားကြတာ ရှိပါလိမ့်မယ်။ အဲဒီအတိုင်းပဲ ပါတီတွေမှာ နိုင်ငံအကျိုး၊ အမျိုးသား အကျိုးစီးပွားအတွက် မူဝါဒတွေ ရှိကြပါတယ်။ ဒါကြောင့် ပါတီအချင်းချင်း ရန်သူလို၊ ရန်ဘက်လို သဘောထားပြီး ဆောင်ရွက်လို့မသင့်ဘဲနဲ့ အမျိုးသားအကျိုးစီးပွား အတွက်ဆိုရင် ညှိနှိုင်းတိုင်ပင်ပြီး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုတယ်ဆိုတာ သမိုင်းက သက်သေထူပြီး ဖြစ်တာကို သတိပြုရပါတယ်။
✔ ဒီနေရာမှာ ယှဉ်ပြိုင်တယ်ဆိုရင် နိုင်တဲ့ပါတီရှိသလို ရှုံးတဲ့ပါတီတွေရှိမယ်။ နိုင်တဲ့ပါတီက အာဏာရယူအုပ်ချုပ်သလို ရှူံးတဲ့ပါတီကလည်း အတိုက်အခံပြုပြီး အာဏာရပါတီကို ထိန်းကျောင်းပေးဖို့လိုပါတယ်။ ဒါမှ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွားအတွက်ဆိုရင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ကြမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာ ဆိုပြီးတော့လဲ ကျွန်တော်တို့ ခံယူထားဖို့ လိုပါတယ်။
ဘယ်သူနဲ့ဆို မပေါင်းချင်ဘူး၊ ဘယ်သူနဲ့ဆိုရင် လက်မတွဲချင်ဘူးဆိုတဲ့ အယူအဆနဲ့ အပြုအမူတွေဟာ တိုင်းပြည်ကို အန္တရာယ်ဖြစ်စေပြီး ပြည်သူများကိုလည်း ဒုက္ခရောက်စေပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး ကိုလည်း အဲဒီလို ဆောင်ရွက်ချက်တွေဟာ ထိခိုက်နေတယ်ဆိုတာ အားလုံး သတိပြုဖို့လိုပါတယ်။ အများအတွက် အကျိုးရှိတယ်၊ အများအကျိုးအတွက် တကယ်ဆောင်ရွက်မယ်ဆိုရင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပါတီနဲ့မဆို အတူလက်တွဲပြီး လုပ်နိုင်ဖို့လိုပါတယ်။
✔ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါဘူး။ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု မပြုနိုင်ဘူးဆိုရင် ဒေသတစ်ခု၊ ရပ်ရွာတစ်ခု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ရပ်ရွာ ကောင်းကျိုး၊ ဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက် အားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။
✔ လူပုဂ္ဂိုလ်ကပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုကပဲဖြစ်ဖြစ် အဂတိဆန်တဲ့ အပြုအမူ၊ အပြောအဆို မဖြစ်စေဖို့ သတိပြုဆင်ခြင် ဆောင်ရွက်သွားဖို့လိုပါတယ်။ တရားဥပဒေ စိုးမိုးရေးဖြစ်ဖို့ဆိုရင် မည်သူမှ ဥပဒေအထက်တွင် မရှိစေရ ဆိုသလို တာဝန်အရှိဆုံးလူတွေ၊ ပုဂ္ဂိုလ်တွေ၊ ဌာနတွေက ရှေ့ဆောင်စံပြလိုက်နာဖို့နှင့် ခွဲခြားဆက်ဆံမှု မပြုဖို့လိုအပ်ပါတယ်။ ဒါမှ လိုချင်တဲ့၊ ရချင်တဲ့ တရားဥပဒေစိုးမိုးရေး ရလာမှာ ဖြစ်ပါတယ်။
