၁) လက်ရှိအာဏာ ဇွတ်ယူပါတီ
၂) လက်နက်ကိုင် အဖွဲ့ အစည်းတွေကလည်း သူတို့ အမိန့်အောက်မှာ
၃) သူတို့ ကို ကာကွယ်ဖို့ ညောင်၂ပင် ဥပဒေ ကြီး က လည်း ဇွတ် ပြဌာန်းထားပြီးသားးး
၎) လူဆိုး သူခိုး ထောင်ထွက် တွေနဲ့ ဖွဲ့ ထားးတဲ့ လက်မရွံ့ တွေ ကို ခိုင်းနိုင်သူတွေ
၅) မဲလိမ် မဲခိုးတတ်မှန်းး အရင်ရွေးကောက်ပွဲ တွေထဲက သိကြရပြီးသားး
၆) ရွေးကော်မှူးဆိုတာလည်းး သူတို့ ဘက် ပင်းမယ့် ဘောင်းဘီချွတ်ကောင်ကြီး
၇) မဲပေးဖို့ ခက်အောင်လည်းး အမျိုးမျိုးလုပ်နေတာ
၈) လက်ကျန်သက်တန်း မှာ ရသမျှ အကုန် အလွတ်အကျွတ် ခိုးး နိုင်ငံမှာ ရှိသလောက် အကုန်ရောင်းစားနေတာလည်း မျက်မြင်ပဲ
၉) ဒီကြားထဲ မဲပြန့် အောင် ဟိုတယ်ဂေါင်း ကို ပါတီ ခွဲထောင်ခိုင်းထားသေးတယ်
၁၀) ဘာသာရေးနဲ့ လည်း လှည့်ပြီးသွေးခွဲထားသေးတယ်
ဒီ ၁၀ ချက် က သိသိကြီးနဲ့ ဖွတ်တွေကို Handicap ပေးးထားးရတာပါ။

.

.

ဆိုတော့ မတရားမှုအပေါ်စီးက ရှိနေချိန်မှာ ….

ကျနော်တို့ပြည်သူတွေက တရားမျှတမှုဘက်မှာ နေမှ…
နေဖြစ်အောင် ကြံဆောင်နိုင်မှ….

ဒီမိုကရေစီ နဲ့ထိုက်တန်တဲ့ ပြည်သူတွေဖြစ်မှာပါနော့။

.

.

ကဘာ့ အသိအမှတ်ပြုခေါင်းဆောင် တစ်ယောက်ကို တရားဝင် လုပ်ပိုင်နိုင်ခွင့်၊ နိုင်ငံ အတွက် အလုပ်လုပ်ခွင့် မပေးနိုင်ခဲ့ဘူးဆိုရင် ကျနော် တို့ ညံ့ရာကျပါပြီ။

.

.

သူတို့ကတော့ ညစ်လို့ရသမျှ အစွမ်းကုန်ညစ်နိုင်တာမို့ ကျနော်တို့ရဲ့ မဲ တပြါးလည်း သူတို့ လှည့်ကွက်ထဲ မဝင်နိုင်အောင် ကြိုးစားကြပါစို့။
https://www.facebook.com/2015ge က ပြေါထားတဲ့၊ အသိပေးထားတဲ့၊ ဖြန့်ဝေထားတဲ့ မဲပေးဖို့ နည်းလေးတွေပါ။

.

.

.

 

warning 1

 

.

.

.

 

မဲပေးတဲ့ နေ့မှာ

.

.

.

 

0

 

1

 

2

 

ဒါတွေ စစ်ဆေးပြီးမှ ယူပါ။

ဒါတွေ စစ်ဆေးပြီးမှ ယူပါ။

 

 

3

 

4

မထင်ရှားဘူးဆိုပြီး ၂ခါ မနှိပ်မိပါစေနဲ့။ တစ်ခါထဲနဲ့ အားဖိနှိပ်ပေါ့။ စိတ်လောပြီး လဲမနှိပ်နဲ့ပေါ့ ။

 

5

မဲ သုံးကြိမ်ဆို တော့ ၃ ရွက် ရမှာပါ။ တိုင်းရင်းသား လွှတ်တော် ပါတဲ့ နယ်မြေ တွေ မှာ ၄ ရွက်ရမှာ ပါ။

 

6

မဲ သုံးကြိမ်ဆို တော့ ၃ ရွက် ရမှာပါ။ တိုင်းရင်းသား လွှတ်တော် ပါတဲ့ နယ်မြေ တွေ မှာ ၄ ရွက်ရမှာ ပါ။

 

7

.

.

.

ဘယ်လိုမဲက ခိုင်လုံမဲတွေ ဖြစ်မလဲ။

.

.

.

KL summary

၁) နာမည်ပေါ် တဲ့တဲ့ တံဆိပ်တုံး ထုနိုင်ရင် ဖြစ်ဖြစ် . ၂) ပါတီ လိုဂိုပေါ် တံဆိပ်တုံး ထုနိုင်ရင် ဖြစ်ဖြစ် . ၃) ဘေး တည့်တည့် အကွက်ထဲကို အပြည့်/၃ ပုံ ၂ ပုံ ထုနိုင်ရင်ပဲ ဖြစ်ဖြစ် . ၄) တံဆိပ်တုံးက တစ်ယောက်တည်း အတွက် အကွက်မှာပဲ ထုနိုင်ရင် ဖြစ်ဖြစ် ခိုင်လုံမဲပါ။ . တံဆိပ်တုံး ကို အတည့်ထုနိုင်ဖို့တော့ သေချာစီစစ်ပြီးမှ ထုစေချင်ပါတယ်

 

.

.

.

 

ဘယ်မဲတွေ ပယ်မဲထဲ ပါနိုင်လဲ

.

