လူငယ်တစ်ယောက်ရဲ့ စကားသံများ

taylayNovember 10, 20091min08

ကျွန်တော် စာမဖတ်တာတော်တော်ကြာပါပြီ။ တစ်နှစ်ခွဲလောက် ရှိပါပြီ။ အခုဘလော.ဂ်ရေးဖြစ်လာတေ့ာ စာတွေပြန်ဖတ်မှဖြစ်မယ်ဆိုတဲ. အသိနဲ. စာတွေပြန်ဖတ်ဖြစ်တာ သုံးလေးရက်ပဲရှိပါသေးတယ်။ စာကဖတ်တေ့ာ လည်း စာဖတ်ပြီး စကားက များချင်လာတယ်။ စာဖတ်ပြီး ပြောချင်တာတွေက ရှိလာတယ်။ ကျွန်တော် ပြော ချင်တဲ.အကြောင်းက ပညာရေး အကြောင်းပါ။ ကြီးကြီးကျယ်ကျယ် ပြောတာတော. မဟုတ်ပါဘူးဗျာ။ ကျွန်တော် ခုမှကျောင်းသားဘဝပဲ ရှိပါသေးတယ်။ ကျောင်းသားတစ်ယောက်က ပညာရေးအကြောင်း ပြောမယ်ဆိုတေ့ာ ထုူး ဆန်းနေသလိုတေ့ာ ဖြစ်ပါလိမ်.မယ်။ ဒီနေ. သင်နေရတဲ့ ပညာရေးစနစ်ဟာ ကျွန်တော် တို.ကို ဘယ်လောက်ထိ အထောက်အကူဖြစ်ပါသလည်း ဆိုတာ အရင်စဉ်းစားကြည့်ကြရအောင်။ ကျွန်တော် တို. လူနေမှုဘဝ ကျွန်တော် တို. အသက်မွေးဝမ်းကျောင်းအတွက် ဒီနေ. ကျောင်းတွေကပေးတဲ့ ပညာတော်တော်များများဟာ သုံးလို.မရပါ ဘူး။ နောက်ပြီး အဲဒီပညာတွေကိုရော ကျွန်တော် တို. တကယ်တက်သလားဆိုတေ့ာ မတက်ပါဘူး။ ဘာလို.မ တက်သလည်း ကျွန်တော် တို.ညံလို. ကျွန်တော် တို. မတက်တာလို.ပြောမလား။ ပညာပေးတဲ.လူတွေညံလို.လား ။ တကယ်တေ့ာ ပညာပေးတဲ.လူတွေလည်းမညံဘူး ၊ပညာယူနေတဲ. ကျွန်တော် တို.လူငယ်တွေလည်းမညံကြပါ ဘူး။

