ကျနော် မနေ့က ထူးထူးဆန်းဆန်း အိပ်မက်မက်ခဲ့ပါတယ်။
ကျနော့်အိပ်မက် မက်တယ်ဆိုရင် မဖြစ်နိုင်တာတွေက တော်တော်များသား
မနေ့ညက အိပ်မက်မက်တာက
ကျနော် တခါမှ မရောက်ဘူးတဲ့ နေရာ တစ်ခုကိုရောက်သွားတယ် ဘေးမှာ ဘယ်သူမှန်းမသိတဲ့ အဖေါ်နှစ်ယောက်ပါတယ် ကျနော်နဲ့ ဆို သုံးယောက်ပေါ့ အားလုံး ယောက်ျားလေးတွေ ကြီးဘဲ
ကျနော်တို့  ကျောပိုးအိတ်ကိုစီနဲ့ ပေါ့
တစ်ယောက်ကပြောသေးတယ် ငါတို့ သွားတဲ့ လမ်းခရီးက ပျော်စရာ ကောင်းတယ်တဲ့
အေးကောင်းတာပေါ့ ဒါဆိုသွားကြရအောင်လေ ဆိုပြီး ကျနော်တို့ ခရီး စထွတ်ခဲ့တယ်
လမ်းလျှောက်သွားကြရတာ  ကျနော် က အလယ်က ရှေ့ မှာ ကတစ်ယောက် နောက်က လိုက်တဲ့သူက တစ်ယောက်ပေါ့
အိပ်မက်ထဲမှာဆိုတော့ ကျနော်က မင်းသားလေ ဟဲဟဲ
ရှေ့ဆုံးကတစ်ယောက်က လှမ်းပြောသည် အရှေ့မှာ အခြေအနေ မကောင်းဘူး ၀တ် နေကြ
ကျနော်တို့ သုံးယောက်လုံး မြေကြီးမှာ ပြားပြားဝတ် နေကြသည်။
စစ်မြေပြင်ထဲ ရောက်နေသလိုဘဲ အသံတွေက လဲ ဆူဆူညံညံ ဘေးမှာလဲ ရှုပ်ရှက်ခက်လို့
ကျနော်တို့ လဲ ကြောက်ကြောက်နဲ့ ရှေ့ဆက်သွားကြတယ်
ကျနော်သတိရလို့ စစ်မြေပြင်နဲ့ တူတဲ့ မြင်ကွင်းကို လှမ်း ကြည့်လိုက်သည် အားလုံးက ပစ်ခက်နေလိုက်ကြတာ မပြောပါနဲ့ တော့
ကျနော် ကြည့်နေတုန်း ကျနော်ကို သေနက်မှန်သွားတယ်
ဘယ်သူကပစ်လိုက်တာလဲ တော့ မသိဘူး
အင်္ကျီကို ရဲသွားတာဘဲ ကျနော်လဲ ကျဆုံးပြီလို့ ထင်နေတာ သတိထားကြည့်လိုက်တော့ ဟာ ငါမသေသေးဘူး
ဒါနဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တောဲ့ သူတို့တွေပစ်နေကြတာ ရေသေနက်တွေနဲ့ ဖြစ်နေတယ်
ကျနော်ကို မှန်သွားတာ အနီရောင် ဆေးရေတွေထည့်ထားတဲ့ ရေသေနက်တွေဖြစ်နေတယ်
ကျနော်လဲ ပြန်ထပြီး ရှေ့ ခရီး ဆက်ကြတယ်
ကျောက်ဆောင် ကြီးတွေ လေပေါ်ပျံ နေတာတွေ့လိုက်ရတယ် အေဗာတာ ရုပ်ရှင်ထဲ ကလိုပေါ့ အတော်သာယာသည်။
ကျနော်တို့ သုံးယောက်သာ အပေါ်ကို ငေးရင်းနဲ့  လမ်းဆက်လျှောက်လာကြသည်။ ဒီအချိန်တွင် ငှက်တစ်ကောင်က အရှေ့ကဖြတ်ပျံသွားသည်။
ကျနော်လဲ ငှက်နောက်ကိုလိုက်ကြည့်လိုက်တော့ ကျနော်ပါ လေပေါ် ရောက်နေမှန်းသိလိုက်ရသည်။
သိသိချင်ဘဲ ကျနော် အောက်ကို ပြုတ်ကျသလို ခံစားရသည်။ အဲဒီမှာ ဘဲ ကျနော်လန့်နိုးလာခဲ့တာဘဲ။
ကျနော်က အဲ ဒီလို ပေါက်ကရ အိပ်မက်တွေ မက်တတ်တယ်။    ကျနော် အိပ်မက်တွေက အိပ်ယာနိုးလာတဲ့အခါ  ပြန်တွေးကြည့်လိုက်ရင် ရီရတယ်။
အရင်တခါအိပ်မက်တုန်းက ဆို ကျနော်က လူသေးသေးလေးဖြစ်သွားတာတဲ့ ခေတ်တွေနောက်ပြန်သွားပြီး လူသေးသေးလေး တွေနေတဲ့ လူရိုင်းတိုင်းပြည်ကိုကျနော်ရောက်သွားတယ်
လူရိုင်းလေးတွေက ကျနော်ကို ဖမ်းသွားကြတယ် ပြီးတော့ သူတို့ အကြီးအကဲ လို့ ထင်ရတဲ့ သူနဲ့ ကျနော်ကို တွေ့ ပေးတယ်
အဲဒီလူက ကျနော်ရှေ့ မှာ မျိုးစုံလုပ်ပြတယ် ကင်းမှီးကောက်ထောင်လိုက် ကျွမ်းထိုးပြလိုက်နဲ့ ပြီးတော့ ကျနော်ကို သူ့ နေရာခေါ်ပြီး သူလုပ်သလိုတွေ ကျနော်ကို လုပ်ခိုင်းတယ် ကျနော်လဲ ဘယ်ရမလဲ အန်တာဂရောင်း တွေ ဘာတွေ က ပြလိုက်တာပေါ့
အပြင်မှာတော့ မက တတ်ဘူးနော် အိပ်မက်ထဲ မှာ ကျတော့ စုံနေအောင် ကပြလိုက်တယ်။
လူရိုင်းသေးသေးလေးတွေက ကျနော်ကို သဘောကျသွားပြီး သူတို့ တိုင်းပြည်မှာ ကျနော်ကို ဘုရင် မြှောက်တယ်။

About ရွှေ မင်း သား

kyansitthar101 has written 69 post in this Website..