.

.

 

NKL summary

ဒါကတော့ ရှင်းပါတယ်နော်။ သူ့စာသားတွေ ပါပါတယ်

.

.

.

 

တံဆိပ်တုံး ဘယ်လိုထု

.

.

.

(၁ )မိတ်ဆွေ များခများ UEC တံဆိပ်တုံး ကို ထုပီး မဲပေး ရမှာ ဖြစ်ပါတယ် UEC တံဆိပ်တုန်းကို ပုံ မှာ ဖော်ပြထားပါတယ် (၂)မိတ်ဆွေများ ခများ မဲတံဆိပ်တုံး ထုတဲ့ အခါ မည်သို့ သော အကြောင်း ကြောင့် မျှ တစ်ကြိမ်ထက် ပိုမထု ရန် အသိပေးလိုက်ရပါတယ် တစ်ကြိမ်ထက်ပိုထုမိပါက အလို အလျှောက် ပယ် မဲ အဖြစ် စာရင်း ဝင်သွားမှာ့ ဖြစ်ပါတယ် သတိအထူး ထားကျဖို့ လမ်းညွှန်ပါတယ် (၃) ရွေးကောက်ပွဲ မဲရုံးမှူးးဆီက မဲကဒ်ပြားကို တောင်းဆိုတဲ့ အခါ မိမိ လက်ဝယ်မရောက်ခင် စစ်ဆေးပါ စုတ်ပြဲ နေရင် အသစ် လှဲလှယ် ပေးမှာ မဟုတ်ဖူး လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားပါတယ် သတိ အသိ များနဲ့  အသဲကြားက မဲတစ်ပြားကို ရယူပီး မိမိတို့ ယုံ ကြည်သော ပါတီ ကို မဲပေး ကြပါ

(၁ )မိတ်ဆွေ များခများ UEC တံဆိပ်တုံး ကို ထုပီး မဲပေး ရမှာ ဖြစ်ပါတယ် UEC တံဆိပ်တုန်းကို ပုံ မှာ ဖော်ပြထားပါတယ်
(၂)မိတ်ဆွေများ ခများ မဲတံဆိပ်တုံး ထုတဲ့ အခါ မည်သို့ သော အကြောင်း ကြောင့် မျှ တစ်ကြိမ်ထက် ပိုမထု ရန်
အသိပေးလိုက်ရပါတယ် တစ်ကြိမ်ထက်ပိုထုမိပါက အလို အလျှောက် ပယ် မဲ အဖြစ် စာရင်း ဝင်သွားမှာ့ ဖြစ်ပါတယ် သတိအထူး ထားကျဖို့ လမ်းညွှန်ပါတယ်
(၃) ရွေးကောက်ပွဲ မဲရုံးမှူးးဆီက မဲကဒ်ပြားကို တောင်းဆိုတဲ့ အခါ မိမိ လက်ဝယ်မရောက်ခင် စစ်ဆေးပါ စုတ်ပြဲ နေရင် အသစ် လှဲလှယ် ပေးမှာ မဟုတ်ဖူး လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားပါတယ် သတိ အသိ များနဲ့  အသဲကြားက မဲတစ်ပြားကို ရယူပီး မိမိတို့ ယုံ ကြည်သော ပါတီ ကို မဲပေး ကြပါ Credit to U Min Latt Naung

.

.

.

 

နောက်ဆုံးပြေါချင်တာက လိုဂို မမှားဖို့ပါ။

 NLD  လိုဂိုမှာ ကြယ်ဖြူပါပါတယ်။
လိုက်တု ထားတဲ့ လိုဂိုမှာ မပါပါဘူးးး

.

.

.

 

ဆင်တူရိုးမှား အတုအပ သတိပြု

ဆင်တူရိုးမှား အတုအပ သတိပြု

 

.

.

.

 

၂၀၁၅ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ
++++++++++++++++++++++++++++++
၁) မဲစာရင်း
========
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နောက်ဆုံးမဲစာရင်း (national voters list) တစ်ခုကို သြဂုတ်လ ၂၃ ရက် မှ စက်တင်ဘာ ၆ ရက်နေ့အထိ ၁၄ ရက် ကပ်ထားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ၄င်း နောက်ဆုံးမဲစာရင်းတွင် အနည်းဆုံး မိမိ နာမည် ပါအောင် လုပ်ဆောင်ပါ မှ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် တစ်နိုင်ငံလုံးအတိုင်အတာ နဲ့ ၁၄ ရက်ကြေငြာပြီး ပါက ၄င်း မဲစာရင်းအတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ပြည်သူအများ နားမရှုပ်အောင် နည်းနည်း ရှင်းချင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကြေငြာခင်၊ ရွေးကောက်ပွဲကော်မရှင်ဟာ မတ်လ မှ ဇွန်လအထိ လစဉ် အခြေခံ မဲစာရင်း (basic voters list) များကိုလစဉ် ထုတ်ပြန်ခဲ့ရာ ဇွန်လ ၂၂ ရက်နေ့မှာ စတုတ္ထအကြိမ် အခြေခံမဲစာရင် များကိုကြေငြာခဲ့ပါတယ်။ အခု လာမည့် ၂၃ ရက် မှာမှ ၄င်းကဲ့သို့ အခြေခံစာရင်း ၄ ကြိမ် တိုင် ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်း အပြည့်အစုံကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကပ်ထားမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိ အမည် ပါဝင်ရန် (သို့) ပြင်ဆင်လျောက်ထားရန် နောက်ဆုံးအကြိမ် အဖြစ် ၁၄ ရက် အချိန်ထပ်ရမှာဖြစ်ပါတယ်။ ထည့်သွင်း၊ ပြင်ဆင်ခြင်းကို တစ်ပတ်အတွင်း လုပ်ဆောင်ပေးမည်ဟုသိရပါတယ်။
တစ်ခုပဲရှိပါတယ်၊ အရင် ၄ ကြိမ်ပြုစုခဲ့သော အခြေခံမဲစာရင်းများ သည် ၂၀၁၅ နိုဝင်ဘာ ၃၀ မှာ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေကို ပါ ထည့်ကောက်တဲ့ အတွက်၊ ယခုလို ရွေးကောက်ပွဲ ရက်အတိအကျ သိရချိန်မှာတော့ လာမည့် နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၃၀ ကြား အသက် ၁၈ နှစ်ပြည့်လို့ အခြေခံမဲစာရင်း မှာ ပါလာခဲ့သူများမှာ လာမည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေငြာသည့် နောက်ဆုံးမဲစာရင်းတွင် ပါဝင်လာမည်မဟုတ်ပေ။