ဒါဆိုဘာလို. ကျွန်တော်တို.တကယ်မတက်ကြတာလည်း အကြောင်းကတော. ပညာပေးပုံက လွဲနေလို. ပါ။ ကျွန်တော်တို. စာသင်ခဲ.ရတဲ. သက်တမ်းတစ်လျှောက်လုံး ပြန်ကြည်.လိုက်မယ်ဆိုရင် ကျွန်တော်တို.ဟာ သင်လိုက်သမျှ စာတွေကို အလွတ်ကျက် ပြီးရင်စာမေးပွဲဖြေ အဲသလိုနဲ. သွားခဲ.ကြတာပါ။ အဲဒီစာတွေကို ကျွန် တော်တို.အလွတ်ရတာပဲ ရှိတယ်၊ သဘောတရားကိုနားလည်လားဆိုတော. နားမလည်ကြပါဘူး။ နောက်ပြီး အချို.သော အကြောင်းအရာတွေကို စိတ်ပါဝင်စားမှုမရှိပဲ ကျွန်တော်တို. သင်ခဲ.ရတာပါ. ။ ကျွန်တော်တို. တက်ရောက်နေရတဲ. ဘာသာရပ်တွေမှာ ကျွန်တော်တို. ထူးချွန်မှုမရှိတာဟာ တကယ်တော. ကျွန်တော်တို. တကယ်စိတ်ဝင်စားတဲ. အရာတွေမဟုတ်တဲ. အတွက်လည်းဖြစ်တယ်။ သေချာပြန်စဉ်းစားကြည်.ရင် ကျွန်တေ်ာ တို. ဘာကိုစိတ်ဝင်စားတယ်ဆိုတာကို ကျွန်တော်တို.ကိုယ်တိုင်တောင်မသိကြပါဘူး။ ဘာလို.မသိသလည်းဆို တော. ကျွန်တော်တို.လူအဖွဲ.အစည်းမှာ ကျွန်တော်တို.ငယ်ရွယ်စဉ်ကလေးဘဝတည်းက အားလုံးနီးပါးကို ဘောင် ခတ်ခံရကြလို.ပါ။ အားလုံနီးပါးဆိုတာ အတွေးအခေါ်၊ လွတ်လပ်မှု၊မိမိကိုယ် မိမိ ယုံကြည်မှု ၊ စသဖြင်. စသဖြင်.တော်တော်များပါတယ်။ ကျွန်တော်တို. ဘာလို.အဲလိုဖြစ်ရလည်းဆိုတော. ဒီနေ.ကျွန်တော်တို.ကို အုပ်ချုပ်သူတွေဖြစ်တဲ. ကျွန်တော်တို.မိဘတွေကြောင်.ပါပဲ။ မိဘတွေကို ကျွန်တော်အပြစ်တင်နေတာမဟုတ်ပါ ဘူး။ လမ်းကြောင်းလွဲနေတာတွေကို ပြုပြင်နိုင်ဖို.ပါ။ တစ်သက်လုံးမှားလာခဲ.တဲ. အမှားကို ပြင်ဖို.ဆိုတာ တကယ်တော. လွယ်တဲ. ကိစတော. မဟုတ်ပါဘူး။

ဒီနေ.ခောတ်မှာ မိဘတွေဟာ သားသမီးတွေဘာဖြစ်ချငိတယ်ဆိုတာကို သိပ်ဂရုမစိုက်ကြပါဘူး။ သူတို. ဖြစ်စေချင်တဲ. အတိုင်းပုံသွင်းဖို.သာစဉ်းစားနေတက်ကြပါတယ်.။ တကယ်ဆို ကျွန်တော်တို. လူငယ်တွေမှာ မိမိ ရဲ.ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အယူအဆတွေရှိတက်ကြပါတယ်။ လူုငယ်တွေရဲ. တကယ်ဝါသနာပါတဲ. အလုပ်တွေကို မိဘတွေအနေနဲ. အားပေးသင်.ပါတယ်။ ကျွန်တော်အကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော် ၁ဝတန်းအောင်ပြီးတော. ကျွန်တော်တို.သူငယ်ချင်းတွေ music band လေးတစ်ခုဖွဲ.ဖို.လုပ်ပါသေး တယ်။ ပိုက်ဆံရှီလို.တော.မဟုတ်ပါဘူး။ ဝါသနာအရပါ။ အဲဒီမှာ ကျွန်တော်ကိုယ်ဘာသာ ကိုယ်ပြန်စဉ်းစားတယ်။ ငါဘာဝါသနာပါလည်းပေါ. ။ သူငယ်ချင်းတွေကတော. ဂစ်တာတီးသင်ကြပါတယ်။ ရပ်ကွက်ထဲမှာတစ်မျိုး သင်တန်းတက်ပြီးတစ်ဖုံ ဂစ်တာတီးသင်ကြပါတယ်။ ကျွန်တော်ကတော. Drum တီးချင်ခဲ.တယ်.။ အိမ်ကို သင် တန်းတက်မယ်ပြောတော. အိမ်ကလုံးဝသဘောမတူပါဘူး။ ဘာလို.လည်းဆိုတော. ဂီတကိုအားမပေးလိုတော.မ ဟုတ်ဘူးဗျ.။ drum တီးတယ်ဆိုတာ သူတို.အတွက်အထုူးအဆန်းဖြစ်နေကြတယ်လေဗျာ။ ဂစ်တာတီးတယ်ဆို တာကကြားလို.ကောင်းသေးတယ်။ အဲင်္ဒီ drum ကြီး ကဘယ်နေရာမှလည်းသုံးစားလို.ရတာမဟုတ်ဘူး ။ဂစ်တာ ပဲတီးတဲ.။ ကိုယ်ဝါသနာပါတာမဟုတ်တော. ကျွန်တော်လည်းဒီနေ.ထိ ဂစ်တာရော ဒရမ်ပါလုံးဝ အတီးမသင်ဖြစ် တော.ပါဘူး။ ကျွန်တော်သာ ဂစ်တာတီးချင်ရင် ကျွန်တော်သုူငယ်ချင်းတွေဆီက သင်လို.ရပါတယ်။ သူတို.ဆို ခု စတုူရီယိုထဲတောင် ဝင်နေကြပါပြီ။ ဒါပေမယ်. ကျွန်တော်သူတို.ဆီက ဘာလို.ဂစ်တာတီးမသင်တုန်းဆိုတော. ဂစ်တာကို ကျွန်တေ်ာဝါသနာ မပါလို.ပါ။ အဲဒီတုန်းက ကျွန်တော်သာခုလိုဂျစ်ကန်ကန်ကောင်သာဆိုရင် ဒရမ်သင် တန်းကို ရအောင်တက်ဖြစ်မှာပါ။ အဲဒီတုန်းက ကျွန်တော်က အရမ်းလိမ်ှမာတာလေ။ ကျွန်တော်ဝါသနာကို ကျွန်တော်လုပ်ခွင်.မရတော. ဘာဖြစ်လည်းဆိုတော. ကျွန်တော်ဘာမှ ထွန်းထွန်းပေါက် ပေါက် ဖြစ်လာခဲ့ဘူးလေ။

