ရန်ကုန်မြို ့က ချစ်စဖွယ်ရိုးရာဆိုင်လေး YK Collections

Mon LayAugust 26, 20194min30352

မြန်မာ့လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးပြီး စိတ်ကြိုက်ရွေးဝယ်ချင်လို့ ပြီးခဲ့တဲ့အပတ်က YK collections ဆိုင်လေးကို မွန်လေးရောက်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တော့ သွားရောက်အားပေးခဲ့ပါတယ်။

YK Collections Social Enterprise ဟာ ၂၀၁ဝ ခုနှစ်ကတည်းကစတင်ပြီး မြန်မာ့လက်မှုပစ္စည်းလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းက ပစ္စည်းတွေနဲ့ပဲ နားဆွဲ၊ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ မြန်မာ့ရိုးရာအရုပ်တွေ၊ လက်ဖက်ခြောက် စတဲ့စတဲ့ ထုတ်ကုန်တွေအများကြီးကို နှစ်ပေါင်းများစွာ ​ထဲက ​တော်​​တော်​ဖြည်​းဖြည်​း​လေးနဲ့  အောင်မြင်အောင်ထုတ်ဝေနိုင်ခဲ့တာ အခုဆိုရင် သက်တမ်း၉နှစ်ထိ ရောက်ရှိခဲ့ပါပြီ။

ကိုယ်ဆို ဆို်င်ထဲဝင်လိုက်တာနဲ့ စပါးလင် အနံ့သင်းသင်းလေးရလိုက်လို့ စိတ်ကိုကြည်လင်သွးတာပဲ။ ပြထားတဲ့ပစ္စည်းလေးတွေကလည်း ချစ်စရာလေးတွေ..သေးသေးကွေးကွေး ဘုစုခရုကနေ..တောင်းအကြီးကြီးတွေအထိရှိတယ်။

ဝယ်ယူရရှိနိုင်သော ပစ္စည်းများ

ချည်သားအိတ်လေးတွေ ချိုင်းညှပ်အိတ်ကအစ ရှော့ပင်အိတ်လေးတွေထိ၊ ဒေါ်စုပုံပါတဲ့ စာအုပ်လေးတွေ၊ စကျင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ ကြာပန်းပုံ ပန်းကန်ပြားတွေ ကိုယ်ဆိုလာဘ်ကောင်းအောင် ဇီးကွက်လေး ၂ကောင်ဝယ်ခဲ့လိုက်တယ်။ ပြီးတော့ အလှဆွဲ နားကပ်၊လက်ကောက်၊ဆွဲကြိုးလေးတွေကိုလည်း ​ရွှေ​ရွေး​စေ့​လေး​တွေနဲ့ ပြုလုပ်​ထားတော့ ဝတ်လိုက်ရင်လည်းပေါ်တယ်။ ပွဲလည်းတိုးတယ်။ ယွန်းထည်ပစ္စည်းလေးတွေ၊ လက်မှုလုပ်ငန်းဖြစ်တဲ့ ပိတ်စကိုမှ အောက်ခံအခင်းတို့၊ဝိုင်ထည့်တာမျိုးတွေပါရှိတယ်။

ကိုယ်တိုင်သုံးဖို့ဝယ်လို့ရသလို၊ လက်ဆောင်ပေးဖို့လည်း အရမ်းလိုက်ဖက်တဲ့ လက်ဖက်ခြောက်ဗူးလေးတွေရှိတယ။် ထုတ်ပိုးပုံ လှပတဲ့ ဆေးဖက်ဝင်လက်ဖက်ခြောက်ကိုမှ မိမိကြိုက်နှစ်သက်ရာ အနံ့လေးကို ရွေးချယ်နိုင်ပါသေးတယ်။ YK Collections မှာ Original Ginger, Peppermint, Lemonleaf, Lemongrass နဲ ့ Jasmine ဆိုပြီး ဆေးဖက်ဝင်လက်ဖက်ခြောက်ကို အနံ့ငါးမျိူးနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်

ပြီးတော့ ပေဇာလေးတွေနဲ့လုပ်ထားတဲ့ welcome, open, close,thank you, ကျေးဇူးတင်ပါတယ် စတာလေးတွေ ရှိတယ်။ ဆိုင်တွေနဲ့ရုံးတွေမှာထားရင် လာတဲ့သူကို အမြင်ဆန်းဆန်းလေးနဲ့ စိတ်ကြည်နူးစရာကောင်းနေမှာအမှန်ပဲ။

