မမဂျီး မကောင်းပါ…

သများရဲ့ အတိတ်ကအရိပ်တွေကို လက်ဖက်ရည်ပိုစ့်တစ်ခု ဖဘမယ်တင်ပြီး ဆွတယ်…။ :byee:

လမ်းမီးတိုင်မလင်းတလင်းအောက်မှာ သစ်သားခုံပုလေးတွေနဲ့ ထိုင်ပြီး လက်ဖက်ရည်သောက်ခဲ့ရတဲ့ ကလေးမြို့ညတွေကို အတော်လွမ်းသွားပြီ..။

 

လက်ဖက်ရည်ဆိုင်ရယ်လို့ စ သိတာ အမချော နှစ်ယောက်က စ ပါတယ်.. (၀မ်းကွဲတွေပါ..)။ သူရို့ နှစ်ယောက်က အတော်လေး ချောကြလှကြတယ်..

ကိုယ့်အမတွေမို့ ကိုယ်ညွှန်းတာမဟုတ်..၊ တော်ရုံမိန်းမလောက် ကျမ လှတယ်ကို မထင်တာ…။

ဒီအမ နှစ်ယောက်ကတော့ တစ်ယောက်က အရပ်ရှည်ပြီး ညိုချောချောတာ.. (မော်ဒယ်တောင် လုပ်ခဲ့သေးတယ်..)

သူ ကျူရှင်ကအပြန် စာအုပ်လေးလက်မှာပိုက်ပြီး ကြောင်လျှောက်ဒီဇိုင်းနဲ့ လျှောက်တဲ့ပုံစံ ခုချိန်ထိ ကျမ မတတ်ခဲ့…။

တစ်ယောက်ကတော့ အသားဖြူဖွေးနေပြီး.. ခန္ဓာကိုယ် လှတာ… Like a Sagaing Pot အဟွတ်!

အဲ့ဒီခေတ် အကိုကာလသားများ ဘောလုံးကွင်း ချိန်းချခြင်းရဲ့ အဓိကတရားခံနှစ်ေယာက်ရယ်…

ဒီအမ နှစ်ယောက်ရဲ့ အပြင်ထွက်ရန် အလှပြင်ခြင်းအချက်ရယ်၊ တခါတရံ တောက်ညင်ကတ်လောက်အောင် ပဲကျွေးခြင်းအချက်တွေကို ဖယ်ထုတ်လိုက်ရယ် အတော်ချစ်ဖို့ကောင်းကြပါတယ်….။ ကျမကလဲ ငယ်ငယ်ကတည်းက ယောကျာင်္းလေးချောချောတွေထက် မိန်းမလှတွေများ မြင်ရင် ဇက်ကြီးလည်အောင် လှည့်ငေးခဲ့ဖူးတာ…။ ခုလဲ ကျမ ဖုန်းထဲမှာဆို.. မိန်းမလှတွေပုံချည်း… အဟီးးးးး

ဖဘမယ် စချင်နောက်ချင်လို့ သူငယ်ချောပုံတွေများ အရေးပေါ်လိုချင်ရင်တောင် ဖုန်းထဲအဆင်သင့်မရှိလို့ သူရို့ နာမည်နဲ့ ဂူဂဲယ်ကြီးဆီက သွားဝိုက်ရတယ်….။ အဲ..မိန်းခလေးတွေများ လှတဲ့ပုံဆိုရင်တော့ ထိုင်းက ဖြတ်ဖောက်ချုပ်တွေတောင် ချစ်လို့ သိမ်းထားတာရယ်…

ဒါမိုးအဖြစ်ကို နားလည်ပေးမယ့်အမတွေ ရွာထဲမယ်ရှိတယ်…

၁ မမချွိ…  (အဟီး… )

၂ မမေ

၃ တီခွစ်

(အဟဲ.. Snake Snake See the Leg ပြီး ထင်သလောက်ကို ဆွဲစိထားတာ..မဟုတ်ဖူးဆိုရင် ဆောဒီးပါ.. )

စကား ပြန်ဆက်ပါ့မယ်…

သူရို့နဲ့ ဆက်စပ်ပြီး လက်ဖက်ရည်ဆိုင်ကို ဘာလို့မှတ်မှတ်ရရဖြစ်ဆို.. သူရို့နဲ့များ အပြင်မထွက်လိုက်နဲ့ သူရို့ မျက်နှာထားနဲ့ ခြေလှမ်းက လက်ဖက်ရည်ဆိုင်ရှေ့ရောက်ရင် အလိုလိုဒီဇိုင်းပြောင်းတာ..