ထားလိုက်ပါတော့ ကျွန်တော့်ဝါသနာသာရှိပြီး လုပ်ခွင့်မရတာ။ မိမ်ိရဲ. ဝါသနာဟာဘာလည်းဆိုတာ ဒီနေ့ထိမသိကြသေးတဲ.လူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ ကျွန်တော်တို.ရဲ. ဝါသနာတွေ အကြိုက်တွေကို ကျောင်းနေစအရွယ်ကတည်းက သိအောင်လုပ်ပေးတဲ့ ပညာရေးစနစ်မျိုးတွေ ကျောင်းမျိုးတွေလိုအပ်နေလို့ပါ။ ကျွန်တော်တို့ဟာ မိမိဝါသနာပါတဲ့ အကြောင်းအရာကို သိမှသာ အဲဒီ ဘာသာရပ်မှာထူးချွန်လိုစိတ်နဲ. ကြိုးစားကြမှာပါ။ တကယ်လည်းလုပ်ကြမှာပါ။ မိမိတကယ်ဝါသနာပါတဲ့ အလုပ် ကိုလုပ်နေရရင် လူဟာ ထမင်းမေ့ဟင်းမေ့ကို လုပ်တတ်ကြပါတယ်။ နောက်ဆုံး ရည်စားတွေဘာတွေတောင် မထားဘဲကို လုပ်ကြပါတယ်။ အဲဒီတော. ကျွန်တော်တို.နိုင်ငံကြီးတိုးတက်ဖို.ဆိုရင် လုူတိုင်းဟာ မိမိဝါသနာပါတဲ့ အလုပ်ကိုသိပြီး မိမိဝါသနာပါတဲ့ အလုပ်ကိုလုပ်ခွင့်ရမှာသာ ထုူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာကြမှာပါ။ ဒီနေ့လူတော်တော်များများဟာ ဘွဲ့တစ်ခုရပြီးရင် ရရာအလုပ်တစ်ခုကို ဝမ်းရေးအတွက်  ဝင်လုပ်လိုက်ကြရတာပါပဲ။ အဲ့အချိန်မှာ ဝါသနာဆိုတာကို ဘေးချိတ်ပြီး ဘဝကို ရုန်းကန်နေကြရပါတယ်။ သူတို့အလုပ်ထဲမှာထူးချွန်လားဆိုတော့ မထူးချွန်ကြပါဘူး။

