ကိုယ့်မှာ ကိုသောင်းစိန် ဆိုတဲ့
စက်မှုတက္ကသိုလ် ကျောင်းဆင်း သူငယ်ချင်းတစ်ယောက်
ရှိတယ်။
ကိုယ့်ထက်တော့ နည်းနည်း ကြီးပါတယ်။
သူနဲ့ ကိုယ်နဲ့က အရက်သောက်ဖေါ် သောက်ဖက်။
အရက်သောက်ရင်းသူပြန်ပြောပြတဲ့
သူ့ဇာတ်လမ်း အပိုင်းအစလေးတွေကို စုပြီး
ရုပ်ရှင်ရိုက်ရင်
နီကိုရဲ ထိုင်ငိုသွားနိုင်ပါတယ်။
ဟုတ်မဟုတ် ဖတ်သာကြည့်ဗျာ။
သူက ရန်ကုန်တက္ကသိုလ်ထဲက
အလှဖုရားမလေးတစ်ပါး ကို
လိုက်နေတဲ့ အချိန်ပေါ့။
သိပ္ပံကန်တင်း မှာ နေ့လယ်စာစားပြီးသကာလ
ကိုသောင်းစိန်ဟာ အဖြေမရသေးတဲ့
သူ့ချစ်သူလေးနဲ ့ယှဉ်တွဲပြီး
အဓိပတိလမ်းမကြီးပေါ်မှာ
ဂုဏ်ယူဝင့်ကြွားစွာလမ်းလျှောက်နေပါသတဲ့။
အဲဒီမှာပဲ သူ့ဟာမလေးရဲ့
ဒိုင်ယာလော့ခ်လေးတွေ ပွင့်ဟလာပါသတဲ့။

“ခိုခိုသောင်း” (ကိုကိုသောင်း လို ့ခါ်တာပါ။
ချွဲလွန်းပျစ်လွန်းလို့ ခိုခိုသောင်း ဖြစ်သွားတာပါ။”

“ခင်ညာ”

“ကျမ ကို တကယ် ချစ်ရဲ ့လား”

“ဘယ့်နှယ့်ပြောလိုက်ပါလိမ့်
ဆီးဖြူဖန်ခါးသီးများဆိုရင်
ငုံတောင်ထားလိုက်ချင်တာပါကွယ်
ငှယ်ငှယ်”

“သက်သေပြနိုင်လား”

“ဓူဝံကြယ်ကို ခူးဆွတ်ပေးရမလား။
မဉ္ဇူသက နတ်ပန်းကို ယူပေးရမလား”

“အဲ့ဒီလောက် မခက်ပါဘူး”

“ပြောလိုက်စမ်းပါ။
ခေး ကျေနပ်အောင် သက်သေပြပါ့မယ်”

“အဲ့ဒါဆိုလေ…၊
ဟောဒီ ရေမြောင်းကြီးထဲကို ခုန်ဆင်းပြီး
လမ်းလျှောက်ပြ”

အဓိပတိလမ်းမကြီးဘေးက
ရေမြောင်းကြီးတွေ ခင်ဗျားတို့
တွေ့ဖူးကြမှာပေါ့။
လူတစ်ရပ်လောက်မြင့်တဲ့ မြောင်းကြီးတွေလေ။
အဲဒီ ရေမြောင်းကြီးကို လက်ညှိုးထိုးပြီး
သူ့ဟာမလေးက
ခုန်ဆင်းခိုင်းနေတာပါဗျာ။
ဘေးပတ်ဝန်းကျင်မှာလည်း
ကျောင်းသားကျောင်းသူတွေ
စည်ကားနေတဲ့အချိန်မျိုးကြီးဆိုတော့
ကိုကိုသောင်းစိန် ခင်ဗျာ
အခက်ကြီး ခက်နေရပြီပေါ့။

“ဟာ…ခေး ကလည်း ကွာ။ အခြားဟာ ခိုင်း။
လူတွေကအများကြီးနဲ့ ရှက်စရာကြီးကွာ”

