-တဂျီးရေ ဒီပို့စ်လဲ တချိန် လူကြည့်များလာလောက်တယ်…. ဟဲ… ကျိန်းသေတာက ကျွန်တော်က မေ့တတ်တော့ ကိုယ့်ဘာသာ ပြန်လာကြည့်ဖို့ များတယ်…

-အရင်ဆုံး ဘာတွေ ပြသနာတက်လဲ အရင်ပြောမယ်… ဂျီမေးလ်ကို အောက်လွတ်ထဲမှာသုံးမယ်ဆို POP နဲ့လား IMAP နဲ့လားဆိုတာ အရင်ရွေးရမယ်…

-အလွယ်ပြောရရင် POP နဲ့ဆိုရင် အော်ရီဂျင်နယ် Web နဲ့သုံးတဲ့ နေရာမှာရော နောက်ထပ် အခွဲ အောက်လွတ် သို့မဟုတ် ဖုန်းထဲကိုရော မက်ဆစ်တွေ ၀င်မယ်…

-IMAP ကတော့ တနေရာက ဆွဲလိုက်ရင် နောက်တနေရာမှာ အဲမက်ဆစ်ပေါ်တော့ဘူး… (မှားရင် ထောက်ပြဦးနော်…) ပြီးတော့ Option များတယ်… စမ်းလဲ စမ်းဘူး… :)

 

-ကဲ.. POP ပဲ သုံးပြီဗျာ… ဒါဆို Setting ကို ထည့်ရပါမယ်… ဒါကလဲ လွယ်သေးတယ်… အောက်က Instruction ကို ဖော်လို လိုက်ရင် ရတယ်…

-ထည့်ခိုင်းတဲ့ အတိုင်း Incoming Mail Server မှာ pop.gmail.com ပေါ့… POPကို ရွေးထားရင် … Port က 995… ပြီးရင် Type Of Encrypted Connection မှာ SSL ပေါ့…

-Outgoing Mail Server မှာ smtp.gmail.com ပေါ့… Port က 465 or 587 … TOEC က SSL ပေါ့… TLS ရွေးရတဲ့အခါလဲ ရှိပါတယ်… ရှားပါတယ်…

 

-ဒါဆို အောက်လွတ်ဘက်ကိုသွားပြီ… ပုံ ၁ နဲ့ ၂ မှာ ဖော်ပြထားသလို လိုက်လုပ်ပေးပါ… အ၀ါရောင် ဟိုက်လိုက် တားထားတဲ့အတိုင်း ဖြစ်ဖို့တော့ လိုပါမယ်….

Choose Pop 3

Manually Configure

-ပုံ ၃ နေရာမှာတော့ ဖြည့်ရမယ့် အကွက်တွေကို အဲထဲကအတိုင်း လိုက်ဖြည့်လိုက်ပါ… ပြီးရင် More Settings ကို နှိပ်လိုက်ပါ…

More Settings

-ပုံ ၄ မှာ ပြထားသလို My Outgoing Server (SMTP) အရှေ့က လေးထောင့်ကွက်မှာ အမှန်ခြစ်လေး ခြစ်ပေးပါ…

-Use Same Settings As My Incoming Mail Server အရှေ့က အ၀ိုင်းလုံးလေးမှာ အဆံထည့်ပေးလိုက်ပါ…

Outgoing Server

 

-ပုံ ၅ မှာ ပြထားသည့်အတိုင်း တသဝေ မတိမ်းလုပ်ပါ… ကိန်းဂဏန်းထည့်တာ လေးထောင့်ကွက်မှာ အမှန်ခြစ် ဖြုတ်တာ … အမှန်ခြစ်ထည့်တာ… အ၀ါရောင် -ဟိုက်လိုက်အတိုင်း လိုက်လုပ်ပါနော်… မှားလို့ မရပါဘူး… ပြီးရင် အိုကေ နှိပ်လိုက်ပါ…

SSL Insert

-ပြီးပြီလားဆိုတော့ တခြမ်းပြီးပြီ… ဒါက အောက်လွတ်ဘက်အပိုင်း… :)

 

-၀က်ဘ်ဖက်ကို ပြန်သွားပြီး 2 Step Verification On ရပါတော့မယ်…. ကိုယ့် ဂျီမေးလ်ထဲကိုဝင် ပုံပါအတိုင်း အဆင့်အဆင့်လုပ်လိုက်ပါ…

-ပထမဆုံး Setting ထဲက Accounts And Imports ထဲကိုသွား Change Password Recovery Options ထဲကို ၀င်ပါ…

Change Password Recovery Options

-ပြီးရင် Sign In ထပ်ဝင်ရပါမယ်…

Sign in

-အောက်ကပုံအတိုင်း ပေါ်လာရင်တော့ အ၀ါရောင် ဟိုက်လိုက်အတိုင်းလေး လုပ်သွားလိုက်ပါ… 2 Step Verification က On ကို On မှ ရမှာပါနော်…

2 Step Verification Intro

2 Step Verification Turn On

-အ၀ါရောင် ဟိုက်လိုက်မှာ TURN OFF ဆိုရင် အဲအတိုင်း ရအောင် လုပ်ပါနော်… တကယ်တော့ ဖုန်း နဲ့ Verification မလုပ်ဖူးရင် ဒီအဆင့်က နည်းနည်း လည်ပါလိမ့်မယ်…

-သို့သော် မရှင်းပြတော့တာပါ… ရှင်းပြလိုက်ရင် တလွဲဖြစ်သွားမှာစိုးလို့ ပုံထဲက အတိုင်း ရအောင်သာ မဖြစ်ဖြစ် ဖြစ်အောင်သာ စမ်းပါနော်…

2 Step Verification

-အပေါ်က ပုံအတိုင်း ဖြစ်လို့ ကုတ်ထည့်ရပြီဆို အောင်ပါပြီ…

 

-App Password ထည့်နည်းပါ…

-ဦးစွာ Gmail Setting\ Account And Import \ Change Password Recovery Options ထဲ ပြန်ဝင်ပါ…

Change Password Recovery Options

-ပြီးရင် App Password Intro ထဲမှာ အ၀ါရောင် ဟိုက်လိုက်အတိုင်း ရွေးပေးပါ….

-အောက်ပါ ပုံအတိုင်း မှာ Mail ကိုမှ Computer နဲ့ သုံးမလား ဖုန်းဆို ဘာအမျိုးအစား ရွေးပါမယ်…

App Password

-ပြီးရင် အ၀ါရောင် အကွက်ထဲက ကုတ်ကို ကော်ပီယူ ပြိး ဒုတိယမြောက်ပုံထဲက အ၀ါရောင် ဟိုက်လိုက်ပြထားတဲ့ Password အကွက်မှာ Paste လုပ်လိုက်ပါ…

Password Code

Password From Outlook

-ဒါဆိုရင်တော့ အားလုံး ပြီးသွားပါပြီ… Test Account Settings နဲ့ စမ်းကြည့်ပါ… အ၀င်ရော အထွက်ရော အိုကေတာကို ပြပါမယ်… Password ကို အကြိမ်ကြိမ်နှိပ်ရမယ့်ဘေးကလဲ ဝေးသွားပါပြီ….

 

 

လာရောက်ဖတ်ရှု အားပေးသူများ ကျေးဇူးအထူးတင်ပါတယ်…. မရှင်းလျှင် ကော်မန့်တွင်မေးမြန်းနိုင်ပါတယ်…. :)

 

ရေမြေ့သနင်း

 

 

 

 

 

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...