ကျွန်တော်ပြောသွားတာကိုနားလည်ပြီ ဆိုရင်တော့ လူတွေဟာ မိမိရဲ့ ဝါသနာ ဘာလည်းဆိုတာကို သိခွင့်ရဖို့ဟာတော်တော်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒီနေရာမှာစာသင် ကျောင်းတွေရဲ. အခန်းကဏ္ဏဟာ အင်မတန်မှ လူငယ်တွေအတွက် ကလေးတွေအတွက် အရေးင်္ကြီးလာပါတယ်။

ကျွန်တော်တို့ကလေးတွေကို မူကြိုကျောင်းတွေ မူလတန်းကျောင်းတွေကနေ စပြီးပြုပြင်ပေးရမှာဖြစ်တယ်။ ကလေးတွေကို သူဘာနှစ်သက်တယ်ဆိုတာကို သူဟာသုူ သိလာအောင်လုပ်ဆောင်ပေးရမှာဖြစ်တယ်။ စာသင်ပေးဖို့ပြောနေတာမဟုတ်ဘူးနော်။ သူရဲ့ နှစ်သက်ရာကိုသိလာအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ပေးရမှာဖြစ်တယ်။ ပန်းချီ၊ သီချင်း၊ ခင်္ရီးထွက်တာ စသည်ဖြင့်ပေါ့။ ပုံစံမျိုးစုံကို ထိတွေ့ပေးရမှာဖြစ်တယ်။ အဲလိုထိတွေ့ပေးတဲ့နေရာမှာ သူကိုအတင်းအဓမ္မ လုပ်ဆောင်ခို်င်းလို့မရပါဘူး။ သူနှစ်သက်ရာကိုသာ လုပ်ဆောင်ခွင့် ပေးထားရမှာဖြစ်တယ်။ အဲဒီ အခါမှာ ကလေးဟာ ငယ်ငယ်တည်းက သူဘာကိုနှစ်သက်တယ်ဆိုတာ သူ့ဟာသူနားလည်သွားမှာဖြစ်တယ်။ အဲ သူအနေနဲ့ အလယ်တန်းလောက်ရောက်တဲ့အခါ သူနှစ်သက်ရာဟာ သူရဲ့ ဝါသနာလေးတွေဖြစ်သွား ပြန်ရော။ အဲဒီလိုသူတို့ဟာ သူတို့ဝါသနာကိုသိသွားပြီဆိုရင် ကျောင်းတွေက သူတို.ရဲ. ဝါသနာကို မြေတောင် မြှောက်ပေးတဲ့အနေနဲ့ ဝါသနာတူရာအုပ်စုလေးတွေကိုဖွဲ့ပေးရမှာဖြစ်တယ်။ ဒါမှသာသူတို.ဟာ မိမိရဲ.ဝါသနာကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန်.ပြန်.လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အဲ သလိုနဲ.သွားလိုက်မယ်ဆိုရင် အထက်တန်းလောက်ရောက်တဲ.အခါမှာ မိမိကိုယ်မိမိ ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုသင်.တယ်ဆိုတာကို အလိုလိုသိသွားတယ် ။ပြုသင်.တယ်ဆိုတာထက် ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုချင်တယ်ဆိုတာကို ဆုံးဖြတ်တက်သွားစေပါပြီ။ှ

