အဖေကစက်ဘီးနင်း
သမီးကလွယ်အိပ်လွယ်
စတိတ်ဘဝကျောင်းသူအရွယ်
နေ့တဒူဝပို့ရလည်း
အဖေမောဘူးကွယ်။

အဖေကအိမ်ရှေ့ထိုင်
ကျောင်းကားလာရင်ပြောပေးရန်
တက္ကသိုလ်ဖယ်ရီရောက်လို့ရှိ
ကားပေါ်တက်ပြီးသမီးကြည့်
အဖေလက်ပြပြုံးစိစိ။

ဖေကြီးသမီးအလုပ်ရပြီ
မနက်ဖြန်မနက်ဆင်းရမည်
လုပ်ခရတော့အဖေ့ကျွေး
စိတ်ကူးလေးနဲ့ပျော်လိုက်သေး
သမီးပြောတော့အားရှိတယ်
အဖေရင်ထဲအေးလှကွယ်။

လုပ်သက်လေးအတော်ရ
လူပျိုရွယ်လေးအိမ်ခေါ်ပြ
မိတ်ဆက်ပေးတဲ့သမီးမျက်နှာ
ရှက်ကိုးရှက်ကန်းဖြစ်နေရှာ
အလိုက်အထိုက်ဝင်စကားပြော
အပြန်လိုက်ပို့သမီးရဲ့ကျော
အဖေကြည့်ပြီးအလွမ်းတွေရော။

အခါတော်ပေးနတ်ရေးတဲ့ဖူးစာ
သီချင်းသံတွေပျံလွင့်ကာ
မိတ်သဟာတွေစုံလင်စွာ
ပွဲပြီးအိမ်ရောက်ဇနီးမောင်နှံနှစ်ဖြာ
လက်အုပ်ချီလို့ရှစ်ခိုးရှာ
ဆုတွေပေးရင်းငိုချင်လာ
အဖေကျေနပ်ပါတယ်ပြောဖြစ်တာ။

သမီးကျောင်းပို့ငယ်ကထဲက
တူယှဉ်တွဲလို့ရှိခဲ့ရ
ခုတော့တစ်ယောက်ထဲနင်းရပါ့
ဆည်းလည်းသံဆီဦးတည်လို့
တောင်ပေါ်ကထုံးဖြူဘုရားသို့
အဖေပုတီးစိတ်ဖို့သွားတာဗျို့။

ခင်ခ

About ခင္ခ

ခင္ ခ has written 458 post in this Website..