မင်္ဂလာပါ မန်းဂေဇက်

ရွာသူကြီးနဲ့တကွ ရွာသူ ရွာသားများ

ကျန်းမာတော်မူကြပါစ။

တို့များတော့ မလာတာကြာတော့ အသိမိတ်ဆွေတွေတောင် မှတ်မိပါ့မလား။ ရှိပါ့မလား ရယ်လို့ စိုးရိမ်စိတ်လေးနဲ့ တိတ်တိတ်လေး တစ်ခေါက်ပြန်အလည်လာမိပါတယ်။

ရွှေပြည်မြန်မာကြီးလည်း ကျန်းမာရေးနလန်ထတော့မယ်ထင်ပါရဲ့လေ။

တို့တိုင်းဌာနေလည်း စမ်းရေလည်းကြည် ပန်းတွေလည်းပွင့်ဖို့ ဟန်ချီကြတော့မယ်ထင်ပါတယ်။

မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့စေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်ပါတယ်။

မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်..

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

About Kyi Lwin

Kyi Lwin has written 57 post in this Website..