မိမိရဲ. ဝါသနာကိုသိနေတဲ. တစ်ချို.သောလူငယ်တွေကြုံနေကျတာက မိမိရဲ.ဝါသနာကို လုပ်ခွင်.မရတာ ဖြစ်တယ်။ အဲဒါကမိဘနဲ.တော်တော်လေးကိုသက်ဆိုင်တဲ. အကြောင်းအရာတွေဖြစ်သွားပြီ။ လူငယ်တွေဟာ မိမိရဲ. ဝါသနာကို ဘာလို.လွတ်လွတ်လပ်လပ်မလုပ်ဆောင်ရဲသလည်းဆိုတော. မိမိကိုယ်မိမိ ယုံကြည်မှုမရှိလို.၊ မိဘကိုအားကိုးချင်စိတ်တွေရှိနေသေးလို.ဖြစ်တယ်။ မိဘတွေအနေနဲ. သားသမီးကို တကယ်ချစ်တယ်ဆိုရင် လူငယ်တွေကို တွေးရဲခေါ်ရဲအောင်၊ စိတ်ကူယဉ်ရဲအောင်၊ မိမိပြုလုပ်တဲ.ကိစအတွက်မိမိ တာဝန်ယူရဲအောင် လေ. ကျင်.ပေးရမှာ ဖြစ်တယ်။ ပတ်ဝန်းကျင်နဲ.များများထိတွေ.ပေးသင်.ပါတယ်။ ဒါမှသာ လူငယ်တွေအနေနဲ. ပတ်ဝန်းကျင်နဲ. လိုက်လျောညီထွေ ဖြစ်အောင်နေတက်မှာဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်အကြောင်းလေး နည်းနည်းလောက်ထပ်ပြောပြဦးမယ်ဗျ။ ကျွန်တော်တို.အိမ်က အရမ်းစည်းကမ်းကြီးတဲ.အိမ်တစ်အိမ်ဖြစ်တယ်။ ကျွန်တော်၁ဝတန်းကျောင်းသားအရွယ်လောက်ထိ အိမ်ထဲကအိမ်ပြင်ထွက်ခွင်.ရခဲ.တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်နဲ.ထိတွေ.ခွင်.ဆိုတာလည်း အင်မတန်မှနည်းခဲ.ရပါတယ်။ အဲဒီတော.ရလဒ်အနေနဲ. ၁ဝတန်းအောင် ပြီးလို. အပြင်လောကထဲ ကျွန်တော်ထွက်တဲ.အခါမှာ အခက်အခဲတွေအများကြီးတွေ.ရပါတယ်။ အပြင်လောက ကိုထွက်တာတောင် ကျွန်တော်ဖာသာကျွန်တော် မခံနိုင်တော.လို. အတင်းရုန်းထွက်လို.လွတ်မြောက်ခွင်.ရတာပါ ။ လူတွေနဲ.ဆက်ဆံရာမှာ ကျွန်တော်စကားပြောဆိုမတက်ပါဘူး။ လူပေါင်းလည်းမဆံပါဘူး. ။အပေါင်းအသင်း လည်းအလွန်နည်းခဲ.ရပါတယ်။ လူအများကြီးရှေ.ထွက်ပြီး စကားမပြောရဲပါဘူး။ အပြင်လောကကလူတွေကို လည်းလုံးဝနားမလည်နိုင်ခဲ.ပါဘူး။ ဒီနေ.ထိပါ။ အဲဒီတော.ကျွန်တော်အနေနဲ. လူတွေနဲ.လိုက်လျောညီထွေမနေ တက်တော.ပါဘူး။ နောက်တစ်ချက် ဒီနေ.ထိ ကျွန်တော်မှာ မိန်းကလေးသူငယ်ချင်းမရှိပါဘူး။ ဘာလို.လည်းဆိုတော. အပြင်မှာ ကျွန်တော်မိန်းကလေးတွေနဲ. စကားပြောရမှာအင်မတန်ကြောက်ပါတယ်။ နောက်ပြီး စသဖြင်.စသဖြင်.အများကြီးရှိပါတယ်.။ ကျွန်တော်ပတ်ဝန်းကျင်နဲ. ထိတွေ.ခွင်.မရလို. ကြုံရတဲ. အခက်အခဲတွေပေါ.ဗျာ။

