လှသထက်လှတဲ့ ရူခင်းအမိုက်စားလေးရှိရာ

Mon LayJuly 26, 20192min29820

ဓါတ်ပုံရိုက်ရတာ အရမ်းကြိုက်တဲ့ သယ်ရင်းတစ်ယောက်မွန်လေးမှာရှိပါတယ်။ သူကဘယ်သွားသွးရိုက်မယ်ဆိုတာချည်းပဲ၊ စားမယ်ဆိုလည်းရိုက်တာပဲ။ တစ်လတစ်ခါ တွေ့မိရင်လည်း လှတဲ့၊ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာပဲ သွးစားတတ်ကြတော့ ခုတစ်ခေါက်လည်း လှသထက်လှတဲ့ ရူခင်းအမိုက်စားလေးရှိရာ Esperado Lake View Hotel က Rooftop Barကိုရောက်ခဲ့တာပေါ့ကွ်ယ။

#တည်နေရာ

အမှတ် 23, ကန်ရိပ်သာလမ်း, မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိပါတယ်။ ကန်တော်ကြီး ကရိတ်ဝိတ်အေပေါက်နဲ့နီးပါတယ်။ ဖုန်း 09969933399, 09969905963 .

#ဆိုင်ဖွင့်ချိန်

6:30AM – 11:00AM ( breakfast)
11 Am to 11 pm ( Lunch & Dinner )

မနက်ပိုင်း 6နာရီခွဲကနေ ၁၁နာရီအထိကို ဘူဖေးမနက်စာ (၇၀၀၀)ကျပ်တည်းနဲ့စားနိုင်ပါတယ်။

ကိုယ်တွေသွးခဲ့တဲ့အချိန်က နေ့လည်၁ခွဲဆိုတော့ နေ့လည်စာကို view လှလှငေးရင်း စားခဲ့ကြတယ်ပေါ့။ သူရဲ ့မြင်ကွင်းက ရွှေတိဂုံ ဘုရား နှင့် ကန်တော်ကြီး Views ကို အပြည့်အဝမြင်ရတယ်။ ရှေ ့မှာ ပိတ်ကာနေတာမျိုး မရှိတော့ view ကို အဝ ကြည့်လို့ရတယ်။ စိမ်းစိုနေတဲ့အပင်

တွေရယ်၊ ကြွရွလှပနေကြတဲ့ မိုးသားတိမ်တွေရယ်၊ တည်ငြိမ်မှုအသွင်ဆောင်နေတဲ့ ကန်ရေပြင်ရယ်၊ ခံ့ခံ့ညားညားကြီးရှိနေတဲ့ ကရိတ်ဝိတ်အလှတို့က တကယ်ကိုမျက်စေ့အေးပြီး ရင်အေးစေခဲ့ပါတယ်။ ပတ်ဝန်းကျင်ကလည်းတကယ့်ကို ပန်းချီကားအတိုင်းပဲ။

ကိုယ်တွေစားခဲ့တာကတော့ Beef steak ရယ်၊ ၆ တုံးပါ ကိုးရီးယား ကြက်ကြော် ၁ ပွဲ ရယ် (Sauce ကအစ Korean Sauce ကိုပဲသုံးထားတာပါ)၊ ကော်ဖီအေး ၁ခွက်ရယ် နဲ့ သံပုရာရည် ၁ ခွက်ပါ။ စုစုပေါင်းမှ (၃၂၅၀၀) ကျပ်ပဲကျခဲ့ပါတယ်။ အရမ်းကိုတန်လွန်းပါတယ်။

ပြီးတော့ Bar Counter လည်း ရှိတော့ night out chill ချင်ကြတဲ့သူတွေအတွက်လည်း အကြိုက်တွေ ့ကြမှာပါ။

ကဲ.ဒီတစ်လတော့ ဒီဆိုင်လေးရေးပေးထားတာနဲ့ကျေနပ်ကြပါကုန်။ နောက်လ နောက်တစ်ဆိုင်သွားဖို့ရှိသေးတာမို့ ဆက်ဆက် စောင့်ကြည့်ဖတ်ရှုဖို့လည်း မမေ့ပါနဲ့နော်။ Page ကို Like & see first လည်းလုပ်ပေးထားပါလို့။

#restaurant

#review

#esperado_Lake_view_hotel

#rooftopbar