အားနာလွန်းလို့ ပါ
ဆိုင်ကယ်ထိုးရပ်လိုက်တာနဲ့  အနားကို ကုလားလေးနှစ်ယောက်
ရောက်လာတယ်။
ဆိုင်ကယ်တောင် စက်မသတ်ရသေးဘူး
တစ်ယောက်က ကျနော့  ဘယ်လက်ကောက်ဝတ်ကနေ လာကိုင်ပြီး
” ဆရာ ဘာယူမှာလည်း .. ဘာကြည့် မှာလည်း
မေးလို့ ရတယ်နော်။ မဝယ်လည်းရတယ် ”
ကျနော်က သူတို့ ဆိုင်တဖက်က ဓါတ်ပုံဆိုင်ကို ပုံကူးဖို့ လာတာ။
သူတို့ ဆိုင်ထဲ ဝင်ဖို့  အစီအစဉ်ကမရှိ။
” ငါ့ ညီ .. အကိုက ဟိုဆိုင်မှာ ပုံကူးမလို့ လာတာ ”
” ပုံကူးလည်း ကူးပေါ့ ဆရာ။ ကျနော်တို့  ဆိုင်ကိုလည်း ဝင် လေ့ လာလို့ 
ရတယ်ဆရာ။ မဝယ်လည်း ဈေးတွေမေးကြည့် ပေါ့ ”
အတင်းမတရားကြီး ဆွဲခေါ်နေတော့  စိတ်ထဲ ဒေါသ ထောင်းကနဲ
တက်လာတယ်။
စိတ်လျှော့  တောပျော် ..
ဒါက သူတို့ စီးပွားရေးလုပ်နေတာ
လူကြီးလူကောင်းဆန်ရမှာပေးပေါ့ 
အထဲက သူတို့ ဘောစိလို့ ထင်ရတဲ့  လူရည်သန့် ကလည်း
ကွက်ကြည့်  ကွက်ကြည့် !
ဧကန္တ ကောင်လေးတွေကို သူ့ ဆိုင်ရှေ့ ဖြတ်လာတဲ့ လူမှန်သမျှ
မလွတ်တမ်း ဆွဲဖို့  မှာထားပုံရတယ်။ ကောင်လေးတွေကလည်း
မရမကခေါ်နေပုံထောက်တော့  သူတို့ ဘောစိကို ကြောက်နေရတယ်ထင့် ။
ဒီတော့ လည်း ပြေလည်မှုတစ်ခုလုပ်လိုက်တယ်။
ဆိုင်ထဲကို ဝင်လိုက်တယ်။
အထဲရောက်တော့  ခုနက ဘောစိထင်ရတဲ့ လူက ဆိုင်အလုပ်သမား
တစ်ယောက်ကို
” ဒီအကို လိုချင်တာလိုက်ပြပေးလိုက် ”
(ဟွန့် ! သူ့ ထက် အသက်ငယ်တဲ့  ကျနော့ ကို အကိုတဲ့  )
ဆိုင်ထဲက လက်မအကြီးဆုံးဆိုဒ်
HD TV တွေ တစ်လုံးပြီးတစ်လုံး လက်ညှိုးထိုးပြီး လိုက်မေးကြည့် လိုက်တာ ကောင်လေးက လိုက်ပြ ရှင်းပြရှာပါတယ်။
ကျနော်ကလည်း ဟိုမေးဒီမေးနဲ့ 
ကြာတော့  လိုက်ရှင်းပြနေတဲ့  ကောင်လေး သံသယဝင်လာပုံရတယ်။
” ဆရာ! ဘတ်ဂျက် ဘယ်လောက်သုံးမှာလည်း ”
” တစ်ပြားမှ မသုံးဘူး ငါ့ ညီ။ အကို ဝယ်ဖို့  မတတ်နိုင်ဘူး။ အရှေ့ က
၂ ယောက် အတင်းဝင်မေးခိုင်းတာ အားနာလွန်းလို့  ဝင်လာမေးကြည့် တာ
”
အပြင်ပြန်ထွက်တော့  ဆိုင်ရှေ့ က ကောင်လေး ၂ယောက်က
” အဆင်ပြေသလား ဆရာ! ”
လက်မထောင်ပြလိုက်တယ်။
အထဲမှာ ကျန်ခဲ့ တဲ့ ကောင်ကတော့  ပွစိပွစိ!