ဆိုပြီး အထွန့်တက်ကြည့်ပါသေးတယ်။

“ဟင့်အင်း…ဟင့်အင်း၊ ခေး ကို တကယ်ချစ်ရင်
ဒီရေမြောင်းထဲ
ခုန်ချပြီး ဓါတ်တိုင် တစ်တိုင်စာလောက်
လမ်းလျှောက်ပြရမှာပဲ
မဟုတ်ရင်တော့ ခေးကို
မချစ်ဘူးလို့ မှတ်လိုက်မယ်”

ဆိုပြီး လုပ်ရောတဲ့ဗျာ။
ကိုသောင်းစိန် တော်တော် တင်းသွားပြီ။
ဘယ့်နှယ့် ဒီလောက် လူစည်ကားနေတဲ့အချိန်ကြီးမှာ
ရေမြောင်းထဲ ခုန်ဆင်းခိုင်းပြီး
လမ်းလျှောက်ခိုင်းရတယ်လို့။
ဒါပေမယ့် ရွှေမှုံရတီ မျက်နာနဲ ့တူတဲ့
သူ့ခေးမလေးရဲ့
မျက်နှာချောချောလေးနဲ့
အိချောပို ဘော်ဒီလို
တောင့်တင်းဖြောင့်စင်း တဲ့
ခေးမလေးရဲ ့ဘော်ဒီစထွက်ချာကို
တစ်ချက်လှမ်းရှိုးလိုက်ပြီး

“အင်း…သောင်းစိန်။ သည်းခံကွ၊ သည်းခံကွ”

လို့ စိတ်ထဲက ကိုယ့်ကိုယ်ကို
သတိပေးပြီးသကာလ
ဝတ်ထားတဲ့ ပုဆိုးကို
ခါးတောင်းမြှောင်နေအောင်ကျိုက်ပြီး
ရေစပ်စပ် ပဲ ရှိနေတဲ့ ရေမြောင်းထဲ
ခုန်ဆင်းပစ်လိုက်ပါသတဲ့။
ပတ်ဝန်းကျင် က ကျောင်းသူကျောင်းသားတွေကလည်း
တအံ့တဩဖြစ်ကြတာပေါ့။
ဒီလူ ဘာကြောင်တာလဲ ဆိုတဲ့ သဘောနဲ့
ဝိုင်းအားပေးကြတာပေါ့။
အဲဒါနဲ့ ဓါတ်တိုင်တစ်တိုင်လောက်
လျှောက်ပြလိုက်ပြီးမှ
သူ့ဟာမလေးက

“ဟေး…ခိုခိုသောင်း မီးကို ချစ်တာ ယုံသွားပြီ”

ဆိုပြီး
စီရော်နယ်လ်ဒို ဂိုးသွင်းပြီး
အောင်ပွဲခံသလို
အော်ကြီးဟစ်ကျယ်နဲ့ အောင်ပွဲခံပါသတဲ့။
ဘေးက လူတွေက လည်း အဲ့ဒီတော့မှ
နားလည်သွားကြသတဲ့။
အဲ့ဒီ ပါဖေါမန် ့စ်နဲ ့
ကိုသောင်းစိန်ဟာ ခေးမလေး ဆီက
အဖြေရလိုက်ပါသတဲ့။
++++++++++++++++