လူတွေဟာထိတွေ.ခွင်.ရဖို.တော်တော်အရေးကြီးပါတယ်။ ကျွန်တော်ကောင်မလေးတစ်ယောက်ကို blog နဲ.မိတ်ဆက်ပေးဖူးပါတယ်။ မိတ်ဆက်ပေးတယ်ဆိုတာထက် ကျွန်တော်ရေးတဲ.စာတွေကို သူ.ကိုပေးဖတ် ခဲ.တာပါ။ သူကျွန်တော်ရေးတဲ.စာတွေကိုဖတ်တယ်။ နောက် blog က အခြားသူတွေရဲ.စာတွေကိုပါဖတ်ဖြစ် လာတယ်။ အဲလိုနဲ. သူမှာသိမ်မြုပ်နေခဲ.တဲ. ဝါသနာဟာ အလိုလိုပေါ်လာတယ်။ သူဝါသနာပါတာကို သူသိသွားတယ်. ။ အဲဒီအချိန်ကစလို. သူblog တွေစရေးတော.တာပဲ။ သူရေးတာ အစပိုင်းကတော. သာမန်ပါပဲ ။ ခုနောက်ပိုင်းဆိုသူရေးတာတွေဟာ အမှန်အတိုင်းပြောတာပါ။ ကျွန်တော်ရေးတာထက်တောင် သူ.အရေးအသား တွေဟာ ကောင်းလာပါတယ်။ သူဝါသနာကို သူသေချာသိသွားပြီင်္း သူ.ဝါသနာအတိုင်း သေချာလုပ်ဆောင်နိုင်ခဲ. ပါတယ်။ ထူးချွန်အောင်လုပ်နို်င်ခဲ.ပြီလို.ပြောချင်တာပါ။ သူ.လိုပဲ လူတွေလည်းခုချိန်မှာ ကိုယ်ဝါသနာကို ကိုယ်သိ နိုင်ဖို. ကြိုးစားကြည်.ရင်မှီနို်င်လောက်သေးတယ်လို. ကျွန်တော်ကတော. ယူဆပါတယ်။ ကျွန်တော်တို. ဝါသနာပါ ရာကိုသာ လုပ်ဆောင်နိုင်ခဲ.ရင် တိုင်းပြည်ဟာလည်း ဘက်ပေါင်းဆုံကနေ တိုးတက်ဖွံဖြိုးလာမှာ အသေအချာပါပဲဗျာ။

ကျွန်တော်အနေနဲ. နောက်ဆုံးပိတ်ပြောချင်တာကတော. ကျွန်တော်တို. ဖြတ်သန်းခဲ.ရတဲ.အချိန်မှာ ကျွန်တော်တို. မနှစ်သက်တဲ.ပုံစံ နဲ.ဖြတ်သန်းခဲ.ရပေမယ်ကျွန်တော်တို. နောက်မျိုးဆက်ကျရင်တော. ကျွန်တော်တို. လိုမဖြစ်အောင် ကျွန်တော်တို.ဆောင်ရွက်ပေးနိုင်ဖို.အရေးင်္ကြီးပါတယ်။ ဒါမှသာ နောင်လာမယ်. မျိုးဆက်ဟာ အသစ်တဖန်မွေးဖွားမယ်. လူတော်လူကောင်းတွေဖြစ်နိုင်ဖို. ကျွန်တော်တို. စိတ်ဓါတ်တွေကို အရင်ဆုံးပြုပြင်ကြရအောင်လို. တိုက်တွန်းရင်းနဲ.ပဲ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်ချက်။             ။ လူထုစိန်ဝင်း၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး ပေါ်လာသောအတွေးများအား ရေးချကြည့်ခြင်းသာ

About taylay

has written 9 post in this Website..

