တရုတ်စာသင်ရိုး ၃တန်း ပထမနှစ်ဝက် ဖတ်စာအုပ်ထဲမှ စာပိုဒ်လေးတစ်တစ်ခုကို ဖတ်မိရာက ရေးစရာလေးတွေပေါ်ထွက်လာပါတယ်။


ရေးချင်တာလေးမရေးခင်မှာ စာပိုဒ်လေးကို အရင်ဘာသာပြန်ရရင်


“စားပွဲခုံနဲ့ကုလားထိုင်တို့ အပြန်အလှန်ပြောစကား”     

ကျောင်းဆင်းပြီ။ကျောင်းသား/သူတွေအားလုံး အိမ်ပြန်ကုန်ကြပြီ။စားပွဲခုံနဲ့ကုလားထိုင်တို့လည်း အနားယူလို့ရပြီ။

“အိုက်”(အာမေဋိတ်အသံ)

ကုလားထိုင်တစ်လုံးက ခါးဆန့်လိုက်ကာ သူ့ဘေးက စားပွဲခုံကိုပြောလိုက်သည်။

“မင်းသိလား? ရှောင်မင် က နေ့တိုင်းငါ့ပေါ်မှာထိုင်ပြီး နှဲ့နှဲ့နေတယ်..ငါ့ပေါင်တွေဆိုတာ တကယ့်ကိုနာနေတာပဲ”


စားပွဲခုံက ခေါင်းတညိတ်ညိတ်နဲ့ပြောတယ်။

“ဟုတ်တယ်..သူက ဓားလေးကိုသုံးပြီး ငါ့မျက်နှာပေါ်မှာ လျှောက်ခြစ်တယ်..ငါ့မျက်နှာတစ်ခုလုံးအရမ်းကြည့်ရဆိုးကုန်ပြီ”

တစ်ခြားသော စားပွဲခုံနဲ့ကုလားထိုင်တွေကပြောတယ်

“ငါတို့ရဲ့ပိုင်ရှင်ကတော့အရမ်းကောင်းတယ်..ငါတို့ကိုအရမ်းတန်ဖိုးထားတယ်”


သင်ခန်းစာလေးက ဒါပါပဲ။ဒါလေးကိုဖတ်ခြင်းအားဖြင့် ၃တန်းအရွယ် ၉နှစ်ခန့် ကလေးတစ်ယောက်ရဲ့ဦးနှောက်ထဲကို ကုလားထိုင်တွေကိုမနှဲ့ရ၊စားပွဲတွေကို လျှောက်မခြစ်ရ၊ပစ္စည်းများကို တန်ဖိုးထားရမည်
အစရှိသည်ဖြင့် ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန် သင်ရိုးတွေနဲ့ အာဂုံဆောင် ရိုက်သွင်းနေမယ့်အစား
ယုတ္တိမရှိစေဦးတော့ သူတို့ဉာဏ်နဲ့လက်လှမ်းမီသလောက်သူတို့စိတ်ဝင်စားစေလောက်မယ့် ဒီလိုပုံတိုပတ်စ၊စာပိုဒ်လေးတွေကသာ ပိုထိရောက်မယ်ထင်ပါတယ်။
သူတို့ရဲ့စိတ်ဝင်စားမှုကနေမှတဆင့်

“ခုံလေးတွေ သနားပါတယ်..ငါနှဲ့ရင်ဖြင့် သူ့ခြေထောက်လေး နာလိမ့်မယ်..စားပွဲလေးသနားပါတယ် ငါလျှောက်ခြစ်လို့ ရုပ်ဆိုးသွားရှာမယ် “
 ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေကို အရင်မွေးယူစေဖို့လိုပါတယ်။ကလေးတစ်ယောက်အားတန်ဖိုးထားရမယ် ဆိုတဲ့ စည်းကမ်းကိုအရင်ဆုံးရိုက်သွင်းတာထက်ပိိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုုထိရောက်မယ်ထင်မိပါတယ်။

ဒါကြောင့်မို့လို့ ‘ငါးမမျှားရ၊ပန်းမခူးရ၊ကန်ပေါင်ပေါ်တွင် အဝတ်မလျှော်ရ အစရှိတဲ့ ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန်လေးတွေအစားအခုလိုမျိုး သင်ခန်းစာလေးက ကလေးငယ်များသူ့အသိလေးနဲ.သူတို. ပိုလိုက်နာစေမယ်လို့တွေးမိတာလေး ချရေးမိရပါတယ်။

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