ရွာတရွာမှာ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး တယောက် ရှိတယ်.. သူကို ဘယ်သူမှ စကားနဲ့ကော ကဗျာ စာ အလင်္ကာဖွဲ့တဲ့ နေရာမှာ မမှီနိုင်ကြဘူး။ တကယ်ကောင်းတဲ့ ဟာတွေ ဆိုလည်း အမှားမျိုးစုံ ရှာထောက်တတ်လို့.. တရွာလုံးက လူတွေ အမြင်ကတ်ကြတယ်။ ခံရတာများတော့ ရွာသားများ စုပေါင်းအကြံထုတ်ကြသည်.. ဒီ ကပ္ပိယကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ.. နောက်တော့ အကြံတခု ရသွားပါသည်။ ဒီလိုနဲ့.. ကဗျာ တခုကို ရေးပြီး ကပ္ပိယကြီးကို သွားပြသည်။ ကပ္ပိယကြီး ကဗျာကို ဖတ်ပြီး အချိန် တခုကြာအောင် နဲနဲ စဉ်းစားနေသည်.. ရွာသားများကတော့.. သူတို့ အောင်နိုင်တော့မည်ဟု တွေးပြီး ၀မ်းသာနေကြသည်။
နောက်တော့ ကပ္ပိယကြီး သေချာ စဉ်းစားပြီး ပြောလိုက်ပါသည်.. ကဗျာလေးကတော့ ကောင်းတယ်.. လက်ရေးက တယ်ညံသကိုး..

အမှန်တော့ ရွာသားများက သူတို့ ရေးသမျှ ပြောသမျှ ဘာလုပ်လုပ်.. တခုမဟုတ် တခု ဝေဖန်ပြီး အကြောင်းပြချက်ပေးကာ နိမ့်ချပြောဆိုသည့် အတွက်.. နှစ်ပေါင်းများစွာက ကပ္ပိယကြီး ရေးသော ကဗျာကို တိတ်တိတ်လေး ခိုးယူပြီး.. တခြား စာရွက်နဲ့ ကူးပြရင် ကဗျာကို ဘယ်လိုပြောမလဲ သိချင်လို့ စမ်းသပ်ခြင်းဖြစ်ပါသည်။ အမှားကို မရရအောင် ရှာထုတ်နိုင်တဲ့ ကပ္ပိယကြီးကြောင့် ရွာသားများ.. လာလမ်းအတိုင်းသာ မအီမသာနဲ့ ပြန်ခဲ့ ရပါတော့တယ်။

About ဆူး

has written 398 post in this Website..