ကိုကိုသောင်းစိန် နဲ ့ RASU ထဲက သူ ့ခေးမ
ချစ်သက်တမ်း ၆ လ လောက်ရှိလာချိန်မှာပေါ့။
ချစ်သူတို ့ဘာသာဘာဝ
အထိအတွေ ့လေးတွေလည်း
ရှိသင့်သလောက်ရှိနေခဲ့ပြီပေါ့။
အဲဒါနဲ ့ တစ်နေ ့လယ်ခင်းမှာ
ထိကြတွေ ့ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ ့
ကိုသောင်းစိန်က
သူ့ ဟာမလေးကို နေ ့လယ်စာကျွေးပြီး
စည်းရုံးရေးဆင်းနေပါသတဲ့၊၊
နေ ့လယ်စာ စားပြီးတော့
နာမည်ကျော်စစ်ကိုင်းလမ်းပေါ်မှာ
သူ ့ဟာမလေး ပုခုံးကို
ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး
လမ်းလျှောက်လာတယ်ပေါ့ဗျာ။
အဓိပတိလမ်းရောက်ရင်
ညာဘက်ကိုကွေ ့။
ဟေးဟေး အင်းလျားလမ်းကိုဖြတ်လိုက်ရင်
ပန်းခြံထဲရောက်။
အိုး…မင်းဘယ်ပြေးမလဲ မိချိုသဲ။
ဟဲဟဲ။
လက်တွေ ့မှာတော့
အဲ့သလောက် မလွယ်ကူပါဘူး ခင်ဗျာ။
အဲ့ဒီမှာ ပဲ ကန် ့ကော်ပန်းရောင်းတဲ့
ကောင်လေးတစ်ယောက် ပေါ်လာပါရောတဲ့၊၊
သူ ့ဟာမလေးက

“ကန် ့ကော်ပန်းလေးတွေ လှလိုက်ထှာ”

ဖြစ်ရောဗျာ။
ကျွန်ုပ်တို ့၏ ဇာတ်လိုက်ကျော်ကိုသောင်းစိန် က
အမှတ်သည်းခြေ မရှိပဲ

“မီး အလှ အတွက်
ကန့်ကော်ပန်းလေးတွေက
ပွင့်ကြရရှာတာပါ”

ဆိုပြီး လုပ်ရောတဲ့၊၊
သူ ့ဟာမလေး က

“မီးပန်ချင်တယ် ကိုကို”

လို ့ပြောတော့
ကိုသောင်းစိန်က ကန် ့ကော်ပန်းရောင်းတဲ့
ကောင်လေးကို လှမ်းခေါ်သတဲ့၊၊
အလိုက်ကိုမသိဘူး။
သူ ့ဟာမလေးက

“ဟင့်အင်း ဟင့်အင်း
ကိုကို ကိုယ်တိုင်ခူးပေးတာမှ ပန်ချင်တာ”

ဆိုပြီးလုပ်ရောတဲ့ဗျာ။
ကိုသောင်းစိန် ခင်ဗျာလည်း

“အော် မီးရယ်၊
ဒါလည်း ကန် ့ကော်ပန်း စစ်စစ်တွေ ပါပဲ”

လို ့ စည်းရုံးရေးဆင်းပါသေးသတဲ့။
သူ ့ဟာမလေးက

“ဟင့်အင်း ဟင့်အင်း
ကိုကို ကိုယ်တိုင် ခူးပေးတာပဲ ပန်ချင်တယ်။
မခူးပေးရင် ကိုကိုခေါ်တဲ့ ပန်းခြံထဲကို
မလိုက်တော့ဘူး”

ဆိုပြီးလုပ်ပြန်ရောတဲ့ဗျာ။
ကိုသောင်းစိန်လည်း ပန်းခြံထဲ
သွားချင်နေတဲ့ သူ ့စိတ်ကြောင့်
(ပန်းခြံထဲ ဘာသွားလုပ်ချင်တာလဲ မသိ အားဟိ)

” သည်းခံ သောင်းစိန် သည်းခံစမ်း”

လို ့ကျုံးဝါးပြီး
ခါးထောင်းကို မြှောင်အောင်ကျိုက်ပြီး သကာလ
ကန် ့ကော်ပင်ပေါ် တက်ပြီး ပန်းခူးပေးခဲ့ရဖူးတဲ့
ဇာတ်လမ်းတစ်ပုဒ်
အမှန်တကယ် ရှိခဲ့ဖူးပါတယ်မိတ်ဆွေ၊
ဟေးဟေး
တကယ့်အဖြစ်နော်ကိုကို။

(BC)

About black chaw

black chaw has written 332 post in this Website..