8 comments

  • kai

    November 11, 2009 at 5:43 pm

    အင်မတန်ကောင်းတဲ့သုံးသပ်ချက်တွေပါ။ မြန်မာပြည်ရဲ့ပညာရေးစံနစ်ကို ဦးတည်ရေးထားတာလို ့ထင်မိပါတယ်။
    မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့် အခုလိုဖြစ်နေရတာလု့ိရော တဆင့်တက်ပြီး မြင်ကြည့်နို်င်မလားပါပဲ..။
    စာတွေသေချာဖတ်ကြည့်တော့ မိဘအပါအဝင်၊ဘိုးဘွားတွေအပါအဝင် မြန်မာတွေရဲ့ အခြေခံစိတ်မှာကိုက ဒီလို (Mindset)ဖြစ်နေတာလို ့ခံစားမိလို ့ပါ။

  • mipukay

    November 13, 2009 at 2:01 am

    ဒီစာလေးကိုဖတ်ပြီးမှ ကျွန်မရဲ ့ဝါသနာကိုသတိထားမိခဲ့ပါတယ်။
    အဲဒါကတော့အလွယ်ပြောရင်လူတွေကိုဆရာလုပ်ချင်တဲ့ဝါသနာပါ။
    တစ်ကယ်တန်းကျတော့ကျမသိထားတာတွေကို မျှဝေပေးရတဲ့အလုပ်၊ သင်ကြားပေးရတဲ့အလုပ်ကို အလွန် ့အလွန်မှစိတ်ဝင်စားမိနေပါတယ်။ ကျွန်မအခုမှသိရလို ့အချိန်အတော်တော့နှောင်းနေပါပြီ။
    ဒါပေမယ့်ဒီဘလော့လေးကျေးဇူးကြောင့် အလုပ်တစ်ဘက်နဲ ့မအားလပ်တဲ ့ကျွန်မ ဝါသနာကိုလုပ်ကိုင်ခွင့်ရနေပါလားဆိုပြီး ကျေးဇူးတင်မိပါတယ်။
    ဒီစာလေးကိုရေးတဲ့မောင်တေလေကိုလဲ ကျေးဇူးပါဘဲနော်…..

  • tapotawe

    November 15, 2009 at 8:19 pm

    အရမ်းကောင်းပါတယ်ဗျာ… ကျနော် တို့မြန်မာပြည်မှာ ဖြစ်သင့် ၊ လုပ်သင့်တဲ့ အလုပ်ပါ..။ တကယ်တော့ ကိုတေလေပြောသလိုပဲ ကျနော်တို့တတွေက ငယ်ငယ်ထဲက ကိုယ်ဘာဝါသနာပါမှန်း မသိခဲ့လို့ အခု အသက်အရွယ်ရလာတဲ့အထိ ကို မသိကျတာမဆန်းပါဘူး..။ ဟုတ်ပါတယ်.. ကျနော်လည်း ခုထိ ကိုယ် ဝါသနာပါတာကို သေချာ ဂဃနဏ မသိသေးဘူးဗျ..။ ဒီ ဘလော့လေးကိုဖက်ရတာ ကျနော့်အတွက် စဉ်းစားစရာတွေဖြစ်လာပါတယ်..။ ကျနော့်ဝါသနာကိုပေါ့..။

  • KyawThein

    October 14, 2012 at 11:06 pm

    ဒီစာကိုရေးတဲ့သူ ဘာလို့များဆက်မရေးတော့တာပါလိမ့် ။
    အခုနေများ ရေးစေချင်တော့တာပဲ ။ ရွာထဲမှာ ဒီလောက်စီနေတဲ့အချိန်မှာ ဒီလိုတွေး အရေးလေးတွေ
    နဲ့ လက်ရာစုံစုံ ရှိစေချင်တယ် ။
    ရွာထဲမှာ လူတွေ ကြာကြာ နေစေဖို့ သူကြီးမှာတာဝန်ရှိတယ်ထင်တာပဲ ။
    ရွာထဲမှာ မြန်မာလို “တေလေ” ဆိုတာတွေ ့ဖူးတယ် ။ အတူတူ ပဲလား …..။
    ပညာရေးအတွက် ဆွေးနွေးထားတာ ကောင်းလို့ သဘောကျသလို ၊ ဝါသနာနဲ့ လုပ်ရတဲ့ဘဝ ထပ်တူကျရင်
    အလွန်ကောင်းတာကိုတော့ တွေ ့ရပါတယ် ။ ခက်တာက ထပ်တူကျဖို့မလွယ်တာပဲ ….။

