သို့… ချစ်သောမိုးရာသီ

နင်က ငါ့ကို

စိုပြည်မှုတွေ ပေးတယ်။

စိမ်းလန်းမှုတွေ ပေးတယ်။

အေးချမ်းမှုတွေ ပေးတယ်။

လန်းဆန်းမှုတွေ ပေးတယ်။

ကြည်နူးမှုတွေ ပေးတယ်။

နင်နဲ့ ပတ်သက်ရင်

အရာရာတိုင်းကို

ငါချစ်တယ်…။

မိုးနံ့သင်းတဲ့

မုတ်သုံလေကို ချစ်တယ်။

မည်းတတ်လာတဲ့

တိမ်မှောင်တွေကို ချစ်တယ်။

တဖွဲဖွဲကျတဲ့

မိုးပြေးလေးကို ချစ်တယ်။

သည်းထန်နေတဲ့

မိုးစက်တွေကို ချစ်တယ်။

ရေစက်တွေ တွဲလွဲခိုနေတဲ့

သစ်ပင်တွေကို ချစ်တယ်။

ရေစိုနေတဲ့

လမ်းမကြီးကို ချစ်တယ်။

မိုးရွာပြီးစ

ရောင်စုံသက်တန့်ကြီးကို ချစ်တယ်။

အားလုံး အားလုံးကို

ငါချစ်တယ်…။

ရွာနေတဲ့ မိုးစက်တွေကို

ထိုင်ကြည့်ရရင် ကြည်နူးမိတယ်။

ခေါင်ပေါ်က မိုးသံကို

နားထောင်ရရင် ပျော်ရွှင်မိတယ်။

နင်က အငြှိုးကြီးစွာနဲ့

လျှပ်တွေလက်

လေတွေကြမ်း

မုန်တိုင်းထန်ပြီး

မိုးခြိမ်းသံ ညံနေရင်တောင်

(ငါ့အခန်းလေးထဲမှာ)

ကြောက်ရွံ့စွာနဲ့ ရင်ခုန်မိတယ်။

နင်က ငါ့ကို

ရသမျိုးစုံ ပေးတယ်လေ…။

မိုးရာသီရယ်…

နင်ရှိရင် ပျော်နေပေမယ့်

နင်မရှိတော့ရင်

မတ်လမြူတွေကြားမှာရော

ဒီဇင်ဘာနှင်းတွေကြားမှာပါ

ငါလွမ်းနေခဲ့တယ်…။

နောက်ဆုံးတော့…

ရာသီစက်ဝန်း

တစ်ပတ်လည်ချိန်ကိုသာ

မောလျစွာ စောင့်မျှော်ရင်း…။ ။

12 comments

  • windtalker

    July 7, 2011 at 12:17 am

    သို ့ချစ်သော အကြွေးရှင်များ
    ယနေ ့မိုးရွာပါသဖြင့်
    ငွေခံ ထွက်ခြင်း အနားယူကြပါရန်

    • Yin Nyine Nway

      July 7, 2011 at 10:19 am

      မိုးကိုချစ်တယ်….မိုးကိုမြတ်နိုးတယ်…..မိုးကိုတွယ်တာတယ်

  • MaMa

    July 7, 2011 at 8:16 am

    မိုးစိုရင် ဖျားမှာကို ကြောက်တယ်။ မိုးရေထဲ လမ်းလျှောက်ရခက်တာကို မကြိုက်ဘူး။ ဗွက်တွေနဲ့ ချော်လဲမှာလည်း စိုးရိမ်တယ်။
    ထို့ကြောင့် မိုးရာသီကို မကြိုက်ဘူး။
    🙁

  • nature

    July 7, 2011 at 11:00 am

    အကောင်းနဲ့အဆိုးကတော့ နေရာတိုင်း ဒွန့်တွဲနေတာပဲ။

  • ဆူး

    July 7, 2011 at 11:52 am

    နင်နဲ့ ပတ်သက်ရင်

    အရာရာတိုင်းကို

    ငါချစ်တယ်…။

    နာဂစ် ကိုကော ချစ် လားလို့.. အို့အို့.. အို့းး

  • မမလေး

    July 7, 2011 at 2:16 pm

    မိုးရွာချိန် အဲကွန်းလေးနဲ့ သီချင်းလေးဖွင့်ပြီး ကားစီးရတာ ရိုမန်းတစ် ဖြစ်တယ် နော် … ဟီးဟီး

    • AKKO

      July 7, 2011 at 3:00 pm

      မမလေးရေ ထိုင်စီးတာ ပြသနာမရှိပေမဲ့ မောင်းတဲ့လူဆို မိုးရွာတဲ့ အခါ လမ်းချောနေမယ် ၊ အရှိန်ပြင်းမယ် ၊ ကားထဲက သီချင်းသံထဲ အာရုံနောက်နေမယ် ၊ ရေခိုးတွေနဲ့ မကြည်မလင်ဆိုရင် အန္တရာယ်များလှပါတယ် ။

  • နွယ်ပင်

    July 7, 2011 at 3:03 pm

    မိုးရွာရင် လိုင်းကားစီးရတာကတော့ ပိုကြပ်တာသေချာတယ်

  • R Ga

    July 7, 2011 at 3:16 pm

    ဈေးရောင်းခါနီးရွာတဲ့
    မိုးကိုမုန်းတယ်။
    မမိုးရသေးတဲ့အိမ်ခေါင်မိုးကြောင့်
    ရာသီကြို ကြိုရွာတဲ့မိုးကိုမုန်းတယ်။
    မပြင်ရသေးတဲ့လမ်းတွေကြောင့်
    မိုးပေါက်နဲ့တူကခုန်နေတဲ့ ဗွက်တွေကိုမုန်းတယ်။

    …………………….မုန်းတယ်
    …………မုန်းတယ်
    ……မုန်းတယ်
    ..မုန်းတယ်
    မိုးရာသီကိုမုန်းတယ်။

  • forever

    July 7, 2011 at 3:17 pm

    မိုး ကိုချစ်မိလို. မိုးကိုတမ်းတမိလို.
    ခုတော.မြုတ်ပြီ မြောက်ဒဂုံမှာ

  • king

    July 7, 2011 at 3:41 pm

    မိုး …………
    နာမည်ကြားရုံနဲ့တင်
    ငါ့စိတ်တွေ ရွှဲစိုခဲ့ရပြီ …
    မင်းပေးခဲ့တဲ့ အမုန်းမုန်တိုင်းတွေကြောင့်
    ငါ့မှာ မျက်ရည်မိုးတွေ ချောင်းစီးခဲ့လေပြီ …..
    မုန်တိုင်းပဲ ထန်ထန် မိုးကြိုးပဲ ပစ်စလက်ခတ် ပစ်ချချ
    ငါ့ရင်ထဲက အလွမ်းမီးတွေကို
    ………………………………………………………………..
    ……………………………………………………………………………….
    …………………………………………………………………………………………… 🙂 + 🙁 = 🙁

  • မွန်မွန်

    August 9, 2012 at 6:29 pm

    မိုး…
    အခုတော့ နင်က ငါ့ကို ပူလောင်စေပါတယ်…
    မိုးသံတွေကိုကြားရတိုင်း ငါ့ရင်ထဲက အလွမ်းတွေက ပိုလို့သာ တိုးလာတယ်…
    ဒါပေမယ့် နင့်ကို ချစ်ဆဲပါပဲ…

    (ပို့်စ်အဟောင်းလေးကို related post မှာတွေ့လို့ ပြန်မန့်လိုက်ပြီ… 🙂 )

Leave a Reply