အမေရိကားမှာဆိုရင်တော့. လိုက်ပြတဲ့သူတွေ အလုပ်.. အလုပ်ပြလို့ရသမို့.. ဘာမှမ၀ယ်လည်း ၀မ်းသာတာပေါ့..။
သူတို့က.. ၀န်ထမ်းလေ..။
Was this answer helpful?
LikeDislikeဒီမှာက ဘေးမှာပြိုင်ဖက်ဆိုင်ရှိရင်
ဝယ်သူ စားသုံးသူတွေ အိနြေ္ဒပျက်ရလောက်အောင်
ဆွဲခေါ်နေကြတာ ..
ကားဂိတ်တွေဆို ပိုဆိုး။
သူတို့  ရှင်းပြတာက တာဝန်အရဆိုပေမယ့်  မဝယ်မှန်းသိသွား
မျက်လုံးအကြည့် က ပြောင်းသွားတာ သိသာလွန်းတယ်။
Was this answer helpful?
LikeDislikeအားနာတယ်ဆိုတာ ဗမာပြည်မှာပဲ ရှိသလားးးးလို့
Was this answer helpful?
LikeDislikeဒါကိုက အလိုက်ကန်းဆိုးမသိ အခွင့် အရေးတွေ တက်ယူနေကြတာလေ
Was this answer helpful?
LikeDislikeလူနောက်
Was this answer helpful?
LikeDislikeအားနာနာနဲ့ 
သူတို့ ပြောတဲ့ အတိုင်း လိုက်လုပ်ပေးတာ … ဟီး!
Was this answer helpful?
LikeDislikeမြန်မာပြည်မှာ အရောင်းစာရေးတောင်မှ ပြသနာရှိတယ် .. စိတ်ဓါတ်တွေ .. စိတ်မပါ လက်မပါနဲ့ .. အပြောအဆို အမူအရာကလဲ ရိုင်းပြသေးတယ် ..
Was this answer helpful?
LikeDislikeမြို့ ပေါ်မှာ ပိုဆိုးတယ်။
စကားတွေ ချိုသာပြဖို့ မလိုပါဘူး။
ဝယ်ယူအားပေး စားသုံးသူကို ကိုယ်အားဖြင့် ဖြစ်စေ
စိတ်အားဖြင့် ဖြစ်စေ အလေးထားကြောင်းပြပေးနိုင်ရင်
ကာစတန်မာတွေက နားလည်နိုင်ပါတယ်
Was this answer helpful?
LikeDislikeငွေအသပြာ
အခရာဖြစ်နေသူတွေအတွက်က
စိတ်တွေပြောင်းလဲဖို့ မတတ်စွမ်းသာတော့လဲ
ဒီလိုအဖြစ်နဲ့ လူတိုင်းပဲကြုံနေကြမှာပါ။
Was this answer helpful?
LikeDislikeငွေအသပြာကို အခရာ သဘောထားသူတွေက
ပိုဆင်ခြင်သင့် တာပေါ့ ။
ခု သူတို့ ကပဲ အတင်းမရမကခေါ်
မဝယ်ပြန်တော့ လည်း အနောက်က အပြောခံရ။
နောက်တစ်ကြိမ် အဲဒီဆိုင်ကိုတော့  ရှောင်ပြီ။
Was this answer helpful?