✔ ဒီကနေ့ ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်သလို သိမ်မွေ့မှုတွေလည်း ရှိကြပါတယ်။ ပါတီကြီးများသည်ပင် အနိုင်ရဖို့ ခက်ခဲစွာ ကြိုးစားကြရပါလိမ့်မယ်။ ပြောကြမှာပေါ့ သူ့ပါတီတော့ အနိုင်ရမယ်။ သူ့ပါတီတော့ လွယ်လွယ်နဲ့ အနိုင်ရမယ် ပြောကြတယ်။ တကယ်တမ်း ယှဉ်ပြိုင်တဲ့အခါမှာ အင်မတန်မှ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲကြီးဖြစ်တယ်ဆိုတာ သတိပြုမိရင် တွေ့ရှိမှာ ဖြစ်ပါတယ်။ အချို့နေရာတွေမှာ ပါတီအချင်းချင်း ပြိုင်ဘက်လို့ သဘောထားရမယ့်အစား၊ ရန်ဘက်ကဲ့သို့ ပြုမူနေကြတာကို သိရှိရတော့ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြို့နယ်၊ ကျွန်တော်တို့ ဇာတိမှာတော့ ဒါမျိုး မဖြစ်ကြဖို့ ကျွန်တော်တိုက်တွန်း ပန်ကြားလိုပါတယ်။ ကျွန်တော်ဟာ တာဝန် ရှိတဲ့သူ တစ်ယောက်အနေနဲ့ မှာကြားပြောကြားလိုတာက ပါတီအချင်းချင်း ရန်မဖြစ်ကြပါနဲ့၊ ပါတီအချင်းချင်း သူများမကောင်းကြောင်း မပြောကြပါနဲ့ ကိုယ်ကောင်းအောင်ပဲနေကြ၊ ဒီအတိုင်းပဲ ပါတီအချင်းချင်း သူများကို အပြစ် မပြောကြပါနဲ့ ကိုယ်အပြစ် မဖြစ်အောင် နေကြပါလို့ ပြောချင်ပါတယ်။ ဒီစကားဟာ ကျွန်တော်တို့ မြို့နယ်အတွင်းမှာတင် မကဘဲနဲ့ တစ်နိုင်ငံလုံးမှာ ဖြစ်စေချင်တဲ့ ကျွန်တော်ရဲ့ ဆန္ဒအမှန်ဘဲ ဖြစ်ပါတယ်။
✔ နောက်တစ်ခု ဒီနေ့ ဒီကာလ ဒီအချိန်ဟာ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆိုပြီးတော့ တစာစာ ဟစ်ကြွေးပြီးတော့ ကျွန်တော်တို့ရဲ့ လိုလား တောင့်တချက်တွေကို ဖြည့်ဆီးဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရရှိထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ရှင်သန်အောင်မြင်ဖို့နဲ့ အခြေအနေကောင်းများ ဖန်တီးနိုင်ဖို့အတွက်လည်း ကျွန်တော် နိုင်ငံသားတစ်ယောက်အနေနဲ့ လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌတစ်ယောက် အနေနဲ့လည်းကောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ပါ ရိုးသားစွာ တိုက်တွန်း ဆန္ဒပြုလိုက်ပါတယ်။
✔ တကယ်တမ်းကျတော့ ကျွန်တော်တို့တစ်တွေဟာ လူပုဂ္ဂိုလ်အကျိုးစီးပွား၊ ပါတီအကျိုးစီးပွားထက်ကျော်လွန်ပြီး အမျိုးသားအကျိုးစီးပွားကိုကြည့်ရမယ့် အချိန် ရောက်နေပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ အမျိုးသား အကျိုးစီးပွားအတွက်ဆိုရင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူအစွဲတွေမထားဘဲနဲ့ အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ ထိုက်သင့်တဲ့ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါတယ်။
