လူတိုင်းက အမြဲ ပြောနေတာ ရှိတယ်။ အမြဲလွဲမှားနေတဲ့ ကိစ္စကတော့ နင့်အလုပ်က ခရီးသွားရတယ်နော်။ အားကျလိုက်တာ။ နင်က ပိုက်ဆံရှိတော့ ခရီးသွားနိုင်မှာပေါ့ ဆိုတာပါဘဲ။ တကယ်တော့ ကိုယ်ဟာ ပိုက်ဆံချမ်းသာတဲ့မိဘဆီက မွေးဖွားလာတာလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ခရီးကိုချစ်တယ်ဆိုတာထက် ပိုတဲ့ စိတ်ခံစားချက်ရှိနေတာတစ်ခုပဲ ရှိပါတယ်။ အဲဒီစိတ်ကြောင့်ပဲဒီခရီးတွေကိုသွားဖြစ်သွားတာပါ။ ခရီးသွားဖို့ ပိုက်ဆံဟာ မလိုတာ မဟုတ်ပါဘူး။ လိုအပ်ပါတယ်။ ဒါပေမဲ့ ခရီးသွားတာကို အရမ်းခုန်မင်တဲ့ သူတွေကတော့ ပိုက်ဆံချမ်းသာခြင်း ရှိခြင်းဆိုတာထက် ပြင်းပြတဲ့ စိတ်။ ကြိုတင်ပလန်နိုင်ခြင်း (ဈေးသက်သာတယ်လေ) မဖြစ်ဖြစ်အောင်လုပ်ခြင်းတွေက သူတို့ ခရီးစဉ်တွေကို အလှပဆုံးဖြစ်စေတဲ့ အဓိက အရာတွေဖြစ်မယ်လို့ထင်ပါတယ်။

credit..

နောက်ဆုံးအနေနဲ့ ပြောရရင် ကြိုတင်ပြင်ဆင်ပြီး ပြင်းပြတဲ့ ဆန္ဒရှိရင် ဘာမဆိုဖြစ်ပါတယ်။ အခုလဲ နှစ်လတိတိ ကြိုပလန်ထားတဲ့ ခရီးစဉ်ကို လုပ်နေတယ်။မရောက်ရောက်အောင်သွားမည်ဆိုတဲ့ ယုံကြည်ချက် ကိုယ့်မှာ အပြည့်ရှိတယ်….လိုက်ချင်တဲ့သူလိုက်ခဲ့လို့ရတယ်..အကုန်သူကိုခေါ်ပါတယ်…

Shar Thet Man

About Shar Thet Man

Shar Thet Man has written 174 post in this Website..