ကွီးယား ဝိတားကင် – K Pork BBQ
ကိုယ့် အိမ်မှ အဆာကျယ်များက ဆိုင် တစ်ခုခု သွားစားပြီးရင် ဒီတိုင်းမနေပါဘူးး…အိမ်မှာ ပြန်လုပ်ခိုင်းပါတယ်။
ဟတ်စကဲ့။
ကိုယ်ကလည်း အောက်သက်မကြေတာနဲ့တော့ တွေ့ပြီလေ။
ခု လည်း ကိုရီးယားဆိုင်မှာ ဝက်သားကင်နဲ့ ဆလပ်မျိုးစားချင်တယ်တဲ့။ ဘာမှ လုပ်မနေဘူးး..
K Pop မဟုတ်တဲ့ K Pork ပါ။ အဟိ
- ဝက်သား ၃ ထပ်သားရယ် (ဘာ အစာပလာမှ နယ် စရာမလို၊ ရေစင်စင်ဆေးပြီး စစ်ထားရုံ)
- ဆလပ်ရွက်ရယ်၊ (ဆလပ်က တစ်ရွက်ချင်းခွါပြီး ဆားရည်လေး စိမ်ပြီး စင်အောင်ဆေး ရေစစ်ထားး)
- သခွါးသီးရယ်၊ (ရေစင်အောင်ဆေး ပါးပါးလှီးထား)
- ငရုတ်သီးစိမ်းရယ်
- ကင်ချီရယ်
- Chilli bean sauce ရယ်
- ကြက်သွန်ဥအကြီးရယ်
- ကြက်သွန်ဖြူတွေရယ် ဝယ်ခိုင်းလိုက်တယ်။ ဒါတောင် ကင်ချီက ဈေးကြီးလို့ အိမ်မှာ လုပ်သင့်တယ်တွေ ဘာတွေ လာသေးတယ်။
လုပ်ချင်သူများ အတွက်လုပ်နည်းက အောက်မှာပါ။
- မီးဖိုပေါ်အကင်အိုး တင်
- ကြက်သွန်ဥနီကြီး ပါးပါးလှီးထားတာတွေတင်ထားး
- ကြက်သွန်ဖြူပါးပါးလှီးလေးတွေ ဖြန့်တင်ထားး
- နွမ်းပြီး အနံ့မွှေးလားတဲ့ အချိန်မှာ ဝက်သားတွေ စီ ကာ စင် ကာ တင်ပြီး ကင်လို့ရာပါပြီ။
- ဟိုဘက်ဒီဘက်လှန်ပြီး ကျုံ့လာတဲ့ အနေအထား အတော်မှာ ညှပ်နဲ့ ယူပြီး ကပ်ကြေးနဲ့ တစ်လုပ်စာလေးတွေ ပြန်ညှပ်ပါ။
- ပြီးရင် အကင်အိုးပေါ်မှာတင်ပြန်မွှေပြီး ကျက်အောင်ထားပါ။
- ဆလပ်ရွက်လေး ယူ။
- ကင်ချီလေး ခင်း
- သခွါးသီးလေး ကိုက်ပြီး
- အကင်အိုးပေါ်က ဝက်သားတုံးလေး ဆလပ်ရွက်ထဲ ထည့်လိပ်ပြီး ပါးစပ်ထဲသာ သွင်းလိုက်ပါ။
- ပူပြီး နင်နေရင် ဆိုဂျုနဲ့သာ မျှောချတော့။ အာဟိ။
ဆိုကျု တစ်ပုလင်း အသေးကို ၁၈ဒေါ်လှဆိုလို့ ဂျင် ကောက်တေးပဲ ဖျော်လိုက်တယ်။
နောက်မှ အဲဒီ ဂျင် ကောက်တေးနည်း လာမယ်။
မွသဲ ရဲ့ ကင်ချီ လုပ်နည်း နဲ့ပုံက အောက်တွင်ရှု။

မုန်ညင်းထုပ်ဆားပက်ရင် မုန်ညှင်းတထုပ် ဆားကြမ်း စတီးဇွန်း ၂ ဇွန်း မုန်ညင်း ၂ ထုပ် ဂျပန်သခွား တတောင်လောက် ၂ လုံး အတွက် အနှစ်ကို မုန်လာဥဖြူ ၁ လုံး ဥနီ ၁ လုံး ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူများများ ပန်းသီး ၁ လုံး ထည့်တယ် ဂျင်း နဲနဲပေါ့ ငြုတ်ရောင် သကြားဘာညာကတော့ ကြည့်ထည့်တယ်
တူများက ဝိတားစားဘူးရယ်…

စကောဆိုက်စုံမြင်တော့ လမ်းထဲကြွနေကျ ဆရာလေးတွေ သတိရ
သူတို့မလဲ ကြီး ငယ် လတ် အရွယ်လိုက် စကောဆိုက်စုံနဲ့
Was this answer helpful?
LikeDislikeဟိ။
ဒါမိုး အရွယ် ၆ ချပ် မှာထားရဒါ။
အော်ဒါ။
Was this answer helpful?
LikeDislikeမမချွိ လူဆိုး လူကိုလာလာပြီးကလိကလိလုပ်တယ် ဟွန့်
ပုံတွေမြင်ပြီးစားချင်လာပြီ
Was this answer helpful?
LikeDislikeငင့်။
လုပ်စားရတာလွယ်လို့လေ။
Was this answer helpful?
LikeDislikeမနေ့ကအိပ်မက်ထဲတောင်ပါလာတယ် အိမ်မက်ထဲမှာ အသားကင်လုပ်စားနေတာ
ဒါပေမယ့် ကင်နေတုန်းနှိုးသွားတယ် မစားလိုက်ရဘူး
Was this answer helpful?
LikeDislikeတရုတ် ဝက်သားကင် ကလားဝက်သားကင် တွေလဲ လုပ်ပါဦး
Was this answer helpful?
LikeDislikeဟယ်။
၂ ခုလုံး တင်ပြီးပါပြီ ကွယ်။
Was this answer helpful?
LikeDislikeကျနော် အခု နေ နေတဲ့အဆောင် ပိုင်ရှင်က မွတ်….ဆ်ုတော့… အဆောင်မှ ဝါးသက်တွေ မချက်ရဲဘူး။
သူက ကြိုက်တာ ချက်စားကြပါလို့တော့ ပြောပါရဲ့။ စားပြီးရင်တော့ ပန်းကန်ဆေးတာတို့ဘာတို့ကို ကြပ်ကြပ်မတ်မတ်ကြီး လိုက်ပြောပါလေရော…။ ဆိုတော့… ဝါးသက်ကို ကိုယ်တိုင် ချက်စားချင်တာ အမျိုးမျိုး..။
ဒါမယ့်… အဆောင်ပိုင်ရှင်ကို အားနာလို့… ကိုယ်တိုင် ဘာမှ မလုပ် မစားဖြစ်သလောက်ပဲ။
အကြိုက်ဆုံး အသားထဲမှာလည်း ဝါးသက်က…အပေါ်စီးနားမရောက်တရောက်မှာကို…ပါတယ်။
ဘယ်လို လုပ်ရပါ့။
Was this answer helpful?
LikeDislikechilli bean sauce က ဝယ်တာလာ။ ဂျင်ကောက်တေးလေး စိတ်ဝင်စား ကျတော ်ကင်ချီနည်းလေးလည်း တင်ဦးမယ် ခု အမေ့ကိစ္စနဲ့ မအားသေးလို့။
Was this answer helpful?
LikeDislike