.

.

.

၂) လွှတ်တော်အသံ၊ ပြည်သူ့အသံ
========================
စုစုပေါင်းလူဦးရေ ၅၁ သန်းခွဲခန့်မှာ မဲပေးပိုင်ခွင့်ရှိသူ အသက် ၁၈ နှစ်ကျော် ၃၁ သန်းကနေ ၃၃ သန်းခန့် အထိရှိနိုင်တယ်လို့ဆိုတဲ့အတွက်၊ စုစုပေါင်း မြို့ နယ် ၃၃ဝ မှာ ပျမ်းမျှတွက်ကြည့်လိုက်ရင် တစ်မြို့ နယ်ကို ပျမ်းမျှမဲပေးခွင့်ရှိသူ တစ်သိန်း ခန့်ရှိတယ်လို့ယူဆကြပါစို့။ အဲဒီ မဲပေးခွင့်ရှိသူ တစ်သိန်းရှိတဲ့ မဲဆန္ဒနယ်အတွက် အဲဒီနယ်အတွက် ၄င်းမဲပေးပိုင်ခွင့်ရှိသူလူဦးရေရဲ့  ၅၁ ရာခိုင်နှုန်း (လူဦးရေ ၅ သောင်း ၁ ထောင် လာရောက်မဲပေးမှ ရွေးကောက်ပွဲအထမြောက်ပြီး မဲဆန္ဒနယ်တစ်ခုအတွက် အနိုင်ရရှိတဲ့အမတ်ကို ကော်မရှင်က ကြေငြာနိုင်တာပါ။
လွှတ်တော်အသံ၊ ပြည်သူ့အသံ လို့ဆိုပါတယ် (သီအိုရီအရ ပါ၊ တင်းပြည့်ကျပ်ပြည့်ရတာမရတာ ကတစ်ကဏ္ဍ)။ တကယ်လို့သာ ခင်ဗျားတို့ မဲဆန္ဒနယ်တစ်ခုအတွက် မဲပေးပိုင်ခွင့်ရှိသူတွေရဲ့  ၅၁ ရာခိုင်နှုန်း မဲပေးတဲ့ရက်မှာ မဲမပေးဖြစ်ခဲ့လို့ အဲဒီမဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲအထမမြောက်ခဲ့ရင် လွှတ်တော်ထဲမှာ ခင်ဗျားတို့ မြို့ နယ်နဲ့ ခရိုင် မဲဆန္ဒနယ် အတွက်ကိုယ်စားပြုမဲ့ ပါးစပ်တစ်ပေါက်မရှိတော့ဘူးပေါ့ဗျာ (မသေချာတဲ့ နောက်ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင်လဲ ခင်ဗျားတို့တွေပဲထပ်ပင်ပန်းဦးမယ်။)။ အဲဒီအခါကျမှ လွှတ်တော်ထဲမှာ ကိုယ့်အရေးကို ပြောပေးဆိုပေးမဲ့ ကိုယ့်နယ်က အမတ်ကို ၅ နှစ်လောက်ဆုံးရှုံးသွားနိုင်ပါတယ်။ (အဲဒီအခါကျမှ ရေကြီးလို့ လမ်းမှာမြောင်းပိတ်ရေလျံတို့၊ သူများမြို့ နယ်မီးမှန်ပြီး ကိုယ့်မြို့ နယ်မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ကို ပြောရမဲ့လူမရှိလဲ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ)
တွက်ကြည့်လိုက်တော့ အောက်ပါအကြောင်းများကြောင့် မဲဆန္ဒနယ်တစ်ခုမှာ ၅၁ ရာခိုင်နှုန်းမပြည့်တာတွေဖြစ်လာနိုင်ပါတယ်။

