( ကျနော် အသံလွှင့် အကြောင်းတွေရေးနေတာကနေလိုင်းပြောင်းသွားတာ ခဏနားတဲ့သဘောပါ အပြောငိးအလဲပေါ့ … ကြာလာတော့ သူများဆိုမပြောနဲ့တော့ ကိုယ်ရေးတဲ့ဟာ ကိုယ် ပြန်မဖတ်ချင်တော့ဘူး … နောက်မှဆက်မယ်နော ..အားပေးမှုများကိုတော့ ကြည်နူးရပါတယ်။ )

အဲ …၀ိဇ္ဇာဆိုတာ ..အတတ်ပညာ အသိပညာ မြင့်မားတဲ့သူတွေကို ခေါ်ပါတယ်။ ဥပမာ သိပ္ပံ အတတ်မှာ တဖက်ကမ်းခပ် တတ်မြောက်ထားတဲ့ PHD ( physics )ဆိုပါတော့
သူလဲ ၀ိဇ္ဖာပါဘဲ …။ လိုင်းချင်းသာမတူတာပါ။ ဒီနေရာမှာ အကြောငိးတိုက်ဆိုင်ရင် သိပ္ပံသဘောနဲ့ နှိုင်းယှဉ်ပြီးနဲနဲပြောပါမယ် ။

ဟိုးတုန်းက ကြားဖူးကြမှာပါ …သံသေတပြည်ဝ ..ပြဒါးသေတဆွေဝ ..ဆိုတာ ။ မြန်မာတွေ သံသေအောင် ..ပြဒါးသေအောင် ..ဖိုထိုးကြပါတယ် ။ အဲ အနောက်နိုင်ငံ ကလူတွေလဲ
သိလို့ကြိုးစားကြတယ်။ အဲအနောက်နိုင်ငံကတော့ ပိုပြီးပွင့်လင်းတဲ့သဘောရှိတယ်။ အရှ့တိုင်းကတော့ လှို့ဝှက်တဲ့သဘောရှိတယ်။ ပွင့်လင်းတဲ့သဘောရှိသူတွေက တယောက်
နဲ့တယောက် တိုင်ပင်ကြတော့ အချို့ကိစ္စတွေမှာ ပိုပြီးအောင်မြင်သွားကြတာရှိပါတယ်။ ဥပမာ မော်တော်ကား ထုတ်လုပ်နိုင်တဲ့ သံသား .. အာကာသထဲသွားနိုင်တဲ့ ပွတ်အားကို
ခံနိင်ရည်ရှိတဲ့ ..ဘာခေါ်လား … အဲဒီသတ္တု အမျိုးအစား ထိလုပ်နိုင်တြယ်။ ဒီမှာတော့ အခုထုတ်နေတဲ့ ကားဘော်ဒီတွေက ဒံအိုးဒံခွက်သာသာပါဘဲ။

အေ၇ှ့တိုင်းသားတွေစရိုက်ကတော့ … မသူတော်တွေလက်ထဲရောက်သွားမှာ သိပ်ကြောက်ပါတယ်။ အခု နျူးကလီးယား ကိစ္စကြည့်ပေါ့။ ဒီဘက်ပိုင်းလူတွေကတော့ ရုပ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာကို ပိုပြီး ဦးစားပေးတဲ့သဘောရှိပါတယ်။ ဘာကြောင့်ဆိုတော့ ဘာသာရေးလွှမ်းမိုးမှုကြောင့်ပါ။ ရုပ်ပစ္စည်းတွေပြည့်စုံချမ်းသာတာထက်
စိတ်ငြိမ်းချမ်းမှုကပိုပြီးအရေးကြီးတယ်လို့ခံယူပါတယ်။ ဒါကြောင့်စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်ကို ဦးစားပေးပါတယ်။

မြန်မာပြည်ကအမျာနားလည်ထားတဲ့ ၀ိဇ္ဖာများဟာဒီသဘောပါဘဲ။ ဘုး၇ားရှင်ကိုယ်တော်မြတ်ကြီးဟာ .. ဘုရာဖြစ်အောင်ကျင့်ကြံအားထုတ်တာကလည်း လောကကိုကယ်တင်ဖို့ပါ .. ဇိမ်နဲ့သာ နှပ်နေခြင်ရင် အထက်ဆုံးဘုံတက်ပြီးနေမှာပေါ့ ..။ ၀ိဇ္ဖာများဟာလည်းဒီသဘောပါဘဲ။

ဒီနေရာမှာ တခုလေးထပ်ပြောချင်တာက … အဘ ဘိုးမင်းခေါင် ဟာ မျိုးချစ်စိတ်ရှိသူတဦးပါ ..အင်္ဂလိပ်ကိုလိုနီခေတ်ကကိုး ..ကြားဖူးကြတဲ့အတိုင်းပါဘဲ မုံ့လုံးစက္ကူကပ်ပါ
လို့ ကြာကလပ်နဲ့ဆွမ်းတော်တင် ပုလ္လင်ပေါ်ကမျောက်ကလေး ဆင်းတဲ့လို့ပြေး ..ဆိုတာ သူကလုပ်တာပါ .. ဘိုးမင်းခေါင်ရဲ့စကားပါ။
ပုပ္ပါးတောင်ကလပ်ကိုပြောတာ .. အဲဒီမှာ ဘိုးမင်းခေါင် ဟာ ဘုရားတည်ပြီးပြည်သူအများကို မုံ့လု့းဆွမ်းတင်ခိုင်းပါတယ်။ တတိုင်းတပြည်လုံးက ဘုရားဖူးတွေလာပြိးဆွမ်းတင်ကြတယ်။ ပလ္လင်ပေါ်က မျောက်လို့ခေါ်တဲ့ ကုလားဖြူတွေ ဆင်းပြေးအောင်လုပ်တာပါ။

အဲဒါတွေက ဓာတ်သဘော ပညတ်သဘောတွေပါ ပါတယ်။ ၀ိဇ္ဖာများဟာ ကိစ္စ အရပ်ရပ် ရှိသေးလို့ အထက်ဘုံတွေကိုမသွားကြပါ။ …ကဲနောက်တော့ဆက်ရေးပါအုံးမယ်
ဓာတ်သဘော ပညတ် သဘောတွေကို ကြုံရင်လဲ ..လက်တွေ့ အနည်းငယ်စမ်းနိုင်အောင် ရေးပြပါအုံးမယ် … အဘဘိုးမင်းခေါင်သမိုင်းလဲနောက်တခါပေါ့။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.