✔ သို့ရာတွင် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ယခုလို ရွေးကောက်ပွဲ ကာလမှာ ပါတီအချင်းချင်း မှန်ကန်တဲ့ နည်းလမ်းများနဲ့ ယှဉ်ပြိုင်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီလိုယှဉ်ပြိုင်မှလည်း ကျွန်တော်တို့ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျရင် ပါတီအချင်းချင်းအနိုင်ရအောင် ပြိုင်ကြရပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ ဒါ့အပြင် ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူများ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရအဖွဲ့အစည်းနှင့် တာဝန်ရှိသူအသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုပါတယ်။
✔ မဲစာရင်း မှန်ကန်ရေး ကြိုတင်မဲပေးမှုနှင့် စစ်ဆေးစိစစ်မှု မှန်ကန်ရေးတို့ အတွက်လည်း သတင်းမီဒီယာနှင့် တာဝန်ရှိသူများ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြဖို့လိုပါတယ်။ သံသယစကားတွေအစား အချိန်ရှိခိုက်မှာ မဖြစ်မနေ ၀ိုင်းဝန်း ဆောင်ရွက်ကြစေလိုပါတယ်။ ရွေးကောက်ပွဲကိုလည်း လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မှုသည် ကျွန်တော်တို့ လိုလား မျှော်လင့်ထား ကြသော ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် မှန်ကန်စွာ ဖြစ်ပေါ်ရေးကို အထောက်အကူပြုနိုင်စေမှာ ဖြစ်ပါတယ်။
✔ ပြည်သူများအနေနဲ့လည်း စွမ်းဆောင်မှုကောင်းတဲ့ ပါတီကို ကြည့်ပြီးနောက် ၄င်းပါတ်ီထဲက ပြည်သူ့ဘက်က အမှန်တကယ်ရပ်တည်နိုင်မည့်သူ၊ စိတ်ရင်း စေတနာမှန်တဲ့သူ၊ တည်ကြည်ဖြောင့်မတ်သူ၊ အရည်အချင်းရှိသူများကို ရွေးချယ် တာဝန်ပေးခြင်းဟာ ရပ်ရွာအတွက်၊ ဒေသအတွက်၊ နိုင်ငံ့အတွက်ပါ အကျိုးရှိနိုင်မှာ ဖြစ်တယ်လို့ ယူဆပါ။ ဒါကြောင့် ရွေးချယ်ပေးမှုအတွက် စဉ်းစားဝေဖန်သုံးသပ် ဆင်ခြင်တုံတရား အပြည့်နဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
✔︎ ဒီကိစ္စဟာ ကျွန်တော်တို့ မြန်မာ့နိုင်ငံသမိုင်း၊ မြန်မာ့ဂုဏ်ကို ဖော်ထုတ်မယ့် ကိစ္စပဲ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံသားတိုင်းမှာ ရွေးကောက်ပွဲ ၀င်ရောက်တဲ့ ကိုယ်စားလှယ်များကို မိမိတို့ နိုင်ငံသားကောင်းရဲ့ တာဝန်အရ ရွေးချယ်ပေးဖို့ တာဝန်ရှိတဲ့အတွက် မဲရုံတွေသွားကြရမယ်။ မိမိတို့ အဆုံးအဖြတ်ပေးရပါမယ်။ ကျွန်တော့ မွေးဇာတိ ဒီဒေသက ဒေသသားတွေဟာ မြန်မာနိုင်ငံသမိုင်း ကောင်းရေးအတွက် မိမိတို့ဇာတိသားတွေက တစ်တပ်တစ်အား တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ ။❞
Was this answer helpful?
LikeDislikeအဲဒီမှာတော့ သူ့ ကို အားပေးကြမဲ့ ပုံဘဲ။
ဘာဘဲဖြစ်ဖြစ် ဦးရွှေမန်း ရဲ့ လက်ရှိ အခြေအနေ နဲ့ စိတ်ဓာတ် ကို လက်ခံပါတယ်။
Was this answer helpful?