က) စာရင်းထဲပါတယ်၊ သွားမပေးဘူး
—————————————-
ဒီအုပ်စုထဲက ပြည်သူတွေကတော့ စိတ်ဝင်စားမှုနည်းတဲ့ ပြည်သူတွေပဲဖြစ်မယ်ထင်တယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၁၂ မှာ ရွေးကောက်ပွဲတွေလုပ်ခဲတယ်ဆိုသော်ညားလည်း ပြည်သူတွေရွေးကောက်ပွဲကို စိတ်ဝင်စားမှုတော်တော်နည်းတယ်လို့ပြောရမယ်ထင်တယ်။ သူ့အပူနဲ့သူ ကိုယ့်ဝမ်းနာ ကိုယ်သာသိ လို့ပဲပြောရမလား၊ လွမ်းရေးထက် ဝမ်းရေးခက်နေကြရတဲ့သူတွေပိုများလာလို့ပဲပြောရမလား။ ဒါကလဲ ပညာရေးနဲ့ တော်တော်ပက်သက်ပါတယ်။ တစ်ချို့ ဆို ရွေးကောက်ပွဲဆိုတာ ဂျို နဲ့ လားလို့ မမေးရုံတမယ်ပါပဲ။ လွှတ်တော် ၃ ရပ် ရှိတယ်ဆိုတာ သိဖို့နေနေသာသာ၊ ရွေးကောက်ပွဲ ဆိုတာ သမ္မတ ရွေးတာလား လို့တောင်မေးတဲ့သူတွေရှိပါတယ်။ ပါတီတွေမဲဆွယ်စည်းရုံးရေးလုပ်တဲ့ ဒီနှစ်လ အတွင်းမှာတော့ လူတွေပိုစိတ်ဝင်စားမှုရှိလာမယ်လိုထင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ က လုံးဝစိတ်မဝင်စားပဲ တက်လာတဲ့ အစိုးရ တို့အစိုးရ လို့ပြောတဲ့သူတွေတောင်ရှိတယ်။ အဲဒီလူတွေအတွက်ကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ။ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးအခွင့်အရေး (Right to vote) ကို မိမိအတွက်ရော၊ တစ်ခြားသူတွေအတွက်ပါ အသုံးမချ တဲ့ သူတွေဖြစ်ပါတယ်။ Right to vote တောင်စိတ်မ၀င်စားတဲ့သူတွေ ယနေ့ အခြေအတင် မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ right to recall (R2R) ဘယ်နားနေမှန်းတောင် သူတို့ သိမှာမဟုတ်ပါဘူး။

ခ) သွားပေးတယ်၊ စာရင်းထဲမပါလို့ ပေးမရဘူး
—————————————————
တစ်ချို့ က မဲပေးတဲ့ရက်မှာ တက်တက်ကြွကြွ သွားတော့ပေးပါရဲ့  ၊ မဲပေးပိုင်ခွင့် အမည်စာရင်းထဲမှာ မိမိနာမည်မပါတော့ ပေးလို့မရဘူး။ မဲစာရင်းထဲမှာ အနည်းဆုံး မိမိ နာမည်ပါမှ မဲပေးတဲ့ရက်မှာ မဲပေးလို့ရတာပါ။ ရပ်ကွက်(သို့) ကျေးရွာကော်မရှင်ခွဲတွေက ၄င်းရပ်ကွက်မှာနေထိုင်တဲ့ အိမ်ထောင်စုတွေရဲ့  အိမ်ထောင်စုဇယား (သို့) လဝက ပုံစံ (၆၆/၆) (household form 66/6) ထဲက လူစာရင်းပေါ်မူတည်ပြီး နိုဝင်ဘာ ၈ ရက်နေ့ မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲပေးနိုင်တဲ့ လူစာရင်းကို အခုနောက်ဆုံးအကြိမ်ထုတ်ပြန်တော့မှာပါ။ အဲဒီ မဲစာရင်းမှာ ကိုယ့်နာမည်မပါရင် အဲဒီကော်မရှင်အဖွဲ့ခွဲမှာပဲ ပုံစံ (၃) ကိုတောင်းဖြည့်ပြီး မဲစာရင်းထည့်သွင်းပေးရန်တောင်းဆိုနိုင်ပါတယ်။ အမည်မှားနေပါက ပုံစံ (၄ – ဂ) နဲ့ ပြင်ဆင်ဖို့လျောက်ထားရမှာဖြစ်ပါတယ်။ အနည်းဆုံး အမည်မှန်မှ မဲပေးလို့ရမှာဖြစ်ပါတယ်။

နောက်တစ်မျိုးက ပြည်သူတစ်ချို့ က မိမိ သည် ယခု ပြောင်းရွေ့  နေထိုင် အလုပ်လုပ်နေသော မြို့ နယ် (သို့) ရပ်ကွက် မဲစာရင်းတွင် ပါမည်ဟု မှတ်ယူထားသူများပါနိုင်ပါသည်။ အိမ်ထောင်စုစာရင်း ပြောင်းမထားပါက မိမိ သည် မိမိ ယခင် နေထိုင်ခဲ့သော မြို့ နယ် (သို့) ရပ်ကွက်မဲစာရင်းမှာပဲပါနေမှာဖြစ်ပါတယ်။ မိမိ နေရာဟောင်းသို့ သွားရောက် မဲ မပေးလိုပါက လက်ရှိနေရာသစ်တွင်လည်း ရက်ပေါင်း ၁၈၀ ထက် မနည်း နေထိုင်ပြီး (သို့ မဟုတ် ရက်ပေါင်း ၁၈၀ ထက်မနည်းပြောင်းရွေ့  အလုပ်လုပ်နေ) ပါက ယခု ရောက်ရှိနေသော မြို့ နယ်၊ ရပ်ကွက်တွင် မဲပေးနိုင်ရန် ပုံစံ ၃ – က ဖြင့် ရွေးကောက်ပွဲမကျင်းပမှီတစ်လအလို အောက်တိုဘာ ၈ ရက် နောက်ဆုံးထားပြီးလျောက်ထားရမှာဖြစ်ပါတယ်။ ရက်ပေါင်း ၁၈၀ ကန့်သတ်ချက်က တော့၊ မဲများ ခြံခုန်ခြင်း (လိုနေသောနယ်တွင် ပါတီတစ်ခုအတွက် မဲအပြောင်းအရွေ့  ) မပြုလုပ်စေရန်နှင့်၊ ရက်ပေါင်း ၁၈၀ ပြည့်နေထိုင်ပြီးမှ သာ မိမိသည် မိမိလိုအပ်ချက်အရ မည်သူ့ကို လက်ရှိ ရောက်ရှိနေသောနယ်တွင် မဲပေးနိုင်မည်ကို ကောင်းစွာသိရှိနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