တကယ့်မြန်မာရိုးရာရှေးဟောင်းပစ္စည်းလေးတွေကို တစ်နေရာထဲနဲ့ စုံစုံလင်လင်ထားပေးထားတော့ တခါတည်း ဝယ်သွားရုံပဲ။

ခေတ်ရဲ့တိုးတက်မှုတွေနောက်မှာ နိုင်ငံခြားက သွင်းကုန်တွေ ဝင်ရောက်လာမှုနဲ့အတူ မြန်မာနိုင်ငံအလယ်ပိုင်းက လက်မှုလုပ်ငန်းကို အစဉ်တစိုက်လုပ်ခဲ့ကြတဲ့ ရွာကြီးတွေဟာ လုပ်ငန်းတွေတိမ်ကောခဲ့ကြရပါတယ်။ ကိုယ်​​တွေ​မွေးဖွားရွာ ဇာတိရွာအနီးတဝိုက်​က​ရွာ​တွေက​တော့ ကတယ်​ကို ​ပြောင်​းပြန်​လှန်​လိုက်​သလိုကို​လက်​မှု လုပ်​ငန်​း​လေး​တွေ​ပျောက်​ကွယ်​ကုန်​ကြတာပါ။ ဥပမာ လက်မှုနဲ့လုပ်တဲ့ ရေအိုးတွေ၊ရေခွက်တွေနေရာမှာ ပလက်စတစ်ထုတ်ကုန်တွေ အစားထိုးအသုံးပြုလာတာ၊ ပြည်တွင်းဖြစ်လက်မှုပစ္စည်းတွေနေရာမှာ တရုတ်ပြည်ကဝင်လာတဲ့ ကြွေပန်းအိုးတွေအသုံးပြုလာကြတာ စတာတွေကြောင့် မြန်မာ့လက်မှုလုပ်ငန်းတွေ ထိခိုက်ခဲ့ကြရတာမျိုးပါပဲ။ ⬇⬇⬇ ဒီတော့ ဒီလိုဆိုင်မျိုးလေးတွေမြန်မာနိုင်ငံမှာများများပေါ်ထွက်လာစေချင်တယ်။ ဒီလိုပေါ်ထွက်လာရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရ ဲ့အမွေအနှစ်တွေကိုပိုပြီးချစ်မြတ်နိုးလာမယ်လို့လည်းယုံကြည်ပါတယ်။

လိပ်စာလေးကတော့
◀ အမှတ် ၁၆၊ နတ်မောက်လမ်း ၊ တာမွေမြို့နယ် ဖြစ်ပါတယ်။

ဖုန်းဆက်မယ်ဆိုရင်တော့ ဝ၉ ၄၄၄၈၈၉၀၆၁ ကိုဆက်သွယ်ပေးပါနော်။

👸ဘာ​ကြောင်​့ Accessories ပစ္စည်​း​လေး​တွေ ဝတ်​ဆင်​သင်​့သလဲ ?👸 ဆိုတာလေးကို ဒီလင့်မှာဝင်ဖတ်ပေးပါ။ https://www.facebook.com/ykcollectionsmm/posts/1164231140406122

ဒီဇိုင်းအသစ်ပဲဖြစ်ဖြစ် သည်ဒီဇိုင်းတွေကိုပဲဖြစ်ဖြစ်မှာချင်တယ်ဆိုလည်း ဆက်သွယ်နိုင်ပါတယ်တဲ့။
သင်​့ရဲအသွင်​အပြင်​ကို​ပိုမိုထူးခြားတဲ့​ပြောင်​းလဲမှု​တွေ ​ပေးမယ်​့ YK ​ကိုတစ်ခါလောက်တော့သွားကြည့်လိုက်ပါလို့။

#yk
#collections
#myanmar
#traditional
#things
#innovativecraftproducts
#Jewellery
#RedLuckySeed
#Eco_Friendly
#ykcollections
#TropicalSeeds
#craftedinmyanmar
#rings
#earrings
#bracelet
#accessories
#Myanmar
#Ladies
#Smart
#SocENT

2 comments

  • aye.kk

    August 27, 2019 at 9:23 am

    ကျေးဇူးပါ။

  • Shar Thet Man

    September 3, 2019 at 6:35 am

    ဟုကဲ့ပါ

Leave a Reply