LikeDislikeလောလောဆည် ကိုယ်ချင်း အစာရဆုံး သူတွေကို ပြပါဆိုရင် တပ်မတော်သားတွေကို ပြရမှာပါပဲ။ ကိုယ်တွေ ၀န်ထမ်းဘ၀မှာ အထက်လူကြီးက တဖက်စီးနင်းဆန်ပြီး အမိန့်တွေ လိုတာထက် ပိုထုတ်နေရင် အင်မတန် စိတ်ဆင်းရဲရတယ်။ ကိုယ်တွေတောင် ဒီလောက် စိတ်ကျဉ်းကြပ်တာ “အမိန့် နာခံတတ်မှုပေါ်မှာ ဘ၀ကို တည်ဆောက်ထားရတဲ့ တပ်မတော်သား” တွေဆိုရင် ဘယ်လိုနေမလဲ တွေးကြည့်ရုံနဲ့ စိတ်ပင်ပန်းရတယ်။
ရွေးကောက်ပွဲမှာ ကာချုပ်က တပ်မတော်သားတွေကို ကြိုက်ရာပါတီကို မဲထည့်ခွင့်ပေးထားတယ် ဆိုပါတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော် ပြောချင်တဲ့အပိုင်းက ရွေးကောက်ပွဲ လွတ်လပ်မှုသည် မဲထည့်တဲ့အပေါ် တစ်ခုထဲ အပေါ် မူတည်တာမဟုတ်ဘူး။ မဲဆန္ဒရှင်တွေအတွက် လိုအပ်သော သတင်းအချက်အလက် ကို ကြောက်ရွံ့စရာမလို၊ ထိတ်လန့်စရာမလိုပဲ ရရှိနိုင်မှုလည်း တပိုင်းပါတယ်။ ဒါကြောင့် စစ်တပ် မိသားစု တန်းလျားတွေထဲကို ပါတီတွေ လွတ်လပ်စွာ မဲဆွယ်ခွင့် မရပဲနဲ့၊ တပ်မတော်သားတွေကို အရပ်ဘက် မဲရုံတွေမှာ လွတ်လပ်စွာ မဲပေးခွင့် မရပဲနဲ့ ကျွန်တော်တို့ ယုံဖို့ ခက်လှတယ်။
အောက်ခြေ တပ်မတော်သားတွေကိုပဲ ကိုယ်ချင်းစာသလားဆိုတော့ မဟုတ်ပါဘူး။ အထက်က တပ်မတော်သား အရာရှိတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ သူတို့အတွက် လိုအပ်နေတာက အသိဥာဏ် လွတ်လပ်ခွင့်ပါ။ အသိမှန်သမျှကို ဘောင်တစ်ခုထဲ ကန့်သတ်ပစ်လိုက်တဲ့အခါ ဒါထက်ကျော်ပြီး တွေးဖို့ ခက်သွားတတ်ပါတယ်။ ဒါက မြင်ရသော အတားအဆီးထက် ကျော်ဖြတ်ဖို့ ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ သိတဲ့ အသိကို ကျော်မတွေးတတ်တော့လို့ပါ။ ဖက်ဒရယ်ဆိုရင် တိုင်းပြည်က ခွဲထွက်ဖို့ ကြံတယ်လို့ သင်ကြားခံခဲ့ရတာမျိုး၊ ငါတို့သာ တိုင်းပြည်အတွက် အသက်စွန့်ထားတယ်လို့ သင်ကြားခံခဲ့ရတာမျိုးဟာ အတော်ကို ဖောက်ထွက်တွေးဖို့ ခက်ပါတယ်။ ပိုဆိုးတာက သူ့နောက်က ထပ်ဆင့် တည်ထားတဲ့ အတွေးပါ။ အုတ်မြစ်အစောင်းပေါ်မှာ တည်ထားတဲ့ အဆောက်အဦဟာ တည့်ဖို့ ခက်သလိုပါပဲ။ အဲလို အတွေးမှားတွေကြောင့် နောက်က ဆက်တွေးတဲ့ အတွေးတွေလည်း မှားကုန်ပါတယ်။ တို့အသက်စွန့်ခဲ့လို့ ဒါတွေ ရယူတာ တရားတယ်ဆိုတဲ့ အမြင်မျိုးပါ။
သူတို့ကို ကန့်သတ်ထားတဲ့ အတွေးတွေကို ကျော်မြင်စေချင်ပါတယ်။ တပ်မတော်အတွက် အရေးအကြီးဆုံး လိုအပ်နေတာ အမျိုးသား ရင်ကြားစေ့ရေးပါ။ ရှေ့လူတွေ လုပ်ခဲ့တဲ့ ဒဏ်ကို နောက်လူက လိုက်ပြီး ခံနေစရာမလိုပါဘူး။ သို့သော် ရှေ့လူအမှားကို မပြင်ပဲနဲ့တော့ အမှန်ကို ရောက်ဖို့ ခက်လိမ့်မယ်။ ရှေ့လူတွေ အမှားကို ပြင်ဖို့ ဆိုတာက အမှားကို အမှားလို့ ခံယူဖို့လိုတယ်။ မှားတော့ မှားတယ်၊ အခြေအနေက ဒီလိုဖြစ်လာလို့ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကြီးတွေနဲ့ ဖော့တွေးနေသ၍ အမှန်မရောက်ဘူး။ အမှန်မရောက်သ၍ မပြင်ရဲဘူး။ မပြင်ရဲသ၍ အမျိုးသား ရင်ကြားစေ့ရေး မဖြစ်လာဘူး။
ပြင်ဖို့ လိုနေတာ ဒေါ်စုမဟုတ်ပါဘူး။ တပ်မတော်ပါ။ ဒေါ်စုဟာ သူ့မောင်လေးတွေကို ဘယ်တုန်းကမှ မေတ္တာမပျက်ခဲ့ပါဘူး။
Credits
Was this answer helpful?