ဂ) သေတဲ့သူနဲ့၊ မဲစာရင်းထပ်နေတဲ့သူတွေပါတယ်
——————————————————–
နောက်တစ်မျိုး ၅၁ ရာခိုင်နှုန်း မပြည့်အောင် လုပ်နေတဲ့သူတွေကတော့၊ စာရင်းထဲ ပါနေတဲ့ သေတဲ့သူတွေ၊ စာရင်းထဲပါနေသော နိုင်ငံခြားသားခံယူသွားသူတွေ၊ စာရင်းတစ်ခုထဲ နာမည်ထပ်နေတဲ့ သူတွေ နဲ့ ဟိုဘက်မြို့ နယ်ရော၊ ဒီဘက်မြို့ နယ်မှာ ပါ အမည်စာရင်း ပါဝင်နေသူများပဲဖြစ်ပါတယ်။ မဲဆန္ဒနယ် တစ်ခုအတွက် အမတ်ရွေးနိုင်ဖို့ လိုအပ်တဲ့ ၅၁ ရာခိုင်နှုန်းဟာ ပိုင်းဝေ အစား ပိုင်းခြေ ဖြစ်တဲ့အတွက် လာရောက်မဲပေးသူတွေ အရေအတွက် သာမက စုစုပေါင်း မဲပေးခွင့်ရှိသူ အရေအတွက်ပေါ်ပါ မူတည်ပါတယ်။ ထို့ကြောင့် ပြည်သူတစ်ယောက်သည် မိမိ မဲစာရင်းသာမက မိမိရဲ့ မိသားစုများ၊ အိမ်နီးချင်းများစာရင်း ကို ကူညီ ကြည့်ရှူပြီး စာရင်း ပိုနေ ပါက ပုံစံ ၄ ဖြင့် ပယ်ဖျက်ဖို့ တိုက်တွန်းရမှာဖြစ်ပါတယ်။ ရက်ကွက်ထဲက အသိမိတ်ဆွေထဲမှာ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့သွတ် (ရူး) နေသူများကိုလဲ သိရင်ဖယ်ထုတ်ခိုင်းရမှာဖြစ်ပါတယ်။ သူတို့က သေချာပေါက်မဲ လာမပေးနိုင်လို့ဖြစ်ပါတယ်။

ဃ) ပေးချင်တယ်၊ ထွက်မရလို့
————————————
ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်ရောက်ရင် အလုပ်ရှင်နဲ့ လုပ်ငန်းရှင်တွေက မိမိ အလုပ်သမားများကို မဲသွားပေးဖို့ စီစဉ်ပေးသင့်တယ်။ ဒါက ငါးနှစ်တစ်ခါ ရှိရမဲ့ နိုင်ငံသားအခွင့်အရေးဖြစ်ပါတယ်။ တနင်္ဂနွေ ဖြစ်သော်လည်း အိမ်ဖော်များ၊ နဲ့ အခြား တနင်္ဂနွေ အလုပ်ဆင်းရသူများကိုပါ အလုပ်ရှင်များ ဘက်မှ မဲပေးနိုင်အောင်စီစဉ်ပေးသင့်ပါတယ်။
လတ်တလော စင်္ကာပူမှာ ကြိုတင်မဲ ပေးခွင့် ပုံစံ ၁၅ တင်ရာမှာ လျောက်လွှာပေါင်း ၈၃၈၂ စောင်ပဲလက်ခံရရှိခြင်းက သက်သေခံနေပါတယ်။ ဒါက ပုံစံ ၁၅ ပဲရှိပါသေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့ရဲ့  sister page တစ်ခုဖြစ်တဲ့ Let’s vote from Singapore – Myanmar Elections 2015 Page ကနေ အတတ်နိုင်ဆုံး ပညာပေး လှု့ံဆော်ပေးခဲ့ပေမဲ့ သံရုံးက ပြည့်စုံစွာဖြည့်စွက်ထားတဲ့ ဖောင် ၈၃၈၂ စောင်ပဲရရှိတယ်လို့ဆိုပါတယ်။ ဒီလို လှု့ံဆော်ရာမှာ ကျွန်တော်တို့ volunteer အဖွဲ့ သာမက၊ အခြား အဖွဲ့ များလည်း သူ့နည်းသူ့လမ်းစဉ်နဲ့သူလုပ်ကြသော်လည်း ၈၃၈၂ ဆိုတဲ့ ပမာနက တော်တော်လေးနည်းတယ်လို့ဆိုရမှာပါ။

သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးလို့မရပါဘူး၊ Online မှာ ဗေဒင်တွေထွက်လာတယ်၊ တွက်ကိန်းက ဘယ်သူကနိုင်မှာ စသည်ဖြင့်ပေါ့။ အမှန်ကတော့ မိမိကိုယ်တိုင်မဲစာရင်းထဲမှာပါပြီး ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မိမိတင်မြှောက်ချင်တဲ့ (ပါတီရဲ့ ) အမတ်ကို လွှတ်တော် သုံးရပ်အတွက် တစ်ယောက်စီ မိမိမဲကို ပုံးထဲကို ထည့်မှ၊ လွှတ်တော်ထဲမှာ မိမိ သမ္မတ ဖြစ်စေချင်တဲ့ ပါတီက အမတ် အများဆုံးရကာမှ အစိုးရ ဖွဲ့ ပြီး သမ္မတရွေးနိုင်မှာဖြစ်ပါတယ်။ ဘယ်ဗေဒင်ဆရာမှ ၅၁ ရာခိုင်နှုန်း ကျော်အောင် အုံဖွ ဟပ်ချလောင်း လုပ်မပေးနိုင်ပါဘူး၊ လွှတ်တော်တစ်ရပ်ချင်းစီအတွက် သင့် မဲတစ်ပြားစီ ကသာ အဓိက ဖြစ်ပါတယ်။

.

