မိုးဆိုတာနဲ့ အမှတ်ရနေတာ အကျင့်ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ကိုယ်တိုင်ကလည်း မေ(31) မိုးတွေရွာတဲ့ နေ့မှာ မွေးခဲ့တာကိုး။ ဘဝမှာ အဲ့သီချင်းက တော်တော်လေး အမှတ်တရ ဖြစ်ခဲ့သေးတာ။

သီချင်းတွေထဲမှာလည်း မိုးရာသီနဲ့ပတ်သက်တဲ့သီချင်းတွေဟာလည်း စွဲစွဲမြဲမြဲပါပါပဲ။

မေ (၃၁)
မိုးသည်းထဲမှာ
မိုး
ရွာသာရွာပါမိုး
မိုးရာသီထဲ
မိုးရေထဲမှာ
အင်းလေမှာ ရွာတဲ့မိုး
မနိုးပါစေနဲ့မိုးရယ် စတဲ့သီချင်းတွေဟာလည်း အခုအချိန်အထိ အမှတ်ရဆဲပါပဲ။

အသီးထဲမှာဆိုရင်တော့ မိုးတွင်းဆို သရက်သီး ၊ ဒူးရင်းသီးက ဘဝမှာ အမှတ်တရအဖြစ်ဆုံး အသီးတွေ။ ဘာလို့လဲဆို ကြိုက်တာကိုး။ နောက် သပြေသီး ငယ်ငယ်တုန်းက သပြေသီးဆိုတာကို မမြင်ဖူးဘူး။ အိမ်ပြောင်းတော့ ပြောင်းနေတဲ့ အိမ်နားမှာ သပြေပင်အကြီးကြီးရှိတာ မိုးတွင်း သပြေသီးတွေသီးတော့မှ သပြေသီးမှန်သိတော့တာ။ စပျစ်သီးလိုလို ဘာလိုလိုဆိုတော့ သိပ်ကိုသဘောကျခဲ့တာ အရသာကတော့ သူက ဖန်တာပိုကဲတာပေါ့။

မိုးရာသီမှာ အကြိုက်ဆုံးကတော့ မိုးအေးအေးနဲ့ ထမင်းပူပူ ဟင်းပူပူ စားရတာပါပဲ။ အဲ့သည်ထဲမှာ အမှတ်တရအဖြစ်ဆုံးကတော့ အိမ်ကချက်တဲ့ ပိန်းရိုးဟင်းခါးပါပဲ။ အိမ်နောက်ဖေးမှာ ပေါက်နေတဲ့ ပိန်းပင်အကြီးကြီးတွေကို ဆင်းခုတ်၊ အပေါ်ယံအကြောတွေနွှာ ရေသေချာဆေးပြီး (၂)ရက်လောက် ထောင်ထားလိုက်တယ်။ ပြီးရင်တော့ ပုစွန်ခြောက် ကြက်သွန်ဖြူ ငရုတ်ကောင်း ငါးအသားလေးနဲ့ ဟင်းခါးချက်သောက်ရတဲ့ အရသာက ဘာနဲ့မှ မတူအောင်ကောင်းတဲ့ ပိန်းရိုးဟင်းခါးပါ။ နောက်တစ်ခုက မေမေချက်ပေးတဲ့ ဟင်းချိုတစ်မျိုးပါ။ မလွတ်တာရီလို့ခေါ်သလား။ မလွတ်သနီလို့ခေါ်သလားတော့မသိပါဘူး။ ကုလားပဲကို ရေနဲ့ နူးနေအောင်ပြုထား ငရုတ်ကောင်း ၊ ငရုတ်သီးအနီတောင့် ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ မဆလာ ကို ထောင်းပြီး ပွက်ပွက်ဆူထဲထည့် ပျင်းတော်သိမ် လေးငါးခက်လောက် ချွေထည့်ပြီး ပဲတွေ နူးကြေလာလို့ ပွက်ပွက်ဆူလာရင် မန်ကျည်းရည်လေးဖျော်ထည့် မွှေးမှမွှေး ကောင်းမှကောင်းပဲ။ ကုလားပဲထက် ပဲနီလေး ပဲဝါလေးနဲ့ ချက်တာ ပိုများတယ်။ မိုးရာသီမှာတော့ ဟင်းချိုတွေ ဟင်းခါးတွေ အမှတ်ရတာ ပိုများပါတယ်။

နောက်ထပ်အမှတ်ရစရာတစ်ခုကတော့ မနေ့ကပဲ အစ်မအငယ်ချက်ကျွေးတဲ့ဟင်း ကြက်သားအရွယ်တော် အတုံးတွေတုံးပြီး အုန်းနို့နဲ့ ရေနဲ့ အရင်တည်ထား။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း စပါးလင်း ငရုတ်ကောင်းကို ထောင်းပြီးထည့် စပ်စပ်လေး။ ထမင်းလေးနဲ့နယ်စား လွှတ်ကောင်း။ အသီးအရွက်ကလေးတွေပါထည့်စားအရမ်းကောင်း။ နေ့လည်ဗိုက်ဆာတော့ မုန့်ဟင်းခါးဖတ်လေးဝယ် အဲ့ဟင်းအရည်နဲ့ အသီးအရွယ်ကလေးတွေနဲ့အဆာပြေစား လွှတ်ကောင်း။

မိုးရာသီထဲမှာ ပန်းကလေးတွေနဲ့ အမှတ်တရဆိုရင် ခရေပန်း နဲ့စံပယ်ပန်းတွေကို အမြဲသတိရမိတယ်။ မိုးစက်တွေကြောင့်ကျလာတဲ့ ခရေပန်းတွေကောက်ပြီး ရောင်းခဲ့ရတာရယ် မိုးတွင်းဆိုရင် အရမ်းပွင့်တဲ့ စံပယ်ပန်းတွေရယ်ကြောင့်ပါ။

မိုးရာသီနဲ့ပတ်သက်တာအများကြီးရှိပေမယ့်။ ဒီလောက်နဲ့ ခဏရပ်ပြီး နောက်ထပ် စာတွေရေးဖို့ ကြိုးစားနေပါကြောင်း။ မိုးရွာနေတုန်း မိုးရာသီမှာ ခံစားပြီး ရေးလိုက်ရပါတယ်။

ရင်းနှင့်ရင်း၍
အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 222 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။