ဇင်ပုံပြင်များ (၁) by nyilinseck

Zen ဘာသာမှာ ဒီလို ပုံတိုပတ်စ လေးတွေကို Koan လို့ခေါှကြတယ်။ ဟိုတစ်နေ့က ဒေါက်တာသင်းသင်းရဲ့ ဇင်စာအုပ်လေးကို ဆရာတစ်ယောက်က လက်ဆောင်ပေးလို့ ကျွန်တောှ ဖတ်မိပြီး အဲဒီလို ကို့အာန် လေးတွေကို သဘောကျမိတာနဲ့ လိုက်ရှာဖတ်ဖြစ်ပါတယ်။ အောက်ကဟာတွေကတော့ ashidakim က ကျွန်တောှ နှစ်သက်တဲ့ တချို့ကို ဘာသာပြန်ထားတာပါ။

ရေနွေးခွက်

တစ်ခါတုန်းက ဂျပန်နိုင်ငံရဲ့ မီဂျီခေတ်မှာ နန်အင်း လို့ခေါှတဲ့ ဇင်ပညာရှိကြီးတစ်ဦး ရှိတယ်။ တစ်နေ့တော့ သူ့ဆီကို တကဿကသိုလ် ပါမောကဿခကြီးတစ်ယောက်က ဇင်အကြောင်း မေးဖို့ ရောက်လာပါသတဲ့။ နန်အင်းဟာ ပါမောကဿခကြီးကို ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ သူဟာ ရေနွေးခွက်ထဲကို ရေနွေးထည့်နေလိုက်တာ လျှံကျနေတာတောင် မရပ်သေးဘဲ ဆက်ထည့်နေတယ်တဲ့။ ဒါကို ပါမောကဿခကြီး မြင်တော့ ရေနွေးတွေခွက်နဲ့အပြည့် ဖြစ်နေပြီ၊ ထပ်လောင်းထည့်လို့ ဘယ်လို ရတော့မလဲ လို့ ပြောလိုက်သတဲ့။ အဲဒီအခါကျမှ နန်အင်းက ပါမောကဿခကြီးလည်း ဒီရေနွေးခွက်လိုပါပဲတဲ့။ ကိုယ့်အယူအဆ ကိုယ့်အမြင်တွေ သက်သက်နဲ့ အပြည့်ဖြစ်နေလေတော့ ဒါတွေကိုမှ အရင် ထုတ်ပယ်မထားရင် ကျွန်တောှ့အနေနဲ့ ဘယ်လိုလုပ် ဇင်အကြောင်းကို ပြောပြရမလဲလို့ ပြန်ပြောလိုက်တော့တယ်။

နာခံခြင်း

ဇင်ပညာရှိကြီး ဘန်ခိရဲ့ ဟောပြောပွဲတိုင်းကို သူ့ရဲ့ တပည့်တွေသာမက၊ အခြား အယုတ် အလတ် အမြတ် မရွေး လာရောက် နားထောင်ကြပါသတဲ့။ သူဟာ ဘယ်တော့မှ ခက်ခဲတဲ့ ကျမ်းစာတွေကို ကိုးကားပြီး ဟောပြောခြင်း မပြုပါဘူး။ သူပြောသမျှဟာ သူ့နှလုံးသားထဲကနေ တိုက်ရိုက်လာပြီး နားထောင်သူတွေရဲ့ နှလုံးသားကို တိုက်ရိုက် စီးကူးစေတာမျိုးပါ။ တစ်ရက်ကျတော့ သူ့ဆီကို နိချိရန် ဘုန်းတောှကြီးတစ်ပါး ရောက်လာပြီး စကားစစ်ထိုးဖို့ ပြုပါသတဲ့။ ဒီမယ် ဇင်ဆရာကြီး ခင်ဗျားကို သိပ်ကြိုက်နေတဲ့ လူတွေကတော့ ခင်ဗျားပြောသမျှ နားထောင်ပြီး လိုက်လုပ်ကြတာပေါ့လေ၊ ဒါပေမယ့် ကျွန်တောှ့လို လူမျိုးကတော့ ခင်ဗျား ပြောသမျှ လက်ခံလိမ့်မယ် မဟုတ်ဘူး။ ဒီတော့ ခင်ဗျား ကျွန်တောှ့ကို ခင်ဗျားစကား နားထောင်လာအောင် လုပ်နိုင်ပါ့မလားလို့ စိန်ခေါှလိုက်တယ်။ အဲဒီအခါ ဘန်ခိက ဟုတ်ပါပြီ ခင်ဗျား ကျွန်တောှ့အနား လာခဲ့ပါ ကျွန်တောှ ပြောပြပါမယ်လို့ ပြန်ဖြေသတဲ့။ ဒါနဲ့ အဲဒီဘုန်းတောှကြီးလည်း လူရှေ့တိုးထွက်ပြီး ဘန်ခိအနားကို သွားလိုက်သတဲ့။ ဘန်ခိက ပြုံးပြီး ကျွန်တောှ့ရဲ့ ဘယ်ဘက်ကို လာပါလို့ ဆိုတော့ သူလည်း ဘယ်ဘက်ကို သွားလိုက်တယ်။ ပြီးတော့မှ မဟုတ်သေးဘူး ခင်ဗျား ညာဘက်ကိုသာ လာရင် ကျွန်တောှတို့ ပိုစကားပြောလို့ ကောင်းမှာပဲလို့ ပြောပြန်တော့ ညာဘက်ကို ပြောင်းလိုက်သတဲ့။ အဲဒီတော့မှ ဘန်ခိက ကဲ ခင်ဗျား မြင်ပြီ မဟုတ်လား၊ ခင်ဗျား အခုပဲ ကျွန်တောှ့စကား နားထောင်နေပြီလေ။ တကယ်တော့ ခင်ဗျားဟာ သိပ်ပြီး ကြင်နာတတ်တဲ့ လူပါပဲ။ အခုတော့ ထိုင်ပြီးသာ ကျွန်တောှပြောသမျှ နားထောင်ပါတော့လို့ ဆိုလိုက်သတဲ့။

သတိပေးချက်

ဆရာတောှတန်ဇန်းဟာ သူကွယ်လွန်ခါနီးကျတော့ ပိုစ့်ကဒ်ခြောက်ဆယ်မှာ စာရေးပြီး တပည့်တွေကို ပို့စေပါသတဲ့။ ပြီးတော့မှ သူကွယ်လွန်သွားခဲ့တယ်။ စာထဲမှာ ရေးထားတာလေးကတော့

ငါဟာ ဒီလောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီ။
ဒါဟာ ငါ့ရဲ့ နောက်ဆုံးသော သတိပေးချက်ပါပဲ။

တန်ဇန်း
ဇူလိုင် ၂၇၊ ၁၈၉၂

မိတ်ဆွေ

ဟိုးရှေးရှေးတုန်းက မိတ်ဆွေနှစ်ယောက် ရှိကြတယ်တဲ့။ တစ်ယောက်က ဗျပ်စောင်းကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်ပြီး နောက်တစ်ယောက်ကတော့ ဂီတသံကို နှလုံးသားနဲ့ နားဆင်တတ်သူပါတဲ့။ တခါတလေများ စောင်းဆရာက တောင်တန်းတွေအကြောင်း သီဆို တီးခတ်လိုက်ရင် နားထောင်တဲ့သူက ငါတို့ရှေ့မှာ တောင်တန်းတွေ မြင်နေရသလိုပဲ လို့ ချီးကျူးတတ်တယ်။ စောင်းဆရာက ရေစီးသံလို ဂီတကို တီးခတ်လိုက်ရင်လည်း ဟော ဟော ဒီမှာ စမ်းချောင်းလေး စီးဆင်းနေတယ်လို့ ပြောတတ်သတဲ့။ ဒီလိုနဲ့ တစ်ရက်မှာ အဲဒီ နှစ်ယောက်ထဲက နားထောင်သူဟာ ကွယ်လွန်သွားတယ်။ စောင်းဆရာဟာ အဲဒီနေ့ကစလို့ သူ့စောင်းကြိုးတွေကို ဖြတ်ပစ်လိုက်ပြီး နောက်တစ်ခါ ဘယ်တော့မှ မတီးခတ်တော့ဘူးတဲ့။

ဒေါသကို ခံယူခြင်း

တခါတုန်းက စားတောှကဲ တစ်ဦးဟာ သူ့ရဲ့ ဇင်ဆရာကြီးတွေ အတွက် ညစာ ပြင်ဆင်ဖို့ရာ နောက်ကျနေပါတယ်။ ဒါနဲ့ သူလည်း ဓားတစ်ချောင်းဆွဲ ပန်းခြံထဲကိုဆင်း တွေ့သမျှ ဟင်းသီးဟင်းရွက် အဖူးအငုံတွေကိုမှ ခူးဆွတ်ပြီး အလျှင်အမြန် ရောနှောချက်ပြုတ်လို့ ညစာကို ပြင်ဆင်ရတယ်။ သူဟာ အလျှင်လိုနေတာမို့ အဲဒီ ဟင်းသီးဟင်းရွက်တွေထဲမှာ မြွေခေါင်းလေးပြတ်ပြီး ပါသွားတာကို မသိလိုက်ဘူး။ ဒီလိုနဲ့ ညစာစားကြတဲ့အခါ ဆရာကြီးရဲ့ တပည့်တွေဟာ သူတို့ သောက်ဖူးသမျှထဲမှ အကောင်းဆုံး စွပ်ပြုတ်လို့ ထင်ရလောက်အောင်ကို အရသာတွေ့ကြတယ်။ ဒါပေမယ့် ဆရာကြီးကတော့ မြွေခေါင်းပြတ်လေးကို မြင်သွားပြီး စားတောှကဲကို ခေါှစေတယ်။ ပြီးတော့ မြွေခေါင်းကို ကိုင်ပြီး ဒါဘာလဲလို့ မေးလိုက်သတဲ့။ အဲဒီအခါ စားတောှကဲက ဟာ အရမ်းကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျား လို့ ပြောပြီး အဲဒီမြွေခေါင်းကို ယူပြီး ချက်ချင်းပဲ ဝါးစားပစ်လိုက်ပါတယ်တဲ့။

တိတ်ဆိတ်ခြင်း

တခါတုန်းက တန်ဒိုင်ဆိုတဲ့ တရားကျောင်း တစ်ခုမှာ သိပ်ရင်းနှီးကြတဲ့ သူငယ်ချင်းလေးယောက် ရှိကြတယ်။ သူတို့ဟာ တစ်ရက်ကျတော့ ငါတို့လေးယောက်စလုံး ရ ရက်တိတိ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေကြဖို့ ကတိပြုကြတယ်။ ဒီလိုနဲ့ ပထမ တစ်နေ့လုံးကိုတော့ သူတို့ အောင်မြင်စွာပဲ ဖြတ်ကျောှနိုင်ခဲ့တယ်။ ဒါပေမယ့် ညအချိန် ရောက်လာတော့ မှန်အိမ်ရဲ့ ဆီဟာ ခမ်းပြီး မီးအားနည်းလာချိန်မှာ သူတို့အထဲက တစ်ယောက်က ဘယ်လိုမှ မနေနိုင်တော့ဘဲ အစေခံ တစ်ယောက်ကို မီးစာတွေ ဖြည့်လိုက်ဦးလို့ စတင် ပြောလိုက်သတဲ့။ အဲဒီအသံကို ကြားလိုက်ရတော့ ဒုတိယတစ်ယောက်ဟာ အံအားသင့်သွားပြီး ငါတို့ စကားမပြောဖို့ အဓိဋဿဌာန်ထားကြတယ် မဟုတ်လားလို့ လှမ်းပြောလိုက်မိတယ်။ အဲဒီမှာတင် တတိယတစ်ယောက်က မင်းတို့နှစ်ကောင် တကယ့် လူမိုက်တွေပဲ ဘာဖြစ်လို့ စကားပြောရတာလဲလို့ မေးလိုက်မိပြန်သတဲ့။ အဲဒီမှာ နောက်ဆုံးတစ်ယောက်က အင်း အားလုံးထဲမှာ ငါတစ်ယောက်ပဲ စကားမပြောတဲ့သူ ကျန်တော့တယ်လို့ အသံထွက်လာပါသတဲ့။

ကျွန်တောှရသော သင်ခန်းစာ
  1. ကိုယ့်ကိုယ်ကိုယ် သိပ်တောှ သိပ်တတ် ထင်နေသူများနဲ့ စကားကို မပြောပါနဲ့ အချိန်ကုန်တယ်။
  2. ရန်သူဟာ ကိုယ်ပြောတာတွေတော့ လိုက်လုပ်ကောင်း လုပ်နေလိမ့်မယ်၊ ကိုယ့်ကိုတော့ ဘယ်တော့မှ အကောင်းပြောလိမ့်မယ် မဟုတ်။
  3. ဒီထက်ပိုပြီး ဘာမှ သတိမပေးနိုင်တော့ဘူး။
  4. ဘက်တူမှ ပေါင်းလို့သင်းလို့ရတယ်။ ကိုယ်ပြောတာ၊ ကိုယ်လုပ်နေတာကို ခံစားနားလည် တတ်သူကိုသာ ပြောပါ။
  5. တပါးသူ ကိုယ့်ကြောင့် ဒေါသထွက်တဲ့အခါ အဲဒီဒေါသကို ကျေကျေနပ်နပ် လျှင်လျှင်မြန်မြန် ခံယူပါ။
  6. တိတ်ဆိတ်ခြင်းဟာ လူတွေ မနေတတ်ဆုံး အရာ။

About zinmyotun

zinmyotun has written 92 post in this Website..