LikeDislikeသူငယ်ချင်းတယောက်ဆိုဆိုင်ထဲဝင်ကြည့် အချိန်နည်းနည်းကြာသွားတော့ ပြန်ထွက်ရမှာ အားနာတာနဲ့ သဘောကျတာလေး တခုမေးမိ…
ဝတ်ကြည့်လို့မရဆိုပြီး တော်၏ မတော်၏ မသိရဘဲ ဝယ်လာပြီး အဆင်မပြေတော့ပြန်လဲလို့မရ။
ကိုယ်ကျတော့ ဂါဝန်လေးလှလို့ဆိုပြီး ဈေးမေး ဝတ်ကြည့်လို့ရလား အဆင်ပြေရင်ယူမယ်ဆိုတော့ အစ်မနဲ့တော်ပါတယ် ဝတ်ကြည့်စရာမလိုပါဘူး ဆိုပြီး အတင်းရောင်း…….ဆိုဒ်တော်တာမတော်တာထက် ကိုယ်နဲ့ဝတ်ကြည့်မှ လိုက်ဖက်တယ်ဆိုမှ အဆင်ပြေမှာလေ…..အဲတော့ စမ်းမဝတ်ရရင် မယူဘူးဟယ်ဆိုပြီး အတင်းပြန်ထွက်လာ…အနောက်မှာအတင်းတုပ်ပြီးကျန်ခဲ့လေရဲ့…
နောက်ပြီး ဒဂုံစင်တာ ၂ က Mart မှာကျတော့ ရုံးက နှစ်သစ်ကူးလက်ဆောင်လဲကြမယ်ဆိုလို့ ဘာဝယ်ရင်ကောင်းမလဲ လျှောက်ပတ်ကြည့်…….လုံခြုံရေးကအနားရောက်လာ…..ပထမတော့ သတိမထားမိ…နောက်မှ ကိုယ့်နောက်လိုက်နေမှန်း သတိထားမိတော့ ဆိုင်ကိုတပတ်ပတ်ပစ်လိုက်ပြီး အကုန်လျှောက်ကြည့်ပြီး ဘာမှမဝယ်ဘဲပြန်ထွက်လာလိုက်တယ်………ဝယ်ချင်တဲ့စိတ်တောင်ပျောက်သွားတယ်….အဝတ်အစားကြည့်ပြီး လူကိုသူခိုးလိုလိုထင်နေတုန်း……….တကယ့်သူခိုးတွေဆိုတာ ဘယ်တော့မှ အစုတ်အပြတ်နဲ့မနေဆိုတာ မသိဘူးထင်ပါရဲ့
Was this answer helpful?
LikeDislikeနိုင်ငံခြားက ကုန်တိုက်တွေမှာက ဈေးဝယ်သူစိတ်အနှောက်အယှက်ဖြစ်လောက်အောင် မကပ်ဘူး။ လိုအပ်ရင် ကူညီဖို့ လောက်ပဲ မနီးမဝေးက မသိမသာနေပေးတယ်။ လေ့ ကျင့် ထားကြတယ်ထင်ရဲ့ ။ မဝယ်လည်း ဘာမှမဖြစ်ဘူး။ မဝယ်လို့ နောက်က ပွစိလုပ်မယ်ဆိုလည်း အဲဒီလူကြာကြာမခံဘူး။ တိုင်လိုက်တာနဲ့ ထိတော့ တာပဲ။ ကာစတန်မာကို ဂရုစိုက်ကြတယ်
Was this answer helpful?
LikeDislikeမျက်လုံးဒေါက်ထောက်အကြည့် ခံရတာကတော့  ..
ဟိုတုန်းကတစ်ခါ နေပြင်းနေတဲ့ အချိန်
ဗိုလ်တထောင်ဘုရားနားရောက်တော့  အေးရိပ်ခိုရင်း အလှူငွေလည်း
ထည့် မယ်စိတ်ကူးနဲ့  ဝင်လိုက်တာ ..
ဘုရားလုံခြုံရေးကကောင်တွေ ဝင်ကတည်းက မျက်စိဒေါက်ထောက်ကြည့် 
သွားလေရာအနောက်ကနေ မသိမသာလိုက်ကြည့် ခံရတယ်။
ကျနော်ဝတ်ထားတာက ရိုးရိုး တီရှပ်ပါးတစ်ထည် နဲ့  ပုဆိုးပဲ။
သံသယဖြစ်စရာ ပစ္စည်းအပို တစ်ခုခုပါလာရင်တောင်အလွယ်တကူ မြင်သာတဲ့  ပုံစံမျိုး။
စိတ်အနှောက်အယှက်ဖြစ်တာနဲ့  ပြန်လှည့် ထွက်ခဲ့ တယ်။
ပြောရရင် အင်မတန်ရိုင်းတဲ့  ဘုရားလုံခြုံရေး တိရစ္ဆာန်တွေ
Was this answer helpful?
LikeDislikeအားနာတတ်တာကတော့ တူနေပြန်ရော
Was this answer helpful?
LikeDislikeတခါတလေတော့ လည်း ရန်ငြိမ်းတယ် ကိုစစ်
Was this answer helpful?
LikeDislikeအားနာလွန်းလို့ဝင်ကြည့်တာပါ ဘာတွေပြောမှန်းသိပ်နားမလည် ပွစိ ပွစိတော့ မပြောနဲ့နော်
Was this answer helpful?
LikeDislikeအားနားလွန်းလို့ ဝင်ကြည့် သွားတာကိုပဲ
အားနာလှပါပြီဗျာ …
Was this answer helpful?
LikeDislike