LikeDislikeအမေကတော့… မကြောက်နဲ့တဲ့… ကိုယ်ပေးချင်တဲ့ ပါတီကို ရဲရဲကြီးသာ ပေးလိုက်ပါတဲ့..။
ကိုယ်ပေးချင်တဲ့ပါတီကို ဟိုဟာကြောက်ရဒီဟာကြောက်ရနဲ့မို့ မပေးဖြစ်လိုက်ရင်…နောင်တစ်သက် ဆက်ကြောက်ရမယ်သာ မှတ်…တဲ့..။
.နောက်ပြီး… ၉၀% လောက်တော့ နိုင်စေရမယ်တွေဘာတွေ…လုပ်မနေပါနဲ့တဲ့… ဈေးဆစ်မနေပါနဲ့တော့တဲ့… nld ကို ၁၀၀% ပြည့်အောင်သာ မဲပေးလိုက်ကြပါတော့တဲ့…။
အခုအချိန်က….အမေ…စကားတွေ များများ ပြောရမယ့်အချိန်…
အမေ့စကားကိုများများ နားထောင်ကြရမယ့်အချိန်…ရောက်နေပြီ ထင်တာပဲ..
Was this answer helpful?
LikeDislikeကြောက်ရမှာကို ကြောက်ကြရင် ကောင်းမယ်
Was this answer helpful?
LikeDislikeTun Tun Win ရှယ်ထားတာတွေ့လို့မလာတယ်
“မတွေဝေကြနဲ့”
တပည့်တော် မရှင်းတာလေးတစ်ခုလောက်မေးပါရစေ။
အရှင်ဘုရား ဆန္ဒရှိမှ ဖြေပေးပါ။
အဲ့ဒါကတော့ ဦးဝီရသူကို ဘာကြာင့် ထေရ်ကြီး ဝါကြီး ရဟန်းတွေက မဆုံးမကြတာလဲဘုရား။ သံဃာသင်းကွဲမှာစိုးလို့ မပြောကြတာလားဘုရား။
မဆုံးမတာ မဟုတ်ဘူး ဆုံးမလို့မရတာ မိမနိုင်ဖမနိုင်ဖြစ်နေတာ။
ဆုံးမကြတယ်လား။ တပည့်တော်တို့ မသိလို့ထင်ပါတယ်။
အေး မင်းတို့က မလေ့လာလို့ စာမဖတ်လို့ မသိတာ။ နောက်ပြီးတော့ မင်းတို့က ဘုန်းကြီးတွေကို မနေ့တနေ့ကမှ စိတ်ဝင်စားကြတာလေ။
အဲ့ဒါတော့ အမှန်ဘဲ ဘုရား။
အဲဒီတော့ မင်းတို့အနေနဲ့ မဆုံးမဘူးလို့ စွပ်စွဲမယ့်အစား မဆုံးမကြဘူးလားလို့ သံသယမေးခွန်းပဲ မေးသင့်တယ်။
ဟုတ်ပါတယ် အရှင်ဘုရား
တပည့်တော်မေးချင်တာကလည်း အဲ့ဒီ သဘောပါဘဲဘုရား
အလျောက်မတတ်လို့ပါ ဘုရား။
အေးအေး ပြီးရော ငါ စိတ်ဆိုးလို့ပြောတာမဟုတ်ဘူး မင်းတို့ကို စကားပြောတတ်စေချင်တာပါ။
ရှေ့လျောက် အရှင်ဘုရားတို့ ဒီပြသာနာကိုဘယ်လိုဆက်ကိုင်ကြမလဲဘုရား။ အထူးသဖြင့် 2015 အကျော်ပေါ့။
