Pakistan သွားရမယ် ဆိုတဲ.order ရချိန်မှာ ဝမ်းသာမိတယ်။
Google ခေါက်ထားတာမို့ Pakistan ဟာ သိပ်လှတာ သိနေလို့ပါ။
စက်ာပူလို၊ထိုင်းလို ရုပ်အသားပေးနိုင်ငံတွေထက် တောတောင်ကုန်းမြင့် သဘာဝအလှအပရှိတဲ့နိုင်ငံ၊လူတိုင်းသွားနေကျမဟုတ်တဲ့နိုင်ငံတွေကို သဘောပိုကျမိတယ်။

သို့ပေမယ့်
မြန်မာဆိုတော့ မြန်မာပီပီအာရှအလယ်ပိုင်းနိုင်ငံတွေကို လန့်မိ​တာတော့ငြင်းမရ။
မုတ်ဆိတ်မြင်တာနဲ့ အလာ့ဂျစ်ထတတ်တဲ့လူတွေထဲမပါပေမယ့် အတွေးပေါင်းများစွာကြောင့် အပူတွေဖြစ်ခဲ့ရတာတော့အမှန်။

ထိုင်းထရန်စစ်ကနေ လေယာဉ်ကူးသွားလောက်ပြီ ဆိုတဲ့အချိန်တည်းက အိပ်မရနိုင်ပဲ Islamabad ရောက်လို့ internet သုံးပြီးပြန်ဆက်သွယ်မယ့် reply message မရမချင်း မအိပ်ချင်။
ဒါပေမယ့် အိပ်ပျော်သွားခဲ့ပါတယ်။
မနက်စောစောမှာ ပြည်ပမှာအခြေချနေတဲ့
မြန်မာအဖော်တစ်ယောက်နဲ.hotel မှာဆုံဆည်းမိတယ် ဆိုတဲ့ စာ၊ဓာတ်ပုံတင်မက Video file ပါ မြင်တွေ့ရမှ စိတ်ချလက်ချဖြစ်ခဲ့ရတယ်။
အစည်းအဝေးအချိန်ဇယားတွေမှာနိုင်ငံစုံမှဖိတ်ကြားခံတွေနဲ့အတူ ပြုံးပြုံးရွှင်ရွှင်မြင်တွေ့ရမှကျေနပ်ခဲ့ရတယ်။
လေ့လာရေးအချိန်ဇယားတွေထဲက ရေမြေ​သဘာဝအလှအပတွေမြင်မှ ကိုယ်မျှော်မှန်းတဲ့အတိုင်း အတည်ပြုမိရတယ်။

လူမျိုးခြားတာ၊ဘာသာခြားတာနဲ့ နိုင်ငံကို စိုးရိမ်မကင်းဖြစ်ခဲ့မိတဲ့စိတ်ကို ရှက်မိပါတယ်။

My name is Khan Bollywood movie ထဲကလို ပြောချင်တာက
လူမှာ လူဆိုးနဲ့လူကောင်း ဆိုပြီး ၂မျိုးပဲရှိပါတယ်။

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