Browser တစ်ခုထဲမှာ Gmail သုံးခု ဖွင့်သုံးရအောင် ***

Yin Nyine NwaySeptember 9, 20102min460
Browser တစ်ခုထဲမှာ Gmail သုံးခု ဖွင့်သုံးရအောင်

ကျွန်တော်တို့ သုံးနေကြသော Gmail များကို  Mozilla firefox တစ်ခုဖွင့်ပြီး မေးလ်ဝင်စစ်နေမယ်
လူမသိအောင် Invisible လုပ်ပြီးချက်နေမယ် ဆိုရင် တစ်ခြားမေးလ် တစ်ခုကို ဖွင့်ချင်တဲ့ အခါမှာ
အဲဒီမော်ဇီလာမှာပဲ ဖွင့်သုံးလို့ မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် တခြား Browser တွေဖြစ်တဲ့
IE တို့ Flock စသည်ဖြင့် နောက်ထပ် Browser တစ်ခုခု နဲ့ဖွင့်ပြီးမှ သုံးနေရပါတယ်။
ဒါကြောင့် ဟိုဘက်ပြောင်းဖွင့်လိုက် ဒီဘက်ပြောင်းဖွင့်လိုက်နဲ့ဆိုတော့ အလုပ်ရှုပ်ပါတယ်။
အခုအဲဒီလို အလုပ်မရှုပ်အောင်လို့ မော်ဇီလာ တစ်ခုထဲမှာ ပဲ မေးလ်သုံးခု တစ်ပြိုင်ထဲ ဝင်ပြီး သုံးလို့ ရပါတယ်။
အဲဒီလို ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

၁။ Gmail ကို Password ပြောင်းတဲ့ အဆင့်အတိုင်း သွားပါမယ်။
Setting ကိုသွားမယ်။ ပြီးရင် Accounts and Import ကိုသွားပါ။
ပြီးရင်အောက်နားက Google Account Setting နှိပ်လိုက်တဲ့ အခါမှာ
Change Password ဆိုတဲ့ အဆင့်ကိုရောက်သွားပါတယ်။ အဲဒီထဲမှာ ကြည့်လိုုက်ပါ။
Multiple Sign-in  Off Edit ဆိုတာလေး တွေ့ပါလိမ့်မယ်။ အောက်က ပုံလေးကိုကြည့်ပါ။

31.jpg

၂။ Edit နှိပ်လိုက်ရင် အောက်နားမှာ *Off – Use one google account at a time. ဆိုပြီး
Off လုပ်ထားတာကိုတွေ့ရင် အပေါ်က On- Multiple Google Accounts in the same web browser ကို
တစ် လေး ပေးပြီး အောက်က အဆင့်တွေကိုလည်း တစ်လေးတွေပေးလိုက်ပါ။ ပြီးရင် Save လုပ်လိုက်ပါ။

32.jpg

အဲဒါဆို ပြီးသွားပါပြီ။
၃။ ဖွင့်ထားတဲ့မေးကို refresh ပြန်လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ဝင်ထားတဲ့ မေးလ်နာမည်မှာ မောက်လေး နှိပ်ကြည့်လိုက်ရင် အောက်ကလို တွေ့ပါလိမ့်မယ်။

33.jpg


၄။
Sign in to another account ဆိုနှိပ်လိုက်ရင် နောက်ထပ်မေးလ်တစ်ခု ဝင်လို့ရသွားပါပြီ။

34.jpg

ဒါဆိုရင် နောက်ဝင်လိုက်တဲ့ မေးလ်မှာလည်း စောစောက အဆင့်အတိုင်း သွားပြီး On ထားလိုက်ရင် Browser တစ်ခုထဲမှာမေးလ်သုံးခု အထိ ဝင်သုံးလို့ရသွားပါပြီ။  သူ့ထဲမှာရေးထားတာက Multiple Sign-in On လို့ ပြောပေမယ့် အများကြီး ဝင်လို့မရပါဘူး။ သုံးခုပဲ ဝင်သုံးလို့ နေတာကို တွေ့ရပါတယ်။
မှတ်ချက်။   ။ Gamil ဝင်တဲ့ အခါ Standard View အနေနဲ့သာ သုံးလို့ရပါသည်။ Connection နှေးနေတဲ့အချိန်တွင် Basic HTML View နဲ့ ဆိုလျှင် အသုံးပြု၍ မရနိုင်ပါ။
မသိသေးသောသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေ ကြပါစေ…။