အကိုဝမ်းကွဲရဲ့ ကလေးက ၂ တန်းကျောင်းသားလေး … စာကောင်းကောင်းမလုပ်ချင်ဘူး … စာညံ့တယ်ဘဲဆိုကြပါစို့
လက်ရေးကလည်း ဘလချာ ရမ်းနေတာဘဲလေ … စာကလည်းလုံးဝ မကျက်ချင်ဘူး ….
အဖေက အင်ဂျင်နီယာ .. အမေက တက္ကသိုလ် က ကျူတာ ..ဆိုတော့ … သူတို့ကလေး ဒီလောက်ညံ့နေတာ
ဘယ်အဖြစ်ခံနိုင်ပါ့မလဲ … သူတို့ကိုယ်တိုင်သင်ပေးတယ် … ကလေးကလဲ ..စာရေးခိုင်းရင် စာလုပ်ခိုင်းရင်ငိုပြီ။

အမေက အထူးသဖြင့်လက်သံပြောင်သလားမပြောနဲ့ တံမြက်စီးတွေ့ရင် တံမြက်စီးကျိုးအောင်ရိုက် …
ဝါးခြမ်းပြား ရှိရင် ၀ါးခြမ်းပြားကျိုးအောင်ဆော် … နောက်တော့ ကြိမ်လုံးသေးသေးလေး ၀ယ်ထားပါရော …
ကလေးကလည်း …ဘယ်လိုကျင့်ပေးပေး ..လက်ရေးကို ၀ိုင်းအောင်မရးနိုင်ဘူး ……။

ကျနော်တို့ကလည်းဘေးကနေ ကြာတော့မနေနိုင်တော့ဘူး … ကဲရှိပါစေတော့ အကိုရာ ဒီလောက်ကြီးတော့ရိုက်မနေပါနဲ့တော့ ..
ကလေးခမျာ … စာလုပ်ရအောင်လာဆိုရင် အကြီးအကျယ်တုန်လှုပ်ပြီး … ငိုတော့မငိုဘူး ..အံကြိတ်ထားလေရဲ့ ….

ကလေးမူလတန်းပြီးတော့ ..အကိုတို့မိသားစု ကနေဒါ ကိုအပြီးထွက်သွားကြပါတယ် ….။
ကျနော့သားလဲ ပုံစံတမျိုးပါဘဲ … သူငယ်တန်းတုန်းကပေါ့ … စာေ၇း ရအောင်ဆိုရင် ..ခဏဘဲရေးတယ်
သားလက်ညောင်းပြီတဲ့ … ၀ရိယကိုမရှိပါဘူး …ဒီကနေ့ အပြိုင်အဆိုင်ခေတ်ကြီးမှာမှ ဒီပုံစံနဲ့ဆိုခက်ရချည်ရဲ့

သူများသားသမီးတွေများ …ဘာသာစုံအမှတ်ပြည့် … ဘယ်ရမလဲ ကျနော်တရက်တော့ ကြိမ်ကောင်းကောင်း တချောင်း ၀ယ်လာတယ်
လာေ၇းစမ်း … ခဏဘဲရေးတယ် …ဒီကောင် မျက်ရည်တွေကျလာတယ် …တော်တော် အပျင်းကြီးတဲ့ကောင် … ကောင်းကောင်းဆော်ပေးလိုက်တယ်
ကြိမ်ကိုဖွာထွက်သွားတာဘဲ … သူ့အမေက တော်ပါတော့တော်တဲ့ ..ကလေးဘဲ အချိန်တန်ဖြစ်လာမှာပါတဲ့ … အဲဒီတုန်းက သားကကျနော့နား
မကပ်တော့ဘူးဗျ ။ သူ့ကိုပြန်ချော့ဘို့ ညနေလမ်းလျှောက်ထွက်ကြတော့လည်း …. သိပ်မလျှောက်ရသေးဘူး …သူ့ကိုချီတော့တဲ့ …ကဲ
ကျနော့ကိုတော့ မချီခိုင်းရဲဘူးလေ ..သူ့အမေနားသွားပြီးတိုးတိုးပြောတာ …။

တရက်တော့ ကနေဒါကနေ အကို့ဆီက ဖုံးလာတယ် …။ ဟေ့ကောင် ငါတို့မှားပြီကွတဲ့ … သူ့သားကဟိုမှာလဲ တခြားကလေးတွေလို
စာမလိုက်နိုင်တော့ ပိုဆော်တာပေါ့ … ကလေးက တက်တောင်သွားသတဲ့ …နောက်မှ ဟိုကဆရာများက အကြံပေးလို့ ဆေးစစ်ကြည့်
တော့မှ …ကလေးက ငယ်ငယ်နဲ့ မျက်မှန်လိုနေတာကိုး …မျက်မှန်တတ်ပေးလိုက်မှ ..လှလိုက်တဲ့လက်ရေး …။

ကျနော်လဲ ဟာဒါဆိုငါလဲတခုခုတော့မှားပြီဆိုပြီး ကလေးကို စစ်ကြည့်လိုက်တော့ ..ကျနော့သားမှာ လေးဖက်နာ ရှိနေတာကိုး ..
အဆစ်လေးတွေက ကိုက်တော့စာကောင်းကောင်းမရေးနိုင် ..လမ်းကောင်းကောင်းမလျှောက်နိုင် ….
ဒါကိုမသိဘဲ …မိဘတွေက နင်းကန်ရိုက် … ကလေးဆိုတော့လဲ ဘာပြောတတ်တာမှတ်လို့ … ကျနော် နောင်တရလိုက်တဲ့ဖြစ်ခြင်း …
…………………. မိဘများသင်ခန်းစာယူကြပါ

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.