ဟိုတုန်းက ခိုင်ထူး တို့အိမ်က
ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ…။
တိတိကျကျ ပြောရရင်
အမှတ် (၂)၊ စစ်ကိုင်းလမ်း ပေါ့…။
အမှတ် (၂)၊ စစ်ကိုင်းလမ်း ခြံကြီးရဲ့ ရှေ့မှာ
အုတ်ခုံလေး တစ်ခု ရှိနေခဲ့ပါတယ်…။
အဲဒီ အုတ်ခုံလေးဟာ
ရန်ကုန်တက္ကသိုလ် နဲ့ အတူ သမိုင်းဝင်ခဲ့သလို
ခိုင်ထူး ရဲ့ ရာဇဝင်မှာလည်း
သမိုင်းဝင် အုတ်ခုံလေး ဖြစ်နေခဲ့ပါပြီ…။
ဒီအုတ်ခုံလေးပေါ်မှာပဲ
ခိုင်ထူး ရယ် မိုးကျော် ရယ် ရာပြည့်ရယ်
သူငယ်ချင်း သုံးယောက်
သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြ၊ တီးခတ်ခဲ့ကြဖူးပါတယ်။
ပြီးတော့ သူတို့ အဖွဲ့ Phoenix ကိုလည်း
အုတ်ခုံလေးပေါ်မှာပဲ စတင်တည်ထောင်ခဲ့တယ်လို့
ခိုင်ထူးက ဆိုပါတယ်။
အဲဒါကြောင့် ဒီနေရာလေးကို သူတို့ မမေ့နိုင်ကြပါဘူး။
ကျောင်းပြီးလို့ အလုပ်အကိုင်ကိုယ်စီနဲ့
လုပ်ငန်းခွင်ဝင်ခဲ့ကြချိန်မှာတော့
ဒီနေရာလေးကို သူတို့ ခွဲခွာခဲ့ကြရတာပဲပေါ့။
ဟိုတုန်းကလို သူငယ်ချင်းတွေ ပြန်ဆုံကြပြီး
တီးကြဆိုကြရေးကြ ချင်ပေမယ့်
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ ဖီလင်ကို သီချင်း တစ်ပုဒ် ရေးကြတော့
နေရာဟောင်းမှာ ဆိုတဲ့ သီချင်းလေး ဖြစ်လာခဲ့ပါတယ်။
အခုတော့ မိုးကျော် လည်း မရှိတော့ပြီ၊
ရာပြည့်ကလည်း အမေရိကားမှာ
ကွယ်လွန်ခဲ့ပြီ ဆိုလား၊
တစ်ယောက်တည်း ကျန်ရစ်သူ ဖြစ်နေခဲ့တဲ့
ခိုင်ထူးအတွက်တော့
ဒီအချိန်မှာ ဒီသီချင်းကို ကြားရင်
ခံစားနိုင်စွမ်း ရှိမယ်တောင် မထင်မိပါဘူး။
သူတို့ သူငယ်ချင်း ၃ ယောက် ပူးပေါင်းရေးဖွဲ့ခဲ့တဲ့
နေရာဟောင်းမှာ ဆိုတဲ့ သီချင်းလေးဟာ
ခိုင်ထူးအတွက်တော့
တကယ်ပဲ ဆွေးဆွေးမြေ့မြေ့ နဲ့
တလွမ်းတဆွေး ဆိုလို့ကောင်းမယ့်
သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါပြီ။
ကျွန်တော် တို့ ခင်ဗျား တို့ အတွက်လည်း
အထက်က
ကျွန်တော်ပြောပြခဲ့တဲ့
နောက်ကြောင်းပြန်ဇာတ်လမ်းလေးကြောင့်
ဒီသီချင်းလေးက ပို ခံစားလို့ ကောင်းမယ်လို့
မျှော်လင့်မိပါတယ်ဗျာ။

ချစ်ခင်လေးစားတဲ့
(BC)

# ကျနော် ၁၁ နှစ်သား အရွယ် ၁၉၈၁ က
အဖြစ်အပျက်တွေကို ခံစားရေးဖွဲ ့ထားတာပါ။
အချက်အလက် အမှားအယွင်း
တစုံတရာပါခဲ့ရင်
အားမနာစတမ်း ပြင်ပေးလို ့ရပါကြောင်း။

About black chaw

black chaw has written 332 post in this Website..