.

.

၃) ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရောက်ရင် ဘယ်လို မဲပေးမှာလဲ
================================
က) မှတ်ပုံတင် ယူဆောင်သွားရပါမယ်။ (မှတ်ပုံတင် ပျောက်ဆုံးနေသူများ ပုံစံ ၁၂ ထောက်ခံချက်ဖြင့်မဲပေးရမှာဖြစ်ပါတယ်)၊
ခ) “မိမိ အမည်စာရင်းပါသော မဲရုံ တွင်” သာ “မနက် ၆ နာရီ မှ ညနေ ၄ နာရီ အတွင်းသာ” မဲပေးရပါမယ် ( ညနေလေးနာရီ မတိုင်မီ မဲရုံတွင်းရောက်နေသော်လည်း မဲမပေးရသေးပါက မဲပေးနိုင်ပါတယ်)
ဂ) ကော်မရှင် မဲရုံမှုး ကို မှတ်ပုံတင်ပြပြီး မဲပြားများ ထုတ်ယူရမှာဖြစ်ပါတယ်။
ဃ) မဲရုံထဲက လျို့ ဝှက် ဆန္ဒပြုခန်း တစ်ခုခုမှာ တံဆိပ်တုန်းရိုက်နှိပ်ပြီးမဲပေးရမှာဖြစ်ပါတယ်။
င) သင်မဲပေးဖို့ မဲပြား ဘယ်နှစ်ပြားရရှိမှာလဲ ? လွှတ်တော်သုံးရပ်အတွက် မဲသုံးပြား အနည်းဆုံးရရှိမှာဖြစ်ပါတယ်။ ၄င်းအပြင် သင်နေထိုင်ရာ တိုင်း (သို့) ပြည်နယ်က တိုင်းရင်းသားလူမျိုးစု တစ်ခု သည် မြန်မာနိုင်ငံရဲ့ စုစုပေါင်းလူဦးရေ ရဲ့  သုံည ဒသမ တစ်ရာခိုင်နှုန်းရှိခဲ့ရင် (ဥပမာ လူဦးရေ ၅၁.၄၉ သန်း မှာ အဲဒီလူမျိုးစု ဦးရေက သင်နေထိုင်ရာ ပြည်နယ် (သို့) တိုင်းမှာ ၅၁၄၉၀ ဦး ရှိလျင်) အဲဒီလူမျိုးစုအတွက် တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်မှာ အဲဒီလူမျိုးစုကို ကိုယ်စားပြုဖို့ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် အမတ် တစ်ယောက် ကိုရွေးချယ်ခွင့်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက မဲပြား သုံးပြား အနည်း ဆုံးအပြင်၊ သင်က မှတ်ပုံတင်ထဲမှာ တိုင်းရင်းသားလူမျိုးတစ်ခုခုဖြစ်ခဲ့ရင်၊ အဲဒီ တိုင်းရင်းသားလူမျိုးစု လူဦးရေကလဲ အထက်ပါ ရှင်းပြထားတဲ့လူဦးရေရှိခဲ့ရင် နောက်ထပ် မဲတစ်ပြားရရှိမှာဖြစ်ပါတယ်။ အကယ်၍ မှတ်ပုံတင်ထဲမှာ သင့် တိုင်းရင်းသားလူမျိုး သည် ကရင်+ဗမာ ဖြစ်နေခဲ့လျင် ရှေ့ ဆုံးက တိုင်းရင်းသားလူမျိုးစု ကရင် အတွက် မဲပြားရရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစု အကြောင်း ကျွန်တော်တို့ ရေးခဲ့တဲ့ အောက်ပါပိုစ့်မှာလည်းဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=371160753093943&id=367080970168588

ဒါပေမဲ့ မဲပုံးအရေ အတွက်ကတော့ အနည်းဆုံးသုံးပုံးကနေ တိုင်းရင်းသားလူမျိုးစု တစ်ခုချင်း စီ ၄င်း ပြည်နယ်(သို့) တိုင်းမှာ လူဦးရေ ၅၁၄၉၀ ကျော်နေပါက ထိုတိုင်းရင်းသားလူမျိုးစု တခုစီအတွက် မဲပုံးတစ်ပုံစီ ရှိလာမှာဖြစ်ပါတယ်။ ၄င်း အပြင် ကြိုတင်မဲ အတွက်နောက် တစ်ပုံးရှိမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီး မဲရုံသို့ မလာနိုင်သူများ၊ ဆေးရုံမှ လူမမာ နှင့်ကိုယ်ဝန်သည်များ၊ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒနယ်ပြင်ပရောက်နေသူများ နှင့်၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ စသဖြင့် တို့ထံမှ ရရှိသောကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကြိုတင်မဲပုံထဲသို့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

စ) လျို့ ဝှက် ဆန္ဒပြုခန်းမှာ ရရှိလာတဲ့ မဲပြားများကို တံဆိပ်တုံး နှိပ်ပြီးနောက် အတွင်းသို့ ခေါက်ကာ သက်ဆိုင်ရာ လွှတ်တော်မဲပုံးများနဲ့ တိုင်းရင်းသားလူမျိုးစု မဲပုံးအတွင်းသို့ထည့်ရမှာဖြစ်ပါတယ်။
ဆ) ထိုသို့ မဲပေးပြီးပါက ကော်မရှင် မဲရုံမူးက သင့်လက်ကို အထူး လေဆာ မှင်တို့ပြီး မဲပေးပြီးကြောင်း သတ်မှတ်လိုက်မှာဖြစ်ပါတယ်။ ၄င်း မှင်ဟာ နိုင်ငံခြားက မှာယူထားပြီး အခြားနိုင်ငံတစ်ကာကလဲ သုံးနေပြီး ၂၄ နာရီအတွင်း မပျက်နိုင်ပါဘူး။ မှင်တို့ ပြီး မဲပေးပြီးကြောင်းသတ်မှတ်ရခြင်းမှာ အခြား နာမည်ပါပြီး လာမပေးနိုင်သူများအတွက် ကိုယ်စားမပေးနိုင်စေရန်ကာကွယ်ထားခြင်းဖြစ်ပါတယ်။

.