ဘယ်လိုမှ ကိုင်နေစရာမလိုပါဘူး။ အဓိကက မဘသမဟုတ်ဘူး။ မဘသဆိုတာက အဖျားပဲ။ အရင်းက အာဏာရှင်။ အရင်းပြတ်ရင် အဖျားက ထင်းဖြစ်တာပဲ။ ဒီအစိုးရပြုတ်ရင် မဘသပါ ပြုတ်သွားမှာပဲ။ သူတို့ကလည်း သာယာကို နားတတ်ကြတဲ့ ဘုန်းကြီးခရိုနီတွေပဲဟာ။ မဘသကို အဓိကပြဿနာလို့ စဉ်းစားနေတာက အမှားပဲ။
ဒါပေမယ့် အဲ့ဒီအရင်းက ပြန်ဖို့ရာ ခက်တယ် ဘုရား။ ပြတ်ဖို့ရာ ခက်တာပါဘုရား။ ဒီ ရွေးကောက်ပွဲကလည်း ပြသာနာပေါင်းသောင်ဲးခြောက်ထောင်ကိုသယ်လာအုံးမှာ ဆိုတော့။
ပြတ်မှာပေါ့ ပြတ်အောင်ခုတ်ရမှာပေါ့။ ဆန္ဒရယ် ဝီရိယရယ် စိတ်ဓာတ်ခိုင်မာမှုရယ် ဉာဏ်ပညာရယ်ရှိရင် ဘာမဆိုဖြဟ်တယ်လို့ ဘုရားဟောထားတာပဲ။
တင်ပါ့ဘုရား။ လက်ရှိအနေအထားက နယ်တွေမှာ ရွာတွေမှာ အရမ်းရှုပ်ထွေးနေကြတယ် ဘုရား။ မဲပေးနည်းမသိတာက အစပေါ့။ အိမ်ကလူတွေတောင် မဲစာရင်းကြည့်ဖို့ရာ မနည်းပြောနေရတော့။
မင်း အဲဒီလို ပြောနေတာကိုက စိတ်ဓာတ်တွန့်ဆုတ်နေတာ။ လုပ်ရင် ဖြစ်ကို ဖြစ်
မယ်ဆိုတဲ့ စိတ်ကို မွေးထားရမယ်။
အဲဒါတွေကို ထိုင်ညဉ်းနေမယ့်အစား ကိုယ်တတ်နိုင်သလောက် ဝိုင်းလုပ်လိုက်ကြတာက ပိုမကောင်းပေဘူးလား။
ဟုတ်ပါတယ် ဘုရား
တပည့်တော် တွေဝေနေတာပါ။ တပည့်တော် သဘောပေါက်ပါပြီ။
လုပ်ရင်ဖြစ်တယ်။အခုမဖြစ်သေးရင် နောင်အခါဖြစ်လာအောင် စိတ်အင်အား ပညာအင်အား ဝီရိယအင်အားစိုက်ပြီးတော့ ပိုလုပ်ရမယ်။ မဖြစ်သေးရင် ထပ်ပြီးတော့ ပိုလုပ်ရမယ်။ အဲဒါဆိုရင် မလွဲမသွေ ဖြစ်လာလိမ့်မယ်။ ဇွဲရှိရှိလုပ်ရင် ဘုရားတောင် ဖြစ်သေးတာပဲ။
တင်ပါ့ဘုရား
တပည့်တော်ကအခု စာမေးပွဲဖြေခါနီးဆိုတော့ အရှင်ဘုရားစကားတွေက ပိုပြီး အကျိုးရှိသွားပါတယ်။
တပည့်တော် တွေဝေနေတာကိုလည်း မြင်ပါပြီ။
မှတ်ချက်။ ။ မန္တလေးက သွားဆေးကျောင်းသားတစ်ယောက်နဲ့ ဒီမနက်ပြောဖြစ်တဲ့စကား။
credit >>> အရှင်ခေမာနန္ဒ မိုးသု
Was this answer helpful?
