‘ကျန်နေသေးတဲ့ ဘဝခရီးတွေ xxxx xx ကိုယ်တစ်ယောက်တည်းတော့ xxx xx မသွားတော့ပါ xxxxမင်းလိုက်နိုင်မလားကွာ’

 

လက်ပ်တော့ကနေ နှိပ်မိရာ နှိပ်မိလိုက်တဲ့ သီချင်းက ဆောင်းဦးလှိုင်ရဲ့ သီချင်း။ နှုတ်ခမ်းက တစ်ချက်ပြုံး

လိုက်မိတယ်။ သီချင်းလေးထဲကအတိုင်း တခါတရံ အချစ်ကမှားနေသလားပေါ့။ ပြန်စဉ်းစားမိတယ်။

လက်ပ်တော့က သီချင်းသံက လွင့်ပျံနေလို့ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်လှမ်းကြည့်မိတယ်။

လေတစ်ချက်နှစ်ချက်တိုက်လို့ အပင်တွေ လှုပ်ယီလှုပ်ယဲ့ နေဝင်ချိန်မို့ ငှက်ငယ်အချို့အိမ်ပြန်တာ

တွေ့နေရတယ်။ မြင်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း ပြုံးမိပြန်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ ပြုံးမိမှန်း

မသိပြန်ဘူး။

 

လောလောဆယ် လက်ပ်တော့က လွင့်ပျံလာတဲ့ သီချင်းကို ချစ်တယ်။ ပြတင်းပေါက်က ကြည့်နေရတဲ့

ရှုခင်းကို ချစ်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို ပြုံးမိစေတဲ့ အရာတစ်ခုပဲလေ။ ဟင့်အင်း အဲ့ဒါ

မှားတယ် အချစ်က အံ့သြမှင်သက်ခြင်းလေ။ တစ်ယောက်ယောက်ကို အံ့သြမှင်သက်ပျော်ရွှင်သွားအောင်

လုပ်နိုင်မှ အဲ့ဒါ အချစ်။ အံ့သြမှင်သက်အောင် ဟုတ်လား အံ့သြမှင်သက်အောင်ဆိုတာ ဘယ်လိုမျိုးလဲ။

စပရိုက် Surprise လို့ခေါ်တယ်။ ကိုချစ်တဲ့သူတစ်ယောက်ကို Surprise လုပ်နိုင်ရင် ချစ်တာပဲ။

ဟင်ချစ်ပါတယ်ဆိုမှ ဘာကိုချစ်တာပဲလည်း။ မဟုတ်သေးပါဘူး။ အချစ်ဟာ Surprise မှ မဟုတ်တာ။

အဲ့လိုလုပ်လိုက်မှ လူတွေက သူတို့က သိပ်ချစ်တာပဲဆိုတာကို ပြောခံချင်တာလား။ အချစ်ဆိုတာ

နှစ်ယောက်တည်းနဲ့ မပြီးပြည့်စုံဘူးလား။ တော်ပြီး မင်းက အချစ်အလေးမထားဘူး Surprise ဆိုတာ

မင်းကို နားလည်အောင် ရှင်းပြလို့မရဘူး။

 

သီချင်းသံ ရပ်တံ့သွားတဲ့အခါ အခန်းလေးက တိတ်ဆိတ်သွားပြန်ရော။ မှောင်ရီတဲ့နေရောင်ဟာ ပိုလို့

မှောင်ရီလာတယ်။ ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ သစ်ပင်တွေကို အရိပ်မည်းမည်းတွေသာ မြင်ရတော့

တယ်။ ခြံရှေ့က ခရေပင်က ပန်းရနံ့ဟာ သင်းပျံ့ပျံ့ လွင့်ပျံ့လာတယ်။ ပြုံးမိပြန်တယ်။ နေပါဦး အချစ်ဆိုတာ

လူနှစ်ယောက်မှာဖြစ်တည်တာမဟုတ်ဘူးလား။ အခြားသူတွေမပါလည်း အဲသည်လူနှစ်ယောက်ရဲ့ကြားက

ဖြစ်တည်တာပဲလေ။ မဟုတ်ဘူးလား။ ငါဖြစ်ချင်တာ ငါ့ကို သူများတွေလို Surprise လုပ်ပေးချင်တာလေ။

Surprise လုပ်တာနဲ့ အချစ်ကပိုလေးနက်သွားလား ငါမေးချင်လို့။ တစ်ယောက်နဲ့တစ်ယောက်

လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေရင် ဒါပြည့်စုံတဲ့ အချစ်မဟုတ်ဘူးလား။  ငါပြောလည်း နားလည်မှာ

မဟုတ်ဘူး။ သူ တစ်ချက်ပြုံးမိပြန်တယ်။

 

တဖြည်းဖြည်း အုံ့ကာမှိုင်းကာ မိုးစက်ကလေးတွေ ကျလာပြန်တယ်။ ပြတင်းပေါက်ကနေ မိုးစက်တွေ

တဖျောက်ဖျောက်ကျတာကြည့်ရင်း ပြုံးမိပြန်တယ်။ အချစ်က အမြဲတမ်း လိုချင်နေလို့မရဘူး။

အလယ်အလတ်နေရာမှာပဲ မျှမျှတတနေရတာ။ အမြဲတမ်း မလိုချင်ရဘူးလေ။ ငါက ချစ်လို့လိုချင်တာလေ

မချစ်ရင် ပေးတောင် မယူဘူး။  ဟား….ဟား…ဟား။ ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် ရယ်မော

မိပြန်တယ်။

 

နားလည်ပေးပါတယ် တကယ်တော့ အချစ်ဆိုတာ တစ်ဦးတစ်ယောက်ဆီမှာ သူ့ပုံစံခွက်နဲ့မျိုးစုံနဲ့

ဖြစ်တည်နေတာပဲလေ။ မိုးအေးနေတယ် စောင်ခြုံဦး။ တိတ်ဆိတ်စွာနဲ့ အခန်းထဲမှာ တစ်ယောက်ပြုံးမိ

ပြန်တယ်။

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 208 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။