.

.

၎) ဘယ်လို တံဆိပ်တုံးရိုက်ပြီး မဲပေးရမလဲ
===============================
လျို့ ဝှက်ဆန္ဒပြုခန်းသို့ သွားရောက် တုံးမထုခင် ရရှိလာသော မဲပြားများပေါ်တွင် မရုံမှုး လက်မှတ် ပါမပါစစ်ဆေးပါ၊ အစွန်းအထင်း အခြစ်ရာ စုတ်ပြဲချင်း ပါမပါစစ်ဆေးပါ။ ထိုသို့ ဖြစ်ပါက မဲရုံမှုးထံ တုံး မထုခင် လဲလှယ်ပါ။ ထိုသို့မဟုတ်ပဲ တုံးထုပြီးပါက ပယ်မဲဖြစ်နိုင်ပါသည်။
မဲပြားတစ်ပြားမှာ ထိပ်ဆုံးမှာ ဘယ်လွှတ်တော်၊ ဘယ်မဲဆန္ဒနယ်ဆိုတာပါပါတယ်။ အောက်မှာ ကော်လံ ၃ ခုပါပါတယ်။ ဘယ်ဘက်ဆုံး ကော်လံမှာ မိမိ မဲစာရင်းရောက်ရှိရာ လွှတ်တော်မဲဆန္ဒနယ်မှာ ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီ အမည်နဲ့ ပူးတွဲပေးထားပါတယ်။ ဒုတိယ (အလယ်) ကော်လံမှာ သက်ဆိုင်ရာ ပါတီတံဆိပ် ပါမှာဖြစ်ပြီး၊ ညာဘက်ဆုံးမှာ တံဆိပ်ရိုက် မဲပေးဖို့ ကွက်လပ်လုပ်ပေးထားပါတယ်။

.

.

.

၅) ခိုင်လုံမဲ
=========
က) တံဆိပ်တုံးကို တစ်ခါတည်း နမူနာ (၁) တွင် ပြထားသည့်အတိုင်း သေချာစွာထုပါ။ ပြောင်းပြန် အတည့် အစောင်း အားလုံး ထုလို့ရပါတယ်။ ဒါပေမဲ့ နှစ်ထပ်မထုရပါ။
ခ) နမူနာ (၂) ကဲ့သို့ အကွက်ထဲသို့လုံးလုံးမကျရောက်ပဲ အပေါ် သို့ ဖြစ်စေ၊ နမူနာ (၃) ကဲ့သို့ ဘေးသို့ဖြစ်စေ၊ နမူနာ (၄) ကဲ့သို့ အောက်သို့ဖြစ်စေ တစ်စိတ်တစ်ဒေသ ကျရောက်လျင်လည်း ပယ်မဲမဖြစ်ပါ။ ခိုင်လုံမဲအဖြစ်သတ်မှတ်ပါသည်။
ဂ) နမူနာ (၅) ကဲ့ သို့ ပြောင်းပြန် ရိုက်ခြင်း၊ နမူနာ (၆) ကဲ့သို့ တတိယ ကော်လံအစား ပထမ ကိုယ်စားလှယ် ကော်လံတွင် (အတည့်ဖြစ်ဖြစ် ပြောင်းပြန်ဖြစ်ဖြစ်) ထုထားခြင်း၊ နမူနာ (၇) ကဲ့သို့ ဒုတိယ ကော်လံ ပါတီ အလံ၊တံဆိပ်ပေါ်တွင် (အတည့်ဖြစ်စေ ပြောင်းပြန်ဖြစ်စေ) ထုထားခြင်း။ စတာတွေကလည်းပယ်မဲ မဖြစ်ပါဘူး။ ခိုင်လုံမဲအဖြစ်သတ်မှတ်ပါတယ်။
ဃ) နမူနာ (၈) မှာ ပြထားတဲ့အတိုင်း တတိယကော်လံမှာ ကိုယ်စားလှယ်နှစ်တန်းအကြား ရိုက်နှိပ်ထားသော်လည်း ဦးပန်းသီးထဲသို့ တံဆိပ်တုံးသည် အများဆုံးကျရောက်ကြောင်းဆုံးဖြတ်နိုင်သည့် အတွက် ပယ်မဲ မဖြစ်ပါဘူး။ ခိုင်လုံမဲဖြစ်ပါတယ်။

.

.

.

