ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်တွင် မွေးကာစ ကလေးငယ်လေး တစ်ဦးအား လေယာဉ် အမှိုက်အိတ်အတွင်းမှ တွေ့ရှိခဲ့ရသည်။  Gulf လေကြောင်းလိုင်းဖြင့် ဘာရိန်းနိုင်ငံမှ ရောက်ရှိလာသော လေယာဉ်ပေါ်မှ  ကလေးငယ်မှာ ချက်ကြိုး တန်းလန်းနှင့် ဖြစ်ပြီး သွေးများဖုံးလွှမ်းနေကာ တစ်ရှုးစက္ကူများဖြင့် ပတ်ထားသည်။ ကလေးငယ်မှာ အသက်ရှင်ဆဲ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။ အစိုးရ အရာရှိပိုင်းက ရဲများအား ကလေး၏ မိခင်ဖြစ်သူကို ရှာဖွေဖော်ထုတ်၍ အပြစ်ပေးနိုင်ရန် ကြိုးစားနေကြကြောင်း ပြောကြားသည်။
Gulf လေကြောင်းလိုင်း၏ သင်္ကေတဖြစ်သော GF ကိုရည်ရွယ်၍  George Francis ဟု အမည်ပေးထားသော ၄င်းကလေးငယ်မှာ ယောက်ျားလေး ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ Ninoy Aquino နိုင်ငံတကာ လေဆိပ်မှ လုံခြုံရေး ရဲတစ်ဦးသည် လေယာဉ်အိမ်သာ အတွင်းမှ ချထားသော အမှိုက်အိတ်အတွင်းမှ လှုပ်ရှားမှု တစ်ခုကို သတိပြုမိကာ ကလေးငယ်အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်အား လက်ရှိစောင့်ရှောက်ထားသော ဆရာဝန်များက ကလေးငယ်၏ မိခင်သည် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်သော ဖိလစ်ပိုင်လူမျိုး များစွာထဲမှ တစ်ဦး ဖြစ်နိုင်ကြောင်း ပြောကြသည်။
Source; BBC News (13 September 2010)

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။