LikeDislikeCredit to Aikai Sai
—-
# ပြိုင်ပွဲမစခင်ကတည်းက ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းဟာ ဂုဏ်သိက္ခာမဲ့နေပြီးသား … ။ ဒီပွဲဟာ Fair မဖြစ်ဘူးဆိုတာကို အစကတည်းက ကြိုသိနေကြပြီးသား ….။
# ပွဲမစခင်ကတည်းက (၅၉-စ)နဲ့ အဓိက Player တစ်ယောက်ကို အနီကဒ်ပြပြီး ပွဲပယ်ခဲ့လေတော့ …. တစ်ယောက်လျော့အနေအထားနဲ့ ပြိုင်ပွဲဝင်နေရတယ် ….
# ပွဲကစားတော့ ကွင်းရဲ့ (၃ပုံ/၄ပုံ) (၇၅%)ကိုသာ ဖွင့်ထားပေးပြီး ခံစစ်နဲ့ ပိတ်ကစားတယ် …
# ဒိုင်ကလည်း ကိုယ့်လူမို့လို့ …
လူကျွံမဖြစ်လည်း လူကျွံဘောဖမ်းတယ် … ဘောင်ထဲကနေကစားနေလည်း Foul ဆိုပြီး အဝါကဒ်ပြလိုက် အနီကဒ်ပြလိုက်နဲ့ သိသိသာသာ ပင်းတယ် … သူတို့က ပြန်ချရင် မမြင်ချင်ယောင်ဆောင် နေပေးထားတယ် …
# မိဘအမွေကို မတရားရယူထားသူလို … အလကားရယူ ခိုး၊ ဆိုး၊ လုယက်ထားတဲ့ ငွေကြေးတွေနဲ့ အာဏာခိုင်ခိုင်မာမာနဲ့ အသင်းဖွဲ့ထားသူမို့လို့ အိမ်ကွင်းပရိသတ် လူပြည့်စေဖို့ လက်မှတ်ကိုအလကားပေးပြီး ထမင်းကျွေး ဆိုင်ကယ်ဆီထည့်ပေးနိုင်တယ် …. အစိမ်းရောင်အလံ လေထုထဲမှာ တလွင့်လွင့်ရှိနေဖို့က အဓိကပဲ …
# နဂိုကတည်းက Fair မဖြစ်တဲ့ပွဲ ဘာဖြစ်လို့ ဝင်ကစားခဲ့ကြသလဲ?
# အဓိကက ကွင်းထဲမှာရှိနေတဲ့ လူတစ်စုစာ အိမ်ရှင်ပရိသတ်တွေမဟုတ်ဘဲ ကိုယ် ကိုယ်စားပြုထားတဲ့ အသင်းပရိသတ်တွေအတွက် ပြည်သူသန်းပေါင်းများအတွက် ဝင်ပြိုင်တာ …
တိုင်းပြည်အတွက် … တိုင်းပြည်လူထုအတွက် … တိုင်းပြည်နဲ့ လူထုရဲ့ ဂုဏ်သိက္ခာအတွက် ဝင်ကစားရတာပါ …။
# ဒီတော့ အခုလို Fair မဖြစ်တဲ့ အခင်းအကျင်းနဲ့ ပြိုင်ပွဲတွေ အနာဂတ်ကလမှာ ထပ်ဖြစ်မလာနိုင်စေဖို့အတွက် ဒီပွဲမှာ အနီအသင်း နိုင်မှ ရမယ် … ။ အစိမ်းဝတ် လူလိမ်လူကောက်တွေ ကွင်းထဲမှာ ဆင်ပြီးရှိမနေနိုင်ဖို့အတွက် အနီအသင်း နိုင်မှကို ဖြစ်မယ် …။ အနီအသင်း နိုင်ကို နိုင်ရမယ် … ။
#TimeToChange!
#VoteNLD!
Was this answer helpful?
LikeDislikeတစ်ရက် ဘဲ လိုတော့ တယ် ဇီကလေးရေ။
Was this answer helpful?
LikeDislikeအရီးးရေ
ညစ် တတ်တဲ့ ယှဉ်ပြိုင်သူ အတွက်
ရရှိလာမယ့်
အနိုင်ရော
ရှုံးနိမ့်ခြင်းရော
၂ မျိုး လုံးက ရှက်စရာပါ ဆိုတာ အဘ တွေ ဒီနေ့ သတိဝင်ရင် ကောင်းးမယ်ဗျာာာ
Was this answer helpful?
LikeDislike