    • taylay

      October 15, 2012 at 4:23 pm

      ရွာထဲဆိုတာ ဘယ်ဆိုဒ်ကိုပြောတာလည်းမသိဘူးဗျ ၊ လင့်ခ်လေးများသိရနိုင်မလားမသိဘူး ။
      ကျွန်တော် စာတေ့ာ ဆက်ရေးပါတယ် ဒါပေမယ့်
      ဆောင်းပါးတွေ မရေးဖြစ်တေ့ာပဲ ၊ ကဗျာ တွေပဲရေးဖြစ်နေလို့ပါ
      အားပေးတာကျေးဇူးပါ ။

      • ရွှေ ကြည်

        October 15, 2012 at 4:45 pm

        ရွာဆိုတာ ဒီဆိုဒ်ပါပဲကိုတေလေရေ မန်းဂေဇက်ဆိုတဲ့ ရွာကြီးကိုပြောတာပါလို့

  • လုံမတို့ ဆရာတွေ ခေတ်က ဝါသနာပါရာတွေကို ကျောင်းတော်မှာလုပ်ခွင့်ရကြတယ်။
    နှစ်ပတ်လည်မဂ္ဂဇင်းတွေ၊ နံရံကပ်စာစောင်တွေ၊ ဂီတအနုပညာလှုပ်ရှားမှုတွေ၊ ကာယအားကစားပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲတွေ..
    လုံမတို့ခေတ်မှာတွေ မလောက်ငှတဲ့အချိန်ကြားမှာ များပြားလှတဲ့သင်ရိုးတွေနဲ့ စာမေးပွဲတွေ..

    ဆရာကြီးပီမိုးနင်းရဲ့ အားလပ်သောအချိန်ကလေးများ ထဲမှာ ပညာသင်တယ်ဆိုတာ အဓိကဟင်းခွက်ကြီးနဲ့ တူပါတယ်တဲ့။ ဝါသနာပါရာတွေကို လုပ်ရတာကတော့ အရံဟင်းခွက်လေးတွေနဲ့ တူပါတယ်တဲ့။ တစ်ခါတစ်လေမှာတော့ အဓိကဟင်းက စားမကောင်းတတ်ဘဲ အရံဟင်းလေးတွေနဲ့ ထမင်းစားမြိန်တတ်သလိုပဲ ကျွန်မတို့ရဲ့ အဓိကပညာထက် ဝါသနာအရင်းခံတဲ့ အလုပ်တွေနဲ့ ဘဝက အဆင်ပြေတတ်ပါတယ်တဲ့။

    ကျွန်မတို့ကတော့ အဓိကဟင်းကိုလည်း စားကောင်းအောင် မချက်တတ်၊ အရံဟင်းခွက်ဆိုတာကလည်း ဘယ်နေမှန်းမသိနဲ့ ထမင်းစားမကောင်းတာတောင် တော်တော်ကြာပေါ့…

  • kaungsumyatsan

    October 15, 2012 at 11:22 pm

    ဝါသနာနဲ့ဘဝတထပ်တည်းမကျလို့စိတ်ညစ်နေတဲ့ကျွန်မ
    ဒီ Postလေးကိုအားပေးပါတယ်။ဆေးစက်ကျရာအရုပ်ထင်ရင်း
    အချိန်တော်တော်ဖြတ်သန်းခဲ့ပြီးပြီ။ဝါသနာပါတဲ့အလုပ်ကို
    ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ဘို့ဆိုတာအချိန်နဲသွားပြီလေ။
    နောင်လာနောက်သားကလေးလေးတွေဘဝနဲ့ဆန္ဒတထပ်တည်းကျ
    အောင်ရွေးချယ်ခွင့်ရနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်…..

Leave a Reply

%d bloggers like this: