သေပြီးတဲ့ … နောက်

သေရွာပြန်တာတို့ဘာတို့ ကျတော့ စာအုပ်ရှိတယ် အဖန် ၅၀၅ ကျတော့ ဖြစ်ရပ်မှန်မရှိသေးဘူးနော် … သမီး ကြားဖူးတာက သေသွားလို့ရှိရင် လမ်းတစ်ဝက်မှာ မေးပြီးမှ နတ်ပြည်ဆို နတ်ပြည် ငရဲပြည်ဆိုငရဲပြည်ပို့တယ် ။။ နောက် ရုပ်ရှင်မှာကျတော့ သေသွားတာနဲ့ ငရဲပြည်ရောက်ပြီး ငရဲမင်းက ဆုံးဖြတ်ပြီး နတ်ပြည်သွားသင့်တဲ့သူက သွားပေါ့ အဲ့လိုမျိုး တန်းစီပြီး ဖြေရတယ် … တစ်ချို့ပြောတာတော့ ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာကို ငရဲမင်းက မှတ်ထားပြီးသား သေသွားတာနဲ့ နတ်ပြည်တန်းရောက် ငရဲပြည်တန်းရောက်တာတဲ့ … ပြီးတော့ ကတို့ခပေးရတယ်ဆိုတာတစ်ကယ်လား … သရဲဆိုတာ ဘာလို့ဖြစ်တာလဲ … စိတ်စွဲလမ်းရဖြစ်တတ်တယ်ဆိုတာရော တစ်ကယ်လား … သေသွားပြီးတစ်ပတ်ကြာရင် အိမ်ထဲဝင်လို့မရတော့ဘူးလို့ပြောသံကြားဖူးတယ် … ဘာလို့ တစ်ချို့အိမ်မှာ သရဲခြောက်တာလဲ … သရဲတွေက အမျှလိုချင်လို့ခြောက်တာတဲ့ … ဇာတ်ကားတွေမှာကျတော့ သရဲက လိုက်သတ်တာရှိရင် သရဲကိုက်ထည့်လိုက်ရင် ကိုယ်ကပါသရဲဖြစ်သွားရောလေ … အဲ့ဒါမျိုးလား … တိတိကျကျ သိသူမရှိဘူးနဲ့တူတယ် … ဘာလို့လည်းဆိုတော့ သမီးမှ မသိတာကိုး … သိတဲ့သူရှိရင်ပြောပြပေးနော် … သမီးရေးထားတာကို နားလည်မယ်လို့တော့ထင်တာကဲ ဟီးဟီး .. နည်းနည်းတော့ ရှုပ်တယ်နော် …  ရေးထားတာကလေ

About မမလေး

has written 129 post in this Website..