၆) ပယ်မဲ
========
က) နမူနာ ပုံစံ (၉) နှင့် နမူနာ (၁၀) မှာ ပြထားသည့်အတိုင်း မည်သည့်ကိုယ်စားလှယ်ဘက်သို့ တံဆိပ်တုံး အများဆုံး ရိုက်နှိပ်ထားသည်ကို မဆုံးဖြတ်နိုင်ခြင်း၊ ပဲမယ်ဖြစ်ပါတယ်။
ခ) နမူနာ ၁၁ ကဲ့သို့ လုံးဝ အပြင်ဘက်ရောက်နေသော တုံးထုခြင်းမျိုး။ ပဲမယ်ဖြစ်ပါတယ်။
ဂ) နမူနာ ၁၂ နှင့် ၁၂ မူကွဲ ကဲ့သို့ နှစ်ထပ်ထုထားခြင်း။ ပယ်မဲဖြစ်ပါတယ်။
ဃ) နမူနာ ၁၃ ကဲ့ သို့ လုံးဝ ထုမထားခြင်း၊ နမူနာ ၁၄ ကဲ့ သို့ မဲရုံမှူးလက်မှတ် မပါခြင်း။ ပယ်မဲတွေဖြစ်ပါတယ်။
င) နမူနာ ၁၅ ကဲ့သို့ အစွန်း အထင်း (သို့) ခြစ်ရာများ ပေးကြံနေခြင်း၊ နမူနာ ၁၆ ကဲ့သို့ ကြယ်ပွင့် (စသည်ဖြင့်) အမှတ်အသားပါသောမဲပြားများ။ ပယ်မဲများဖြစ်ပါတယ်။
အောက်ပါလင့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တံဆိပ်တုံးထုမဲပေးပုံကို တင်ပြထားပါတယ်။
https://www.facebook.com/mrtvwebmediaportal/videos/923260831053077/

၇) ကြိုတင်မဲ
==========
ကြိုတင်မဲ အတွက်မဲ ရုံမှာ မဲပုံသပ်သပ်ရှိတယ်လို့အထက်မှာရေးခဲ့ပါတယ်။ မဲပေးပုံတော့ကွာပါတယ်။ ဇွန်လ ၂၅ ရက်မှာ နည်းဥပဒေကိုပြင်လိုက်တဲ့အတွက် ကြိုတင်မဲပေးသူတွေက တုံးထုရမှာမဟုတ်တော့ပဲ အမှန်ခြစ်ရမှာဖြစ်ပါတယ်။ ကြိုတင်မဲဆိုရာမှာ ပုံစံ (၁၅) ဖြင့်လျောက်ထား ထားသော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများလည်းပါဝင်ပါတယ်။ တုံးအစား အမှန်ခြစ်ရမှာဖြစ်ပါတယ်။ မဲများကို ရပ်ကွက်ကော်မရှင်ကို မဲလက်မှတ်တွေပြန်ပို့ရမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ရက် ထက် သံရုံးမှာ ရက်အနည်းငယ် စောခြစ်ရနိုင်ပါတယ်။

.

.

.

၈) မဲ ရေတွက်ခြင်း
============
မဲပေးခြင်းများပြီးဆုံးလျင် အသုံးမပြုပဲကျန်နေသောမဲများကို မဲရုံမှူးက စာရင်းလုပ်ပါတယ်။ နောက် တော့မှ ကြိုတင် မဲပုံထဲမှ မဲများကို စရေတွက်ပါတယ်။ ရေတွက်ရာမှာ သက်ဆိုင်ရာ အမတ်တစ်ယောက်စီအတွက် ခြင်းတစ်လုံးစီရှိမှာဖြစ်ပြီး၊ သက်သေ ဆယ်ဦး ရှေ့ တွင် ပုံးထဲမှာ မဲတစ်ခု ခြင်းစီကို ခိုင်လုံမဲဖြစ်မဖြစ် စစ်ဆေးပြီး ဖြစ်ပါက သက်ဆိုင်ရာ အမတ် တွေရဲ့ ခြင်းထဲသို့ထည့်မှာဖြစ်ပါတယ်။ မဲဆန္ဒနယ် တစ်ခုမှာ မဲရုံ အများကြီးရှိနိုင်ပါတယ်။ ဆက်လက်ရေတွက်ရန်အတွက် မဲရုံမှူးသည် အမတ်တယောက်ချင်းစီရဲ့ မဲများနဲ့ အရေအတွက်စာရင်းကို ချိပ်ပိတ်ပြီး မြို့နယ်ကော်မရှင် ကိုထပ်မံပို့ပါတယ်။

.

.

.

ကိုးကား
———-
UEC: www.uecmyanmar.org
Photos: UEC and Internet

.

.

.

ပြင်ဆင်ချက်
========
(၁)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်း (national voters list) ကြေငြာ/ကပ် မည့်ရက် သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၆ ရက်မှာ လျာထားချက်သာဖြစ်ပြီး၊ အပြောင်းအလဲရှိနိုင်ပါသည်။ သေချာသည့်အချက်မှာ ထို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲစာရင်းကို ဒီလမဟုတ်တောင်၊ စက်တင်ဘာထဲတွင်ကြေငြာမည်ဟုသိရပါသည်။ ကျွန်တော်တို့အဖွဲ့ မှ ထပ်မံ အသိပေးတင်ပြသွားပါမည်။

(၂)
ကြိုတင် မဲ များအားလုံး အမှန် မခြစ်ရပါ။ ကြိုတင်မဲပေးနိုင်သူများထဲမှ အောက်ပါ မဲပေးသူများသာ အမှန်ခြစ်ပြီး မဲပေးရမည်ဖြစ်ပါသည်။
၁) မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းရှိ တပ်မတော်သားများ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်ကုသနေသူများ
၂) အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးမည့်သူများ။
ကြိုတင်မဲပေးမည့်သူများထဲမှ အထက်ပါ အမျိုးအစား ၂ မျိုးသာ အမှန်ခြစ်ရမှာ ဖြစ်ပြီး၊ ကျန် ကြိုတင်မဲပေးမည့်သူများ ( နာမကျန်းသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည် စသည်) များမှာ တံဆိပ်တုံးထု မဲပေးရမည်ဖြစ်ပါကြောင်း ပြင်ဆင်အသိပေးအပ်ပါသည်။

****လွတ်လပ်စွာ share နိုင်ပါသည်****

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120