ခပ်ချဉ်ချဉ် ပြောရရင် ပဲဟဲဟဲ ပေါ့လေ…

အဲ့ခေတ် အကိုကာလသားတွေက ဒီဘက်တွေလို နှာခေါင်းက ဦးဆောင်တာတွေမဟုတ်သေး၊ ငမ်းချင်ရင်တောင် တစ်ဖက်မိန်းခလေး အနေမခက်တောင် ညှာညှာတာတာလေး ငမ်းကြရှာပါတယ်…။ ဒါပေသိ.. ပုံမှန်သွားနေရင်း ခြေလှမ်းမြန်သွားတာ..၊ မျက်နှာချီထားသလိုနဲ့ ဆိုင်ထဲ ဘယ်သူဘယ်ထောင့်ထိုင်နေမှန်း သိနေကြတဲ့… မျက်လုံးဘေးရောက်ပညာသည်တွေနဲ့ အတူသွားလာစားသောက်လေတော့ သြော်.. လက်ဖက်ရည်ဆိုင်ရှေ့ရောက်ရင် မိန်းမအများ တတ်သိထားရမယ့် ပညာတွေလို့ ငယ်စဉ်အခါက တလွဲမှတ်ခဲ့တာ… (အပေါင်းအသင်းမှားခဲ့တာကြောင့်ပါ.. :k: )

၁၀တန်းပြီးနှစ် ရောက်တော့ ကလေးမြို့မှာ….

အဖေနဲ့ ညဘက်ဆို ဆိုင်ကယ်တစ်ယောက်တစ်စီးစီ စီးပြီး မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်နား လမ်းဘေးပလက်ဖောင်းပေါ် ခုံပုလေးတွေခင်းထားတဲ့ လက်ဖက်ရည်ဆိုင်မှာ သွားသွားထိုင်ဖြစ်ခဲ့တာ…။ ရာသီအေးအေးမှာ..ဆိုင်ကယ်လေတိုးဒဏ်ကို ခံနိုင်အောင် အ၀တ်ထူထူတွေဝတ်ထားရင်း..၊  အေးနေတဲ့လက်တွေကို လက်ဖက်ရည်ခွက်ပူပူလေးကိုင်ပြီး နွေးအောင်လုပ်ခဲ့ရတဲ့ အရသာ.. အခုပြန်ရှာချင်ရင်တောင် မရနိုင်တော့ပါ… :(

အဲ့ဒီခေတ်က သီချင်းခွေတစ်ခွေ ပေါက်တယ်မပေါက်တယ်ဆိုတာ လက်ဖက်ရည်ဆိုင် ၃ဆိုင်လောက်ထိုင်ရင်ကို စနည်းနာလို့ရနေတဲ့ခေတ်ရယ်…

ဆိုင်က ဖွင့်ထားတဲ့ ကြားဖူးနားဝ သီချင်းသံခပ်တိုးတိုးကို လက်ကစည်းချက်လိုက်ရင်း ပါးစပ်က လက်ဖက်ရည်ရဲ့ အရသာကို ခံစားရင်း.. ဦးနှောက်က တွေးချင်ရာတွေးနေရင်း.. မျက်လုံးက ငေးချင်ရာငေးကြည့်ရင်း…

အဲ့ဒီလို အပန်းဖြေလိုက်ရတဲ့အရသာဟာ ခုချိန်လို အားရင် ဖဘပြေးပွတ်လိုက်တာ… အခွေတွေ သဲကြီးမဲကြီး ထိုင်ကြည့်ပလိုက်တာ…ဂိမ်းဆော့လိုက်တာ.. အဲ့ဒီအားလပ်ချိန် အပန်းဖြေနည်းတွေထက် အရသာ အပုံကြီးကွာတယ်…

နှစ်တွေ သိပ်မကြာပေမယ့်.. ခေတ်တွေပြောင်းတာတော့ သိပ်မြန်လွန်းတယ်လို့ထင်မိ…

 

တိုးတက်လာကြတာနဲ့အမျှ…ပွင့်လင်းမြင်သာလာတာနဲ့အမျှ ဆုံးရှုံး လက်လွှတ်ပေးလိုက်ရတဲ့ တချို့အရာတွေကို ခုလို တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း ပြန်လိုချင်မိ… အရမ်းနှမြောမိတာပဲ…

 

 

 

ကောင်းကင်ပြာ..

 

 

 

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 47 post in this Website..