ယူအီးအက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရောက်ရှိနေသော လီဗာပူးလ်အသင်း ပရိသတ်အချို့ကို နာပိုလီ အသင်းပရိသတ်အချို့က တိုက်ခိုက်ခဲ့ရာ အချို့မှာ ဓါးထိုးခံရပြီး ဆေးရုံသို့ တင်ပို့လိုက်ရသည်။

လီဗာပူးလ်မြို့မှ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသားကြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အတော်လေးပြင်းထန် ပြီး အသက် ၂၇ နှစ်ရှိ လူရွယ်တစ်ဦးမှာ ၀မ်းဗိုက်နှင့် ပေါင်အထက်ပိုင်းတို့၌ ဓါးဖြင့် ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့သည်။

Violent: Italian police clashed with Serbia fans earlier this month during the country's international match in Genoa


“အခုလက်ရှိအချိန်အထိ အမျိုးမျိုးသောပြဿနာတွေ ဖြစ်ပွါးနေပါတယ်။ လူသုံးယောက်လဲ ဓါးနဲ့ အထိုးခံ ထားရပါတယ်။ လီဗာပူးလ် ပရိသတ် ၂ ယောက်က ဆေးရုံပေါ် တင်ထားရပြီး ဘောလုံးပွဲ ကြည့်နိုင်တော့မှာ မဟုတ်ဘူး။ အခြား ပရိသတ်တစ်ယောက်လဲ ဓါးထိုးခံ၇ပါတယ် ဒါပေမယ့် သူက ပွဲသွားချင်စိတ်ကြောင့် ဆေးကုသမှု မခံယူပါဘူး။ နောက်ထပ် ပရိသတ် ၃ ယောက် လောက်လဲ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေပြီးတော့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်” ဟု လီဗာပူးလ် ပရိသတ်များနှင့် ပါသွားခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

About smytu1996

soe tun has written 142 post in this Website..

i just wanna share my knowledge via web.