တက္ကသီလာတုန်းကပေါ့…

ကန်တင်းကသောက်ရင် သီယေတာထိပ်ကနေအနံ့ရတဲ့ ဆလိပ်

တဗူးကို ၁၆လိပ် ၈လိပ်ကိုတကန့် နဲ့ ၂ကန့်ပြည့်တဲ့ ပက်ကင်

စိကလက်ထုတ်ကျိလိုက် မှိုလိုက်ထားသလိုလို အကွက်အကွက်တေနဲ့…

အံမာ မီးညှိပီး ရှိုက်လိုက် ဖောက်ဖောက်ဖောက်ဖောက်နဲ့မြည်သေး..

မကြိုက်တဲ့သူများ သွားတိုက်ကျိ…

နင့်ဆလိပ်က ဒံပေါက်တပွဲလုံးမြုံထားရသလိုပဲ မှတ်ချက်ပြုကြ…

ကြိုက်တဲ့သူများ တခါဖွာ ကိုယ့်နှုတ်ခမ်းတခါ ကိုယ်ပြန်ယက် ..

ပလပ် ပလပ်…

 

gd

 

အရှည်ကို ကျိအုံးမလား .. ကင်းဆိုက်ထက် ထွား..

တခါညှိ တန်ရုံ မကုန်…

ဗန်ဟယ်လန် လို ဂီတာထိပ် နတ်ဆက်သလို ချိတ်ထားပီး ဒေါင်ဒေါင်ဒင်ဒင်လုပ်လိုက်ရင်ဖြင့် …

ကွကိုယ် ဂျင်မီဟင်းနရစ် မှတ်ရ…

မခင်အေး ဘားလမ်း နဲ့ ပထ၀ီတကျောလွတ်တဲ့ သင်္ဘောသီးအမျိုးတွေဟာ

ဆလိပ်သာ ဘာသာရေးဆို ဒင်းတို့ ပစ္စေဂဗုဒ္ဓာဖြစ်တဲ့ ကာလ…

ပြန်တွေးရင် လွမ်းဇာဂျီး ပါ….

 

ခုတော့ ထုံ့ပိုင်းထုံ့ပိုင်း တွေ့ရင် ၀ယ်သောက်မိသေးတာပ….

ဘဇပ်အကျင့်က မာကတ္တာတွေ အုံးနှောက်ဆေးသွားလို့

အ၀ါမြင်ရင် စိကရက် ဆာတဲ့ အကျင့်နဲ့ လုံဒုံကိုပဲ အားခဲနေရ….

တခါတလေတော့လည်း သတိရသေးပါရဲ့…

အော်… ယဲဇားဦး ယဲဇားဦး……..

P.S ခညာ့တို့ သားသမီးတွေ ဆလိပ် မသောက်တတ်စေနဲ့…။

စမုတ်ကာ တယောက်ရဲ့ မှာတမ်းအနေနဲ့ … လူဆိုတာ ဆလိပ် သောက်တတ်ဖို့ လွယ်တယ်။

ဆလိပ် မသောက်တတ်ဖို့ ခက်တယ်…။ ဒါပါပဲ။

 

About ムラカミ

has written 498 post in this Website..

今でしょ?

CJ # 9092011